NLD ရခိုင် စည်းရုံးရေးတာဝန်ခံ ဘူးသီးတောင်ထောင်ထဲရှိ ကိုဌေးကြွယ်တို့ကို သွားရောက်တွေ့ဆုံ

NLD ရခိုင် စည်းရုံးရေးတာဝန်ခံ ဘူးသီးတောင်ထောင်ထဲရှိ ကိုဌေးကြွယ်တို့ကို သွားရောက်တွေ့ဆုံ
by -
တာကလူး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ရခိုင်ပြည် နယ် စည်းရုံးရေးတာဝန်ခံ ဒေါ်မညိုအေးသည် ဘူးသီးတောင်ထောင်တွင်း အကျဉ်းချခံထားရသည့် ၈၈-မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေး ကြွယ်နှင့် အဲလ်ညို (ခေါ်) ကိုထွန်းညို တို့နှစ်ဦးကို ထောင်ဝင်စာ သွားခဲ့သည်ဟု သတင်း ရရှိသည်။

Buthidaung-Prisonဒေါ်မညိုအေးသည် ယခုအပတ် သောကြာနေ့ နေ့လည် ၃းဝဝ နာရီကျော်အချိန်တွင် စစ်တွေမှ ဘူးသီးတောင် သို့ သင်္ဘောဖြင့် လာရောက်ပြီး အဆိုပါကျောင်းသားနှစ်ဦးကို ထောင်ဝင်စာ လာတွေ့သွားခဲ့ခြင်း ဖြစ်ကြောင်း သူမနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

" ဒေါ်မညိုအေးကို ထောင်အာဏာပိုင်တွေက နာရီဝက် နီးပါးခန့် တွေ့ဆုံခွင့် ပေးပါတယ်။ စားစရာ၊ ဂျာနယ် နှင့် စာအုပ်စာတမ်း အချို့ကိုလည်း ပေးခွင့်ပြုခဲ့ပြုပါတယ်။ ထောင်အမှုထမ်းတွေကလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်" ဟု သူက ပြောသည်။

ကိုဌေးကြွယ်နှင့် ကိုထွန်းညိုတို့ နှစ်ဦးမှာ ကျန်းမာရေးကောင်းကြောင်း နှင့် သူတို့ကို ဘူးသီးတောင်အကျဉ်း ထောင်ထဲတွင် နိုင်ငံရေး အကျဉ်းသားများကို ထားသည့် ဘီကလပ် သီးသန့် အကျဉ်းထောင်တွင် ထားကြောင်း ၄င်းထောင်အမှုထမ်း တစ်ဦးကို ကိုးကားပြီး သူက ပြောသည်။

မျက်မြင်များ၏ အဆိုအရ ဒေါ်မညိုအေး သူတို့အား ထောင်ဝင်စာတွေ့ရန် စစ်တွေမှ ဘူးသီးတောင်သို့ လာရောက်စဉ် အက်စ်ဘီ နှင့် မှုခင်းရဲများ လိုက်ပါ စောင့်ကြည့်မူများ ရှိသော်လည်း တစုံတရာနှောင့်ယှက် မှုများ မရှိခဲ့ကြောင်း သိရသည်။

Most read this week