ကျေးရွာ ၃၀ ကျော်က စစ်ပြေးဒုက္ခသည်များ လုံခြံုရာသို့ မရောက်သေး

ကျေးရွာ ၃၀ ကျော်က စစ်ပြေးဒုက္ခသည်များ လုံခြံုရာသို့ မရောက်သေး
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်းရှိ ကျေးရွာ ၃၀ ကျော်က စစ်ပြေးဒုက္ခသည်များ လုံခြံုရာသို့မရောက်သေးဘဲ ထွက် ပြေးရာလမ်းကြောင်းများတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံလေ့လာသူများ ဆိုသည်။

lahtasammung-majantsinyam-myenn
ထွက်ပြေးလာကြသူများမှာ ကချင်၊ ပလောင်၊ ရှမ်းနှင့် တရုတ် လူမျိုးများဖြစ်ကြသည်ဟု ဆက်ဆိုသည်။

စစ်ပြေးဒုက္ခသည်များသည် စက်တင်ဘာ (၂၄) ရက် က စတင်သည့် မြန်မာအစိုးရတပ်နှင့်ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြားတိုက်ပွဲဖြစ်ပွားရာ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်ထဲမှ ဖြစ်သည်။

ကွတ်ခိုုင်မြို့နယ်အတွင်းမှ KIA တပ်မဟာ (၄) ဒေသအတွင်းရှိ ကျေးရွာပေါင်း ၃၀ ကျော်တွင် ယခုအခါ ရွာသားများ မရှိတော့ကြောင်း ယင်းဒေသမှ KIO အရပ်ဖက်အုပ်ချုပ်ရေးအရာရှိတစ်ဦးပြောသည်။

အိမ်ခြေ ၁၀၀ နှင့် ၆၀၀ ကြားခန့်ရှိ လွယ်ကန်၊ ဇိုင်းအောင်၊ မိုင်ဂျာယန်၊ ဒီမာ၊ ဒတ်နိုင်း၊ ခဖောက်၊ ရှောင်ဟော၊ လုံထန်၊ ဘန်ဖိတ်၊ ခလဲန်ယန် ကျေးရွာကြီးများတွင်လည်း ရွာသားများမရှိတော့ဟု မျက်မြင်သက်သေများက ပြောသည်။

စစ်ပြေးဒုက္ခသည်အများစုသည် လာရှိုး၊ ကွတ်ခိုင်၊ တာမိုးညဲ၊ နမ်အွမ်၊ မုန်ဘော်၊ နမ်ဖတ်ကာနှင့် တရုတ်နယ်စပ်မြို့များဖြစ်သည့် မူဆယ်၊ ပန်ဆိုင်း နှင့် မုန်ဘော် ဒေသများသို့ ရောက်ရှိလာကြသည်ဟု ဒသခံ ဒုက္ခသည် စောင့်ကြည့်လေ့လာသူများ ပြောသည်။

အချို့ဒုက္ခသည်များမှာ ၎င်းတို့ကျေးရွာများမှ ထွက်ခွာခဲ့သည်မှာ ရက်ကြာလာသည်နှင့်အမျှ အစားအစာ ပြတ်လပ်လာကာ တစ်နေ့လျှင် တစ်နပ်သာ စားနိုင်တော့ကြောင်း လေ့လာသူများက ပြောသည်။

ထို့အပြင် တိုက်ပွဲဖြစ်ရာဒေသတွင် စက်တင်ဘာ ၂၈၊ ဗုဒ္ဓဟူးနေ့ကတည်းက မိုးရွာလာဖြင့် ခြေကျင်ခရီးနှင့် စစ်ပြေးဒုက္ခသည်များတွက် ပို၍ဒုက္ခရောက်နေကြောင်း သိရသည်။

လတ်တလော ရာဂဏန်းရှိ ဒုက္ခသည်များအား ကွတ်ခို်င်၊ လာရှိုး၊ နမ်အွမ်၊ နမ်ဖတ်ကာ၊ မုန်ဘော်၊ ပန်ဆိုင်းရှိ ခရစ်ယာန်ဘုရားကျောင်းများက နေရာပေးကာ အကူအညီပေးနေသည်ဟု ဆိုသည်။

ယခုတိုင် အပြည်ပြည်ဆိုင်ရာ/ဒေသတွင်း အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုမျှ ထောင်ချီသည့် ဒုက္ခသည်များအတွက် အကူအညီပေးနိုင်ခြင်းမရှိသေးပါဟု ယင်းဒေသမှ လေ့လာသူများပြောသည််။

စစ်ပြေးဒုက္ခသည် ၂၀၀၀၀ ကျော် မြန်မာအစိုးရ ထိန်းချုပ်ဒေသများနှင့် တရုတ်နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ၎င်းဒေသမှ KIA အရာရှိများပြောသည်။

Most read this week