ရိုးရာဓလေ့ ထိန်းသိမ်းစေမည့် ဒီးကူ ပွဲတော်

ရိုးရာဓလေ့ ထိန်းသိမ်းစေမည့် ဒီးကူ ပွဲတော်
by -
ဆယ်ဒူ

ကယားမျိုးနွယ်စု တိုင်းရင်းသားတွေ နှစ်စဉ်နှစ်တိုင်း ကျေးရွာအလိုက် ကျင်းပလေ့ရှိတဲ့ ဒီးကူပွဲ(ခေါ်)အဲဒိုပွဲကို စုပေါင်းပွဲတော်အနေနဲ့ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ မြို့တော်ခန်းမဆောင်မှာကျင်းပကြ ပါတယ်။

ဒီးကူပွဲတော်ဟာ ကယားမျိုးနွယ်စုတွေက ပွဲတော်ကျင်းပလာခဲ့ကြတဲ့ အစဉ်အလာတခု လို့ဆိုပေမဲ့ အခုနောက်ပိုင်းမှာတွေမှာ ရိုးရာကို လိုက်စားတဲ့ကယားလူမျိုးစု တချို့ကပဲ ပြုလုပ်ကြပါတယ်။ ဘာသာတရားရဲ့ တားမြစ်ချက်တွေကြောင့် ပြည်တွင်းရှိ တချို့ကယားလူမျိုးတွေဟာ ဒီးကူပွဲတော်ကို မလုပ်ဖြစ်ခဲ့ကြပါဘူး။

ယခုလ (၁၀)ရက်နေ့မှာ တွေ့နေရတဲ့ စုပေါင်းပွဲတော်မှာတော့ မိရိုးဖလာစဉ်ဆက်ကတည်းက ရိုးရာလိုက်စားပြီး လုပ်လာခဲ့တဲ့ လူငယ်တွေပါကြသလို ဘာသာတရားကြောင့် ရိုးရာအစဉ်အလာ မလုပ်ခဲ့ကြတဲ့ လူငယ်တွေလည်း ပါ၀င်ကြတာကို တွေ့ရပါတယ်။ ဒီပွဲတော်ကို ဒီလူငယ်တွေကနေ ပူးပေါင်းကြပြီး ဦးဆောင်ကျင်းပနေကြတာဖြစ်ပါတယ်။

တိုင်းရင်းသားရေးရာဝန်ကြီးက ပွဲတော်အခန်းအနားတွင် မိန့်ခွန်းပြောကြာနေစဉ်
တိုင်းရင်းသားရေးရာဝန်ကြီးက ပွဲတော်အခန်းအနားတွင် မိန့်ခွန်းပြောကြာနေစဉ်

လူငယ်အများစုဟာ ဒီးကူပွဲဓလေ့ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက် ပြုလုပ်ပုံ အဆင့်ဆင့်ကို မသိကြပါဘူး။ ယခုပွဲတော်မှာ လူငယ်တွေက ဒီးကူပွဲတော်ရဲ့ လုပ်ထုံးလုပ်နည်းတွေ ဓလေ့တွေ ရည်ရွယ်ချက်တွေ သမိုင်းတွေကို သေသေချာချာ လေ့လာစုစည်းကြပြီး အစီအစဉ်တကျ ပြသခြင်းပြုလုပ်ခဲ့ရခြင်းကြောင့် ယခုမှပင် ပိုမိုသိရှိလာခဲ့ကြတာဖြစ်ပါတယ်။

တသက်နဲ့တကိုယ် ဒီးကူပွဲမလုပ်ခဲ့ဖူးပဲ ယခုပွဲတော်မှ ဒီးကူပွဲအကြောင်းနှင့် ပတ်သက်ပြီး ပွဲတော် အခမ်းအနားတွင် တင်ဆက် ပြသရာ၌ သရုပ်ဆောင်ပါ၀င်ခဲ့သူ ကယားအမျိုးသား လူငယ်တဦးက “ကျနော်တို့ ဖိုးဖွားတွေတုန်းက အယူသည်းခဲ့ကြတယ်။ လုံးဝမလုပ်ခိုင်းဘူး။ အဲဒီလိုနဲ့ပဲ ဘာမှ မလုပ်တော့ ဘာမှ မသိဘူးပေါ့။ အမှန်တော့ ဒီးကူရဲ့ သမိုင်းကြောင်းဟာ ကျနော်တို့အတွက် သင်ခန်းစာယူစရာတွေ၊ အတုယူစရာတွေ အများကြီးရှိတယ်။ ဓလေ့ဟာဓလေ့ပဲ ဘာပဲဖြစ်ဖြစ် တန်းဖိုးထားရပါမယ်” လို့ ပြောပါတယ်။

ကိုယ့်ရေ၊ ကိုယ့်မြေမှာ နေပြီး ကိုယ့်လူမျိုးတွေရဲ့ ရိုးရာတွေနဲ့ ဓလေ့ကို ပြန်မလုပ်ခဲ့ကြလို့လည်း ဒီလို ဒီးကူပွဲတော်အကြောင်းကို လေ့လာသိရှိခွင့် နည်းခဲ့ကြတာပါ။

အစဉ်အလာတွေနဲ့ သမိုင်းတွေကို ပြန်ပြီး လေ့လာခွင့်၊ သိရှိခွင့် မရှိခဲ့ကြတာကို ထိုင်း၊ မြန်မာနယ်စပ်မှာ ရှိတဲ့အဖိုးဦးမီရယ်အောင်မြတ်က အခုလိုပြောပါတယ်။

