ဧရာဝတီ မြစ်ဆုံရေကာတာ ဆန့်ကျင်ဆန္ဒပြပွဲ မလေးရှားတွင် ပြုလုပ်

ဧရာဝတီ မြစ်ဆုံရေကာတာ ဆန့်ကျင်ဆန္ဒပြပွဲ မလေးရှားတွင် ပြုလုပ်
by -
ကချင်သတင်းဌာန

မြစ်ကြီးနားမြို့ မြောက်ဘက် (၂၇) မိုင်အကွာ ဧရာဝတီမြစ်ဆုံတွင် တရုတ်အစိုးရပိုင် CPI မှ တည်ဆောက်နေ သော ရေကာတာကြီးတစ်ခု၏ ကွန်ပြူတာ တရုပ်ပြပုံ။ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများက ဧရာဝတီ မြစ်ဆုံရေကာတာ ဆန့်ကျင်ဆန္ဒပြပွဲကို ကွာလာလမ်ပူမြို့ မြန်မာသံရုံး ရှေ့တွင် စက်တင်ဘာ ၂၂၊ ယနေ့ မနက်ပိုင်း မိနစ် (၃၀)ကြာပြုလုပ်ခဲ့ သည်။

Myitsone-dam-1

ဆန္ဒပြပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ဇိုမီး အမျိုးသားကွန်ဂရက် (Zomi National Congress) ရခိုင်နှင့် ကချင်အဖွဲ့ (၄) ဖွဲ့မှ လူအင်အား စုစုပေါင်း ၁၀၀ နီးပါး ပါ၀င်ခဲ့ကြောင်း ဆန္ဒပြသူများပြောသည်။

ဆန္ဒပြပွဲတွင် ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံတွင် ရေကာတာကြီး တည်ဆောက်နေခြင်းအား ရပ််တန့်ပေးရန် အပြင် NLD၊ တိုင်းရင်းသားလူမျိုးများကောင်စီ (ENC)နှင့် အစိုးရအဖွဲ့သစ်တို့ သုံးပွင့်ဆိုင် နိင်ငံရေးဆွေးနွေး အဖြေရှာရန်တောင်းဆိုခဲ့သည်ဟု သိရသည်။

ဆန္ဒပြသူများ၏ တောင်းဆိုချက်အား NLD အဖွဲ့ဝင်မှ မြန်မာဘာသာဖြင့် ဖတ်ကြားပြီးအင်္ဂလိပ်ဘာသာဖြင့် ZNC အဖွဲ့ဝင်မှ ဖတ်ခဲ့သည်။

Most read this week