ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ခေါင်း ဆောင်များနှင့် အစိုးရကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေး ချိန်တွင် “ဝ” အနေဖြင့် ကချင်နှင့်သျှမ်း လက်နက်ကိုင်များ အပေါ် ထိုးစစ်ဆင်နေသည့်ကိစ္စ ထည့် သွင်း ဆွေးနွေး သင့်ကြောင်း တရုတ် နယ်စပ်စစ်ရေး နိုင်ငံရေး လေ့လာသူဦးအောင် ကျော်ဇောက ထောက်ပြပြောဆိုသည်။
လာမည့်အောက်တိုဘာလ ၁ ရက်နေ့တွင် ဝခေါင်းဆောင်များနှင့် အစိုးရကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးရန် ရှိပြီး ဝ ဘက်မှ ဒုဥက္ကဋ္ဌ ၊ ဒုတပ်မှူးချုပ် အပါအဝင် ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
ကချင်နှင့်သျှမ်းလက်နက်ကိုင်များ အပေါ် အစိုးရတပ်များ ထိုးစစ်ဆင်နေသည့် ကိစ္စ ပြောဆိုခြင်း မပြုလျှင် ဝ တပ်ဖွဲ့ သည် မြန်မာ့နိုင်ငံရေးရေစီးကြောင်းနှင့် ကင်းကွာသွားမည်ဟု သူက ဆိုသည်။
“အခု ဆွေးနွေးပွဲမှာ ကချင်တို့ သျှမ်းတို့ကိုထိုးစစ်ဆင်နေတဲ့ကိစ္စ ဝဘက်က့နိုင်ငံရေးအရ ဒီအချက်ကို ထည့်ပြော ဖို့လိုကို လိုမယ် သူ့စီးပွားရေးကိစ္စပဲ ပြောမယ်ဆိုရင် ဝတပ်ဖွဲ့ဟာ မြန်မာပြည် ခငံရေးနဲ့ ကင်းကွာသွားပြီ ” ဟု သူက ဆိုသည်။
ဝ တပ်ဖွဲ့၏ နိုင်င်ငံရေးဆိုသည်မှာ ဝဒေသ ၊ တပ် ၊ ခေါင်းဆောင်နှင့် တရုတ်၏ အကျိုးစီးပွားသာဖြစ်ပြီး အစိုးရမှ ဝတပ်ဖွဲ့အား အခွင့်အရေးပေး၍ တိုင်းရင်းသားနိုင်ငံရေးရေစီကြောင်းအတွင်းမှ ဖဲ့ထုတ်ရန် ကြိုးစားခြင်းဖြစ် ကြောင်း သူက ဆိုသည်။
“ဒီဆွေးနွေးပွဲအစက လက်နက်ကိုင်တွေ ပြည်နယ်အဆင့်နဲ့ဆွေးနွေးပါလို့ မပြောခင်မှာ ဟုန်ပန်းကုမ္ပဏီကို နေပြည် တော် လာဖို့ သိန်းစိန်အစိုးရက ခေါ်တယ် ပေါက်ယူချန်းရဲ့တပည့် အိုက်ဟောကို လွတ်လိုက်တယ် ၁၅ ရက်လောက် ကြာတော့ လေကြောင်းလှိုင်းပြန်ဖွင့်ဖို့ သစ်ပါမစ်လုပ်ခွင့်ပေးမယ်ဆိုတာတို့ ထွက်လာတယ် ပထမအခေါက် ဆွေးနွေး ပွဲပြီးတာနဲ့ ဆန်အိတ်တစ်ထောင်ကျော် ဝနယ်ကို ပို့ပေးလိုက်တယ် ” ဟု ဆိုသည်။
လက်ရှိအစိုးရသည် ဗမာစစ်အုပ်စု၏ ရုပ်သေးအစိုးရသာဖြစ်ပြီး တိုင်းရင်းသားများအပေါ် ထားသည့်သဘော ထား ကိုလည်း သူက ယခုလို ဆက်ပြောသည်။
“အစိုးရရဲ့တိုင်းရင်းသားတွေ အပေါ်မှာ ထားတဲ့ပေါ်လစီဟာ ပြည်နယ်တွေမှာ လူမျိုးကြီးတွေကိုဖိထားပြီး တော့ လူမျိုး ငယ်တွေကို မြှောက်ပေးတဲ့ ပေါ်လစီကျင့်သုံးတယ် ပြဿနာက သက်ဆိုင်ရာ မျိုးချစ်စိတ်ရှိတဲ့ တိုင်းရင်း သားခေါင်း ဆောင် တွေဆိုရင် လက်မခံဘူး သူတို့ နိုင်ငံရေးရေစီးကြောင်းထဲမှာ လုံးဝအပါမခံဘူး ဒီနေ့ဗမာ အစိုးရလုပ်နေတာက အမျိုးသား သွေးစည်းညီညွတ်ရေးကြွေးကြော်ပြီး သွေးခွဲနေတာဖြစ်တယ် ” ဟု ဆိုသည်။
သာရကအားဖြင့် ရွေးကောက်ပွဲဝင်ရန် အားထုတ်ခဲ့သော ကချင်ခေါင်းဆောင် ဒေါက်တာတူးဂျာအား ဘေးပို့ထားပုံ သျှမ်းတိုင်းရင်းသားခေါင်းဆောင်အား ဖမ်းဆီးအကျဉ်းချထားပုံ၄င်းတို့အကြိုက်လိုက်လုပ် သူများကိုသာ သူကောင်းပြု ထား သောလုပ်များမှာ လက်ရှိဗမာအစိုးရမှတိုင်းရင်းသားများအပေါ်ထားရှိ သည့်သဘောထား အစစ်အမှန် ဖြစ်ကြောင်းဆိုသည်။