ယခုလ ၂၀ ရက်နေ့ ည ၁၂ နာရီခန့်က သျှမ်းပြည် (မြောက်ပိုင်း) နမ့်ပေါ့ -လားရိူးလမ်း လုံခြုံရေး တာဝန် ယူ နေ သည့် ခလရ ၆၈ မှ တပ်ကြပ်ကြီး သန်းဝင်း ဦးဆောင်သည့် တပ်စုစခန်းအားSSA/ SSPP က စီးနင်း တိုက်ခိုက် ခဲ့ကြောင်း သိရသည် ။
တိုက်ပွဲဖြစ်ချိန် ၁ နာရီနီးပါး အတွင်း တပ်ကြပ်ကြီး သန်းဝင်း အပါအဝင် ၆ ဦးကျဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း SSA ဘက် မှ MA အမျိုးအစား လက်နက်ငယ် ၃ လက်နှင့် မိုင်း ၃ လုံး သိမ်းဆည်ရမိကြောင်း အဆိုပါ သျှမ်း တပ်မှ အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“SSA ဘက်က စိုင်းကောင်း ဦးဆောင်တဲ့ အင်အား ၂၀ လောက်က နမ့်ပေါ့ - လားရိူးလမ်းပေါ်မှာရှိတဲ့ ခလရ ၆၈ တပ်စု စ ခန်းကို ဝင်တိုက်တာ။ စစ်တပ်နအဖက တပ်ကြပ်ကြီးသန်းဝင်း အပါအဝင် ၆ ဦးသေပြီး ၂ ဦး ဒဏ်ရာ ရတယ်။ 79 လောင်ချာ နဲ့တွဲတဲ့ MA တစ်လက် MA1က ၂ လက် မိုင်း ၃ လုံး သိမ်းမိတယ်” ဟု သူက ဆိုသည် ။
အဆိုပါ တိုက်ပွဲအတွင်း SSA/SSPP တပ်ဖွဲ့မှ ထိခိုက်မှု မရှိဟု ၎င်းအရာရှိက ဆိုသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိပေ ။
လွန်ခဲ့သည့် လပိုင်းက အစိုးရစစ်တပ်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သော SSA ဋ္ဌာနချုပ် မန့်ဟိုင်းဒေသ အတွင်း ယခုအခါ အစိုးရစစ်တပ် အင်အားများ ထပ်မံတိုးချဲ့လာကြောင်း သိရသည် ။