တစ်ရက်တည်း ဒုက္ခသည် ၁၃၀ ဦး လို်င်ဇာသို့ ထပ်မံရောက်ရှိ လာ

တစ်ရက်တည်း ဒုက္ခသည် ၁၃၀ ဦး လို်င်ဇာသို့ ထပ်မံရောက်ရှိ လာ
by -
ကချင်သတင်းဌာန

စက်တင်ဘာ ၂၉ တစ်ရက်တည်းတွင် ကချင် လွတ်မြောက်ရေးအဖွဲ့(KIO) ဗဟိုဌာနချုပ် လိုင်ဇာ ဒုက္ခသည်စခန်းသို့ ကချင်စစ်ပြေးဒုက္ခသည် ၁၃၀ ကျော် ထပ်မံရောက်ရှိခဲ့ပြီး ဆက်လက်ရောက်လာ နေဆဲဖြစ်ကြောင်း KIO က ဆိုသည်။

kia-soldier-30sep

ဒုက္ခသည်များသည် ကချင်ပြည်နယ် တောင်ဘက် ဂျာအိန်ယန်ရွာ(Ja Ing Yang)နှင့် ရှဒန်ပါ(Shadan Pa) နယ်မြေထဲမှ ဖြစ်ကြပြီး ကချင်ပြည်နယ် အရှေ့ဘက်တရုတ်နယ်စပ်အနီး KIO မြို့တော် လိုင်ဇာသို့် ထွက်ပြေးလာသည်ဟု ဆိုသည်။

လိုင်ဇာမှ KIO ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဆလန်ကဘာ ဒွဲပီဆာ က“အခုလို ရောက်ရှိ လာသော ဒုက္ခသည်များသည် ဂျာအိန်ယန်နှင့် ရှဒန်ပါ ပတ်ဝန်းကျင်ရှိ ငှက်ပျောခြံ၊ လိမ္မော်ခြံများတွင် အလုပ်လုပ် နေကြသော သူများဖြစ်ပြီး အရင်က သူများထွက်ပြေးလာတဲ့အခါ သူတို့ကစိတ်မာပြီး ကျန်နေတဲ့ လူတွေဖြစ် တယ်။” ဟု ပြောပါသည်။

shadanpaရှဒန်ပါ (Shadan Pa) သည် ကချင်ပြည်နယ်တွင် အကြီးဆုံး တရုတ် အငှား ငှက်ပျောခြံတည် ရှိပြီး လိုင်ဇာမှ အနောက်ဘက် (၁၅) မိုင်အကွာတွင် ရှိသည်။

ထိုနေရာတွင် မိသားစုလို နေထိုင်ပြီး အလုပ်လာလုပ်စားနေတဲ့ ၀ိုင်းမော်၊ ၀ါးရှောင်၊ ၀ါရံ ဘက်မှလာ ရောက်လုပ်ကိုင်နေသော ပြည်သူများ ပိုများကြောင်း ခြံအလုပ်သမားများမှ သိရသည်။

အခုလိုရောက်ရှိလာသော စစ်ပြေးဒုက္ခသည်များကို KIO လိုင်ဇာမြို့ရှိ ဒုက္ခသည်စခန်းများတွင်နေရာချ ပေးနေကြောင်း လိုင်ဇာမှ ဒုက္ခသည် ကူညီရေးအဖွဲ့များ ပြောသည်။

ကြာသမတေးနေ့မှ စ၍ ဂျာအိန်ယန် (Ja Ing Yang)နှင့် ဂျွမ်မော် (Jum Maw) ကြားတွင် မြန်မာအစိုးရ စစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲများဖြစ်နေကြောင်း စစ်ပြေးဒုက္ခသည်များ ပြောသည်။

Most read this week