မကြာမီ ကျင်းပမည့် လေးလပတ် အစည်းအဝေး လက်နက်ကိုင်များ သတိရှိသင့်

မကြာမီ ကျင်းပမည့် လေးလပတ် အစည်းအဝေး လက်နက်ကိုင်များ သတိရှိသင့်
by -
သျှမ်းသံတော်ဆင့်

လာမည့် ၂၄ ရက်နေ့တွင် နေပြည်တော်စစ်ရုံးချုပ်၌ တတိယလေးလပတ် စစ်ဆင်ရေးညှိနှိုင်းအစည်း အဝေး ကျင်းပတော့ မည်ဖြစ်ရာ စစ်တိုင်းမှူးများ နေပြည် တော်သို့ စုဝေးရောက်ရှိနေကြောင်း စစ် ဘက်သတင်း ရပ်ကွက်အဆိုအရ သိရသည်။

အဆိုပါ အစည်းအဝေး၌ တိုင်းရင်းသားလက်နက်ကိုင်များအရေး ဆွေးနွေးဖွယ် ရှိပြီး တိုင်းရင်းသားလက်နက် ကိုင်များ ဘက်မှ သတိဖြင့် စောင့်ကြည့်ရမည့် အနေအထားဖြစ်ကြောင်း တရုတ်နယ်စပ် စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဒီလေးလပတ်အစည်းအဝေးမှာ တိုင်းရင်းသားလက်နက်ကိုင်ကိစ္စ ဆွေးနွေးဖို့များတယ် ကချင်ပြည်နယ် အတွင်းမှာ ကေ အိုင်အေကို ထိုးစစ်ဆင်ဖို့ ဆုံးဖြတ်တာတွေလည်း လုပ်နိုင်တယ်” ဟု သူကဆိုသည်။

ယခုတစ်လော အစိုးရ စစ်တပ်မှ KIO ဋ္ဌာနချုပ်လိုင်ဇာမြို့နှင့် မိုင်အနည်းငယ်သာဝေးသည့် နားဖော့တပ် စခန်းသို့ ရိက္ခာနှင့် ခဲယမ်းများ ဖြည့်တင်းနေရာ ထိုးစစ်ဆင်ရန် ပြင်ဆင်မှုအဖြစ် KIA စစ်ဘက် အသိုင်းအဝိုင်းက သုံးသပ်နေကြောင်း သိရ သည်။

အလားတူ သျှမ်းပြည်တပ်မတော် SSA/SSPP ဋ္ဌာနချုပ် ၀မ်ဟိုင်းစခန်းအနီး အစိုးရစစ်တပ် အင်အားများ တိုးချဲ့လာကြောင်း SSA သတင်းရပ်ကွက်ကလည်း ဆိုသည်။

ဦးအောင်ကျော်ဇောက “ လောလောဆယ်သူ့တပ်တွေတော့ ထိုးစစ်ဆင်ဖို့ ထုတ်သုံးနိူင်တဲ့ အနေအထား မတွေ့ရသေးဘူး သာမန်အနေအထားပဲတွေ့ရတယ် ဒီအစည်းအဝေးကလည်း တခြားထူးထူးခြားခြား မရှိပါဘူး ” ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးညှိနိူင်းအစည်းအဝေးကို နှစ်စဉ် ၃ လတစ်ကြိမ် ပုံမှန်ကျင်းပလေ့ရှိပြီးစစ်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေး ဆုံးဖြတ်ကြောင်း သိရသည်။