နတ်မြစ်ကို ဖြတ်ကူးသည့် လှေနစ်၊ လူ ၁၇ ဦးသေဆုံး

နတ်မြစ်ကို ဖြတ်ကူးသည့် လှေနစ်၊ လူ ၁၇ ဦးသေဆုံး
by -
တာကလူး

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်ဒေသရခိုင်ပြည် နယ် မောင်တောမြို့နယ်တွင် ဘင်္ဂလာဒေချ့်သို့ သွားသည့် လှေတစ်စီး နတ်မြစ်ကို ဖြတ်ကူးစဉ် နစ်မြုပ်သွားသဖြင့် ကလေးနှင့် အမျိုးသမီးများ အပါအဝင် စုစုပေါင်း လူ (၁၇) ဦးသေဆုံးသွား ကြောင်း သိရှိရသည်။

အဆိုပါလှေမှာ လွန်ခဲ့သော သောကြာနေ့ ညနေပိုင်း အချိန်တွင် မောင်တောမြို့၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာတွင်ရှိသည့် လဘောဇော ကျေးရွာအုပ်စု ပြင်ဖြူရွာမှ ခရီးသည် ၂၂ ဦးတင်ဆောင်ပြီး ဘင်္ဂလားဒေ့ရှ်သို့ သွားရန် နတ်မြစ်ကို ဖြတ်ကူးချိန်တွင် နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း ဒေသခံကျေးရွာသား တစ်ဦးကပြောသည်။

Naf-riverမြန်မာနှင့် ဘင်္ဂလာဒေချ့့် အကြား ဖြတ်စီးနေသော နတ်မြစ် "လှေက ချောင်းတက် ကနေထွက်ပြီး ဘင်္ဂလားဒေ့ရှ်ကို သွားဖို့ နတ်မြစ်ကို ဖြတ်ကူးတဲ့အချိန်မှာပဲ နစ်မြုပ် သွားတာ ဖြစ်ပြီးတော့ လှေပေါ်မှာ စီနင်းလိုက်ပါလာသူ ၂၂ ဦးထဲကနေ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ၁၇ ဦးရေနစ် သေဆုံးသွားတယ် လို့ သိရပါတယ်။ နတ်မြစ်ကမ်းခြေအနီးနဲ့ မင်္ဂလာကြီးချောင်းအတိုင်း အလောင်းတွေမျှောနေ တာကို ဒီနေ့ထိ တွေ့မြင်ရဆဲ ဖြစ်ပါတယ်" ဟု ၄င်းကျေးရွာသားက ပြောသည်။

သေဆုံးသွားသူများ အားလုံးမှာ မွတ်ဆလင်များ ဖြစ်ကြသည်။

အဆိုပါလှေမှာ နစကမှ နားလည်မှုဖြင့် နယ်စပ်ကူးခွင့် ပြုထားသည့် တရားမဝင် ကူးတို့လှေဖြစ်သည်။ လှေပေါ်တွင် ခရီးသည်များ ပြွတ်သိပ်တင်ဆောင်ထားပြီး ဘင်္ဂလာဒေချ့် ကမ်းခြေစောင့်တပ်ဖွဲ့မှစပိဘုတ် နှင့် တိုက်မိရာမှ နစ်မြုပ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

နတ်မြစ်ဝရှိ ဆင်မဖြူကျွန်းမှ မြန်မာ မွတ်ဆလင် တစ်ဦးက သူကြားသိရသလောက်ကို ယခုလို ပြောသည်။

" ဘင်္ဂလာဒေချ့် ကမ်းခြေစောင့်တပ်ဖွဲ့က တရားးမဝင် လှေဖြစ်တဲ့ အတွက် ရာဘားဆေးပြားတွေ ပါလာတယ်ထင်ပြီး စစ်ဆေးဖို့ လိုက်ပါသွားစဉ်မှာ လှေနဲ့ တိုက်မိပြီး လှေက နစ်သွားတယ်။ ရာသီဥတု ဆိုးဝါးနေပြီး မြစ်ရေစီးက မြန်နေတဲ့ အတွက် ဘယ်လိုမှ မဆယ်နိုင်ဘဲ လူတွေ အကုန်လုံးမျောပါသွားခဲ့ပါ တယ်။ အများစုကတော့ ရေနစ် သေဆုံး သွားခဲ့ပါတယ်" ဟု ပြောသည်။

