ရွှေတြိဂံ လောင်းကစားရုံ ကြီးကြပ်ရေးမှူး၏အိမ် ရှောင်တခင်ဝင်ရောက်ရှာဖွေ

ရွှေတြိဂံ လောင်းကစားရုံ ကြီးကြပ်ရေးမှူး၏အိမ် ရှောင်တခင်ဝင်ရောက်ရှာဖွေ
by -
မွေခေါဝ်

ရွှေတြိဂံဒေသအတွင်းရှိ Kings Romans Casino လောင်းကစားရုံ ကြီးကြပ်ရေးမှူး၏အိမ်ကို မြန်မာနှင့် ထိုင်းအာဏာပိုင်တို့ ပူးပေါင်း၍ ယမန်နေ့က ရှောင် တခင်ဝင်ရောက်ရှာ ဖွေခဲ့ကြောင်း နယ်စပ်သတင်း များအရ သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပါမိတ်ရပ် လမ်းသွယ် ၃ ရှိ Kings Romans Casino လောင်းကစားရုံကြီးကြပ် ရေးမှူး ဂျမ်းရတ်ဖာ့ဂျရိန်း ခေါ် ပူနွှတ်(ဦးနှုတ်ခမ်းမွေး)၏အိမ်ကို ဝင်ရောက်ရှာဖွေရာ တရားဥပဒေနှင့် ဆန့်ကျင်သည့် ပစ္စည်းတစ်စုံ တစ်ရာ အာဏာပိုင်တို့ မတွေ့ရှိကြောင်း၊ အာဏာပိုင်များ ဝင်ရောက်ရှာဖွေစဉ် ၎င်းမှာအိမ်၌ရှိ နေကြောင်း အိမ်နီးနားချင်း အမျိုးသမီးတစ်ဦးက ပြောပါသည်။

စက်တင်ဘာ ၂၆ ရက်၌လည်း Kings Romans Casino လောင်းကစားရုံကို တရုတ်နှင့်လောအာဏာပိုင် တို့က ဝင်ရောက် ရှာဖွေရာ မူးယစ်ဆေးမျိုးစုံ ထုတ်ထားသည့် ဂုန်နီအိတ်ပေါင်း ၂၀၊ ထိုင်းဘတ်သန်း ၅၀ ကျော်နှင့် ထိုင်းနိုင်ငံသား ၆ ဦးအား ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် ချလိမ်ယူဘမ်ရုန်း ကတရားဝင်ကြေငြာ ခဲ့သည်။

ထိုထိုင်းနိုင်ငံသား ၆ ဦးအနက် ၃ ဦးမှာ ဂျမ်းရတ်ဖာ့ဂျရိန်း၏ တပည့်များဖြစ်သည်ဟုထိုင်းနယ်စပ်လုံခြုံရေး အရာရှိ များနှင့် နီးစပ်သည့် သျှမ်းအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ပူနွှတ် သည် ယခုနှစ် ဧပြီလ ၄ ရက် မဲခေါင်မြစ်တဝိုက် လှုပ်ရှားနေသော နော်ခမ်းအဖွဲ့က ဖမ်းဆီးခေါ် ဆောင် သွားသည့် လောင်းကစားရုံအလုပ်သမား တရုတ်နိုင်ငံသား ၁၉ ဦးကိုရွေးထုတ်ရာ  တွင်လည်း ကြားလူ အဖြစ် ဆောက်ရွက် ပေးခဲ့ဖူးသဖြင့့် ၎င်းသည်နော်ခမ်းနှင့်ရင်းနှီးဝင် ဆန့်နိုင်သူဟု အများက ယုံကြည်ကြကြောင်း မယ်ဆိုင်မြို့နေ သျှမ်းရပ်မိရပ်ဖ တစ်ဦးက ပြောသည်။

အသက် ၅၈ နှစ်ခန့်ရှိ ဂျမ်းရတ်ဖာ့ဂျရိန်း ခေါ် ပူနွှတ်(ဦးနှုတ်ခမ်းမွေး)သည် မယ်ဆိုင်ဇာတိဖြစ်ပြီး သျှမ်းပြည် အရှေ့ပိုင်း မိုင်းယန်းသူ(သျှမ်းအမျိုးသမီး)နှင့် အိမ်ထောင်ပြုခဲ့သည်။  ၎င်းသည်မယ်ဆိုင်ရှိသျှမ်းတိုင်းရင်း သား အစည်းအရုံး၏ ဥက္ကဋ္ဌလည်းဖြစ်သည်။