မြန်မာစစ်ပြေးဒုက္ခသည်များ မ ၀င်နိုင်ရန် တရုတ်ရဲများ နယ်စပ် စောင့်ကြပ်

မြန်မာစစ်ပြေးဒုက္ခသည်များ မ ၀င်နိုင်ရန် တရုတ်ရဲများ နယ်စပ် စောင့်ကြပ်
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာစစ်ပြေးဒုက္ခသည် များ တရုတ်နိုင်ငံထဲ မ ၀င်နိုင်ရန် တရုတ်ရဲများက နယ်စပ်တစ်လျှောက်် စောင့်ကြပ်နေသည်ဟု ဒုက္ခသည်များ ပြောသည်။

uka_photo2
သံလွင်မြစ်အနောက်ဘက်ခြမ်း တရုတ်-မြန်မာနယ်စပ်မြို့များဖြစ်သည့် ဖောင်းဆိုင်၊ မုန်ကိုး၊ ၀မ်ဒင်၊ ပန်ဆိုင်း၊ မူဆယ်၊ နောင်းတောင်နှင့် နမ့်ခမ်းမြို့အထိ တရားဝင် ၀င်/ထွက်ပေါက်များအပြင် တရားမဝင် ခိုးပေါက်များကိုပါ တရုတ်ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်လျက်ရှိသည်ဟု ၎င်းဒေသခံများ ပြောသည်။

ယခင်က နယ်စပ်တစ်လျှောက်နေထိုင်သူများသည် ၎င်းတို့၏ အသေးစား စီးပွားရောင်းဝယ်ရေးအတွက် နိုင်ငံကူးလက်မှတ်မလိုဘဲ  နယ်စပ််ဖြတ်ကျော် သွားလာနေကြသော်လည်း ယခုအခါ ထိုသို့ဖြတ်သန်း၍ မရတော့ကြောင်း ဆက်ဆိုသည်။

တရားဝင် နယ်စပ် ၀င်/ထွက်ပေါက်ရှိသည့် မူဆယ်နှင့် မုန်းကိုမြို့များမှာ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထား သူများကိုသာ ၀င်/ထွက်ခွင့်ပြုနေသည်ဟု ၎င်းဒေသခံများက ပြောသည်။

စက်တင်ဘာ ၂၄ ရက်မှစ၍ မြန်မာအစိုးရတပ်က မူဆယ်နှင့် ကွတ်ခိုင်မြို့နယ် ရှိ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်မဟာ ၄ စစ်အခြေစိုက်စခန်းများအား ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာချိန်တွင် စစ်ဘေး လွတ်ရာဒေသများနှင့် တရုတ်နယ်စပ်ဖက်သို့ စစ်ပြေးဒုက္ခသည်များ ရောက်ရှိလာခြင်းဖြစ်သည်။

တပ်မဟာ ၄ ဒေသမှ ပြည်သူ ၂၀၀၀၀ ကျော် မြန်မာအစိုးရထိန်းချုပ်ဒေသများနှင့် တရုတ်နယ်စပ်သို့ ထွက်ပြေးနိုင်သည်ဟု ၎င်းတပ်မဟာ ၄ မှ KIA အရာရှိတစ်ဦးပြောသည်။

လတ်တလော  မြန်မာအစိုးရထိန်းချုပ်သည့် ရှမ်းပြည်မြောက်ပိုင်းမှ လာရှိုး၊ ကွတ်ခိုင်၊ နမ်ဖတ်ကာ၊ နမ်အွမ်၊ မူဆယ်၊ ကြူကုတ်၊ မုန်ကိုး၊ ဖောင်းဆိုင် မြို့များတွင် စစ်ပြေးဒုက္ခသည် ရာနှင့်ချီ ရောက်ရှိနေကြကာ၎င်းတို့ အား ကချင်ခရစ်ယာန်ဘုရားကျောင်းများက စားဝတ်နေရေး စီစဉ်ပေးနေကြသည်ဟု ယင်းဘုရားကျောင်း များမှ သိရသည်။

တရုတ်နယ်စပ် ပန်ဆိုင်းနှင့် မုန်ကိုးမြို့တွင် မြန်မာပြည်သူ့ရဲတပ်ဖွဲ့ဝင်များက စစ်ပြေးဒုက္ခသည်များကို တရုတ်ဘက်သို့ဝင်ရောက်ခြင်းမရှိရန် တားမြစ်ကာ ယင်းဒေသရှိ ကချင်ခရစ်ယာန်ဘုရားကျောင်းများတွင် သာ နေထိုင်ကြရန် ညွှန်ကြားသည်ဟု ၎င်းဒေသရောက် စစ်ပြေးဒုက္ခသည်များက ပြောသည်။
border-gate-myen
ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ ဌာနချုပ် မုန်ကိုးမြို့၌ စစ်ပြေးဒုက္ခသည်များအား ကိုင်တွယ်စည်းကြပ်ရာတွင် တရုတ်နှင့် မြန်မာအစိုးရ အာဏာပိုင်များက အတူတကွ  ပူးပေါင်းဆောင်ရွက်နေကြသည်ကိုတွေ့ရသည်ဟု တရုတ်နယ်စပ်အာဏာပိုင်များနှင့် နီးစပ်သူများကဆိုသည်။

ထို့အတူ စက်တင်ဘာလ (၂၇) ရက်က မုန်ကိုးနှင့် မျက်နှာချင်းဆိုင်မန်ဟိုင်းမြို့ ဟိုတယ်တစ်ခုတွင် တည်းခိုနေသော သံသယရှိဖွယ် မြန်မာနိုင်ငံသား ၃ ဦးအား တရုတ်အာဏာပိုင်များက ဖမ်းဆီးကာ မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်ဟု ဆက်ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲဖြစ်လာချိန် KIO က တရုတ်အာဏာပိုင်များထံ လူသားချင်းစာနာမှုဖြင့် စစ်ပြေးဒုက္ခသည်များကို လက်ခံပေးရန် တောင်းဆိုခဲ့သော်လည်း တုံ့ပြန်ခြင်းမရှိဟု KIOအရာရှိများပြော သည်။

ဆက်လက်၍ စစ်ပြေးဒုက္ခသည်များ တရုတ်နယ်စပ်ဒေသသို့ ထပ်မံရောက်ရှိလာနေကြသည်ဟုနယ်စပ်တွင် နေထိုင်သူများက ဆိုသည်။

Most read this week