သို့သော်လည်း သက်ဆိုင်ရာ ဘင်္ဂလာဒေချ့် အာဏာပိုင်များက တစုံတရာ ထုတ်ဖေါ် ပြောကြားခြင်း မရှိသဖြင့် ကမ်းခြေစောင့်တပ်ဖွဲကမှ စပိဘုတ်တိုက်မိ၍ လှေနစ်သွားသည်ဟု ပြောဆိုခြင်း အပေါ်နိရဥ္စရာ က အတည်ပြု ပြောကြားနိုင်ခြင်း မရှိပါ။

ယမန်နေ့က ရှင်ဖြူကျွန်းခေါ် စဖိုလောင်ဒီ ဖေါင်တောတွင် ခုနှစ်သားအရွယ်ကလေး တစ်ဦး အလောင်းကို တွေ့ခဲ့ရပြီး ရဲက ဆယ်ယူကာ တက်ကနက်သိုု့ ပို့လိုက်ကြောင်းနှင့် တက်ကနက် မြို့နယ် မီစတရီ ခေါ် လက်သမား ကျေးရွာတွင် အမျိုးသမီး အလောင်းတစ်လောင်းကို တွေ့ရှိခဲ့သည်ဟု သူက ပြောသည်။

မြန်မာဘက်တွင်လည်း အလောင်းနှစ်လောင်းကို ဆယ်ယူရရှိခဲ့ပြီး မြန်မာ နယ်စပ် အာဏာပိုင်များက သက်ဆိုင်ရာ မိသားစုများထံ လွဲပေးလိုက်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

" ဆယ်ယူရရှိတဲ့ အလောင်း နှစ်လောင်းထဲက တစ်လောင်းဟာ မောင်တောမြို့နယ် ရွှေဇားအုပ်စုကပ်ပ ကောင်း ဖြစ်တဲ့ အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်ခေါင်းတွေက တဆင့်မိသားစု တွေကို လွဲပေးလိုက်ပြီး ကျန်တဲ့ တစ်လောင်းကတော့ ဘူးသီးတောင်က ဖြစ်ပါတယ်" ဟု သူက ပြောသည်။

သေဆုံးသွားသူများ၏ အလောင်းများမှာ နတ်မြစ်အတွင်း မျောနေပြီး တချို့ အလောင်းများမှာ ကျားပါးစပ်များတွင် ကပ်ငြိနေသည်ဟု သိရသည်။

နယ်စပ်သတင်းရပ်ကွက်များ၏ အဆိုအရ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား နတ်မြစ်ကိုဖြတ်ပြီး နယ်စပ်ကို တရားမဝင်ဖြတ်ကူးနေသည့် လောင်းလှေများမှာ စက်မဲ့ လက်ဖြင့် လှော်ခတ် နေသော လှေငယ်များဖြစ်ပြီး၊ နှစ်စဉ်နှစ်တိုင်း ဆိုသလို ရာသီဥတုဆိုးဝါးသည့် မိုးရာသီအတွင် အဆိုပါလှေများ နစ်မြုပ်ကာ ခရီးသည်များ ရေနစ်သေဆုံးမှုများ ရှိနေကြောင်း သိရသည်။

လှေနစ်သေဆုံးသွားသူ အလောင်းများမှာ ယခုအချိန်အထိ နတ်မြစ်ကမ်းခြေနှင့် ချောင်းတက်များအကြား မျောဝင်နေပြီး၊ သက်ဆိုင်ရာအာဏာပိုင်များမှ ဆယ်ယူကာ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးမှုများမရှိသေး ကြောင်း အဆိုပါ ကျေးရွာသားက ပြောသည်။

Most read this week