“သာသနာပြုတဲ့ သာသနာဆရာတွေ ဘုန်းကြီးတွေကြောင့် ဒီလိုဖြစ်ကုန်တာ။ သူတို့ကနေပြီး ဒါတွေကို ဆက်မလုပ်ဖို့ တားမြစ်ခဲ့တယ်။ ပိတ်ပင်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ မြို့ပေါ်ကလူငယ်တွေကော လေ့လာမှုမရှိတဲ့သူတွေကော အားလုံးဟာ ကိုယ့်ရိုးရာအကြောင်းနဲ့ပတ်သက်ရင် လူအ တွေဖြစ်ကုန်တာပေါ့။”

မိမိရိုးရာ အစဉ်အလာတွေကို မိမ်ိတို့မှ မထိန်းသိမ်းရင် မည်သူမျှလာပြီးထိန်းသိမ်းပေးနိုင်မည် မဟုတ်ကြောင်း ဆက်ပြောပါတယ်။

ဒီလို နတ်တင်တာတွေ၊ ပူဇော်ပသတာတွေ၊ ရိုးရာတွေကို မလုပ်ဖို့ ဘာသာတရားနဲ့ အဆုံးအမသြဝါဒတွေ၊ ကျမ်းစာတွေထဲမှာ ပါတဲ့အတွက်ကြောင့် ဘုန်းကြီးတွေ သာသနာဆရာတွေကနေပြီးတားမြစ်ခဲ့ခြင်းဖြစ် တယ်လို့ အသက် ခြောက်ဆယ်ကျော် အရွယ်ရှိတဲ့ သာသနာဆရာတော် တဦးက ပြောပါတယ်။

deeku_deemawso2011c
အခုခေတ် ပညာတတ်လူငယ်အများစုတွေကတော့ အမှန်တကယ် မိမိတို့ရှိနေတဲ့ ဓလေ့တွေကို ဘာသာတရားနဲ့ လူမျိုးမခွဲခြားပဲ အသိအမှတ်ပြု ထိန်းသိမ်းလိုကြပါတယ်။ 

ဒါကြောင့်လူငယ်တွေ၊ လူကြီးတွေ ရပ်ဝေးမှ လာရောက်ပြီး တာဝန်ထမ်းဆောင်တဲ့ ဌာနဆိုင်ရာလူကြီး တွေအားလုံး သိရှိနားလည်ပြီး တန်ဖိုးထားစေဖို့ ဒီးကူပွဲတော်ရဲ့ လုပ်ငန်းအဆင့်ဆင့်ပြုလုပ်ပုံတွေကို အခမ်းအနားအစီအစဉ်မှာ သရုပ်ဖော်ကပြတာတွေ၊ ပြဇာတ်တွေ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီမှာ ပြသတဲ့ ဒီးကူပွဲရဲ့ သမိုင်းဖြစ်စဉ်တွေကို အခမ်းအနား တက်ရောက်အားပေးခဲ့တဲ့ပြည်နယ်ဝန်ကြီး တွေက အသိအမှတ်ပြုပေးခဲ့ပါတယ်။

“ဖိုးဒီးကရီးနတ်ရုပ်ရဲ့ တန်းခိုးနဲ့ ကျူးကျော်ရန်စသူတွေ၊ မကောင်းဆိုးဝါး မောင်းထုတ်တာတွေကို တိုင်းရင်းသားအားလုံးက တညီတညွတ်တည်းနဲ့ တိုက်ခိုက်မောင်း ထုတ်ခဲ့ကြတယ်။ မိသားစု စိတ်ဓတ်တွေလိုရှိခဲ့ကြတယ်။ ဒီလို တန်ဖိုးရှိတဲ့ အစဉ်အလာ အမွေအနှစ်တွေကို ထိန်းသိမ်းတာ မင်္ဂလာတပါးပဲဖြစ်တယ်” လို့ တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစိန်ဦးက ပြောပါတယ်။

အဲဒီပွဲတော်ကို ဒီးမော့ဆိုမြို့နယ်အတွင်းရှိကျေးရွာအသီးသီးက လူငယ်ယဉ်ကျေးမှုအဖွဲ့တွေ၊ကိုယ်စား လှယ် တွေ၊ လူငယ်ခေါင်းဆောင်တွေ၊ ဌာနဆိုင်ရာဦးစီးအရာရှိတွေ၊ ၀န်ကြီးတွေ၊ ပြည်နယ် လွတ်တော် အဖွဲ့တွေ၊ ငြိမ်းချမ်းရေးယူခဲ့ကြတဲ့ အဖွဲ့ခေါင်းဆောင်တွေ၊ ကေ့ထျိုးဘိုးရိုးရာဂေါပကအဖွဲ့ခေါင်းဆောင် တွေ၊ အမျိုးသမီးအဖွဲ့ခေါင်းဆောင်တွေနဲ့ INGOs NGOs ကဝန်ထမ်းတွေကတက်ရောက်အားပေးခဲ့ကြ ပါတယ်။

၀န်ကြီးများနှင့် ဧည့်သည်တော်များ ရိုးရာအစားအစာသုံးဆောင်နေကြစဉ်
ဒီးမော့ဆိုမြို့မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး တပြည်နယ်လုံးအတိုင်းအတာတော့ ဒုတိယအကြိမ်မြောက်ဖြစ် ပါတယ်။  အစဉ်အဆက်မပြတ် ဆက်လက် ကျင်းပသွားဖို့ လူငယ်တွေက ရည်ရွယ်ထားကြပါတယ်။

ယခုလို စုပေါင်းပွဲတော်ကျင်းပပေးခဲ့ကြတဲ့ လူငယ်တွေရဲ့စိတ်ထဲမှာကတော့  အဲဒိုပေါ်မီခေါ် ရိုးရာဒီးကူ ပွဲတော်ရဲ့ အနှစ်သာရနဲ့ အစဉ်အလာတန်ဖိုးထားမှုတွေ ရင်ထဲမှာ