ရေပြင်ပိုင်နက် အငြင်းပွားမူ ဖြေရှင်းနေချိန်တွင် အမေရိကန်နှင့် ဘင်္ဂလားဒေ့ချ် စစ်ရေး လေ့ကျင့့်မူ ပြုလုပ်

ရေပြင်ပိုင်နက် အငြင်းပွားမူ ဖြေရှင်းနေချိန်တွင် အမေရိကန်နှင့် ဘင်္ဂလားဒေ့ချ် စစ်ရေး လေ့ကျင့့်မူ ပြုလုပ်
by -
နိရဥ္စရာ သတင်းဌာန

ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့တွင် မြန်မာနှင့်ဘင်္ဂလာ ဒေချ့် အကြား ရေပြင်ပိုင်နက် အငြင်းပွားမူကိုဖြေ ရှင်းနေချိန်တွင် ဘင်္ဂလား ပင်လယ်အော်တွင် ဘင်္ဂလားဒေချ့်နှင့် အမေရိကန် ရေတပ်တို့ ပူးတွဲ စစ်ရေး လေ့ကျင့်မူ ပြုလုပ်ကြောင်း သတင်းရရှိ သည်။

International-Tribunal-for-the-Law-of-the-Sea--ITLOS
အဆိုပါ စစ်ရေးလေ့ကျင့်မူကို ယမန်နေ့က စတင်ခဲ့ပြီး အမေရိန်ကန် ရေတပ် သင်္ဘော (၄) စီးနှင့် အမေရိကန် တပ်သား ၅၀၀ ခန့် ပါ၀င်ကြောင်း သိရသည်။

အဆိုပါ သင်္ဘောများမှာ တိုက်ချင်းပစ် ဒုံးကျည်ဖျက် သင်္ဘော၊ ဖရီးဂိတ်၊ မိုင်းဖျက် သင်္ဘောနှင့်ကယ်ဆယ် ရေး သင်္ဘောများ ပါ၀င်သည်ဟု သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မူကို Cooperation Afloat Readiness and Training (CARAT) Bangladesh 2011 အမည်ဖြင့် ပြုလုပ်နေပြီး ၈ ရက်ကြာမြင့်မည် ဖြစ်ကြောင်း အမေရိကန် သံရုံးမှ ထုတ်ပြန်သော ကျေညာချက် တွင် ဖေါ်ပြသည်။

အဆိုပါ စစ်ရေး လေ့ကျင့်မူတွင် ပင်လယ်ပြင် ဆိုင်ရာ လုံခြံုရေး စွမ်းဆောင်ရည် မြင့်မားရေး အတွက် သတင်းအချက်အလက် ဖလှယ်ရေး၊ ပင်လယ်ပြင် ပူးတွဲတိုက်ခိုက်ရေး၊ လှည့်လည် စစ်ဆင်ရေးနှင် အမြောက် ပတ်ခတ်နည်း၊ ၎င်းပြင် ပင်လယ်ဓါးပြနှင့် မှောင်ခို နှိမ်နှင်းရေးများကို ပူးတွဲလေ့ကျင့်သွားကြ မည်ဟု သိရသည်။
Carat-Excercise
စစ်ရေးလေ့ကျင့်မူ ဖွင့်ပွဲကို ယမန်နေ့က စစ်တကောင်း ရေတပ်စခန်းရှိ BNS Issa Khan စစ်သင်္ဘောပေါ် တွင် ပြုလုပ်ခဲ့ပြီး ယခု CARAT စစ်ရေး လေ့ကျင့်မူတွင် ဘင်္ဂလားဒေချ့်သည် ပထမဆုံး အကြိမ်ပါ၀င် လာခြင်း ဖြစ်သည်။ အမေရိကန် ရေတပ်မှ ပြုလုပ်နေသာ CARAT စစ်ရေးလေ့ကျင့်မူမှာ ၁၇ နှစ် ကြာမြင့်နေပြီ ဖြစ်ပြီး အဆိုပါ စစ်ရေးလေ့ကျင့်မူကို နိုင်ငံပေါင်း (၇)နိုင်ငံနှင့် ပူးပေါင်း ပြုလုပ်နေခြင်း ဖြစ်သည်။

CARAT စစ်ရေး လေ့ကျင့်မူတွင်ပါ၀င်သော နိုင်ငံများမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဘင်္ဂလာဒေချ့်တို့ ဖြစ်ကြသည်။

ယခုကဲ့သိုု့ ဘင်္ဂလားဒေချ့်နှင့် အမေရိကန်တို့ ဘင်္ဂလာပင်လယ်အော်တွင် စစ်ရေး လေ့ကျင့်မူ ပြုလုပ်နေချိန်တွင် မြန်မာနှင့် ဘင်္ဂလာဒေချ့် နိုင်ငံတို့အကြား ဖြစ်ပွားနေသော ရေပြင်ပိုင်နက် အငြင်းပွားမူကို ကုလ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ပင်လယ်ဥပဒေတရားရုံး (International Tribunal for the Law of the Sea- ITLOS) တွင် ဖြေရှင်းနေသည်။

ပထမအကြိမ် တရားရုံးရှေ့မှောက် ကြားနာစစ်ဆေးမှုများကို ဘင်္ဂလာဒေချ့်အတွက် စက်တင်္ဘာလ ၈မှ ၁၃ ရက်နေ့ အထိ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ကြားနာမှုများကို စတင်္ဘာလ ၁၅ ရက်နေ့က စတင်ခဲ့ပြီး ၁၆ -၁၉- ၂၀ ရက်နေ့ထိ ပြုလုပ်မည် ဖြစ်သည်။

ရေပြင်ပိုင်နက် အငြင်းပွာမူကို ယခုနှစ် ဧပြီလတွင် အဆုံးသတ် ဖြေရှင်းပေးမည် ဖြစ်ကြောင်း သိရသည်။

Most read this week