ကချင်သတင်းဌာန ၀ဘ်ဆိုဒ် တိုက်ခိုက်ခံရ

ကချင်သတင်းဌာန ၀ဘ်ဆိုဒ် တိုက်ခိုက်ခံရ
by -
ကချင်သတင်းဌာန

ပြည်ပအခြေစိုက် မြန်မာသတင်းဌာနတစ်ခုဖြစ် သည့် ကချင်သတင်းဌာန၏ www.kachinnews.com ၀ဘ်ဆိုဒ်မှာ တိုက်ခိုက်ခံရမှုကြောင့် စက်တင်ဘာလ ၁၄ ရက် ဗုဒ္ဓဟူးနေ့မှစတင်ကာ ကြည့်ရှုလို့ မရတော့ပေ။

KNG-site

သတင်းသိုမှီးထားရာ ပင်မ ၀န်ဆောင်မှုပေးသည့် server မှ ပေးပို့သည့် အချက်အလက်အရ ယခု သတင်းဝဘ်ဆိုဒ် တိုက်ခိုက်ခံရသည့်ပုံစံမှာ Denial-of-Service (DoS) ဖြစ်သည်ဟု စက်တင်ဘာ ၁၃ ရက်တွင် သိရသည်။

မြန်မာနိုင်ငံပြင်ပမှ ကချင်သတင်းကို အဓိက ဦးစားပေးသည့် www.kachinnews.com သည် အင်္ဂလိပ်၊ မြန်မာနှင့် ကချင် (၃) ဘာသာဖြင့် သတင်းများ ရေးသားဖော်ပြနေသည်။

ယခင်က ပြည်တွင်းတွင် ကချင်သတင်းဌာန ၀ဘ်ဆိုဒ်ကို ကြည့်ရှုနိုင်သော်လည်း ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း ၎င်းဆိုဒ်သို့ ၀င်ရောက်ခြင်းမပြုနိုင်ရန် ယခုချိန်ထိ ပိတ်ပင်ခြင်းခံရ ဆဲဖြစ်သည်။

၂၀၁၀ ခုနှစ်တွင် ပြည်ပ မြန်မာသတင်းဌာနများဖြစ်သည့် ဧရာဝတီ (www.irrawaddy.org)၊ မိဇ္ဈိမသတင်းဌာန (www.mizzima.com) နှင့် ဒီမိုကရက်တစ်မြန်မာ့အသံ (www.burmese.dvb.no) စသည့် သတင်းဝဘ်ဆိုဒ်များ ယခုကဲ့သို့ DDoS စနစ်ဖြင့့်တိုက်ခိုက်ခံရသည်ဟု Committee to Protect Journalists (CPJ) အရ သိရ သည်။

Most read this week