တောင်ကိုဖြိုပြီး သဲကျောက်ထုတ်လုပ်မူကြောင့် ကျောက်ဖြူတွင် စေတီတဆူ ပြိုပျက်တော့မည်

တောင်ကိုဖြိုပြီး သဲကျောက်ထုတ်လုပ်မူကြောင့် ကျောက်ဖြူတွင် စေတီတဆူ ပြိုပျက်တော့မည်
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင်ကျေးရွာသား များ တည်ထားကိုးကွယ်နေသော စေတီတော် တဆူ တည်ရှိရာ တောင်အား သက်ဆိုင်ရာဌာန ဆိုင်ရာ အဖွဲ့အစည်း တခုကသဲကျောက်များ ထုုတ်လုပ်နေ သဖြင့် စေတီတော်မှာ များမကြာမှီ ပြိုကျပျက်စီးသွား နိုင်ကြောင်း ဒေသခံများကပေးပို့ သော သတင်းတွင် ဖေါ်ပြသည်။

Taung-Rin-Villageအဆိုပါ သတင်းအား လက်ခံံရရှိပြီးနောက် နိရဥ္စရာမှ ဆက်သွယ်မေးမြန်းရာ ဒေသခံ လူကြီး တစ်ဦးက ယခုလို ပြောကြားသည်။

" ဟုတ်ပါတယ်။ တူးနေတာက ဆည်မြောင်းးဦးစီးဌာနက တူးယူ လုပ်ကိုင်နေတာပါ။ သူတို့ကတူးယူပြီး တော့ ကျောက်တွေကို ရောင်းစားနေသလို အများစု ကျောက်တွေကိုတော့ လေယာဉ်ကွင်း လမ်းခင်းတဲ့ နေရာမှာ သုံးနေတာကို တွေ့ရပါတယ်။ အဲသလို တောင်ကိုဖြိုပြီး သဲနဲ့ ကျောက်ထုတ်လုပ်နေတာ ကြောင်း တောင်ပေါ်မှာ ရှိတဲ့ စေတီရယ်၊ တောကျောင်းရယ် များမကြာခင် ပြိုပျက်သွားနိုင်ပါတယ်" ဟုသူက ပြောသည်။

ယခု ဆည်မြောင်းဦးစီးဌာနမှ တောင်ကို ဖြိုချပြီး သဲနှင့် ကျောက် ထုတ်လုပ်နေသောတောင်မှာ ကျောက်ဖြူနယ် တောင်ရင်း ကျေးရွာအုပ်စု တောင်ရင်းတောင် မော်တောင် ဖြစ်ကြောင်း သိရသည်။

" အဲဒီတောင်ကို သူတို့ ဖြိုပြီး တူးနေတာတော့ ကြာနေပါပြီ။ အခုတော့ စေတီနားကို ရောက်နေပါပြီ။ ဆက်တူးရင်တော့ စေတီက ပြိုကျသွားမှာ သေချာပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင် ကျွန်တော်တို့ အနေနဲ့ ခုလို လုပ်နေတာကို အမြန်ဆုံး ရပ်တန့်ဖို့ လိုလားနေပါတယ်" ဟု သူက ဆက်ပြောသည်။

တောင်ရင်းရွာတွင်လည်း အများစုမှာ ရိုးသားသော တောသူ တောင်သားများ ဖြစ်ကြသဖြင့် ယခုကဲ့သို့ စေတီတော် တဆူ တည်ရှိရာ တောင်အား ဖြိုဖျက်ပြီး သဲနှင့် ကျောက်ထုတ်လုပ်နေခြင်းကို အထက်သို့ တိုင်ကြားရန်လည်း မဝံ့ရဲကြောင်း သူက ပြောသည်။

တောင်ရင်းတောင် မော်တောင်သည် ကျောက်ဖြူ လေယဉ်ကွင်း၏ အနောက်ဘက်တွင် တည်ရှိပြီး ၄င်းတောင်ပေါ်တွင် စေတီတော် တဆူနှင့် တောရ ကျောင်းငယ် တစ်ဆောင် တည်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်နေသော စီမံကိန်း လုပ်ငန်းခွင်များ အတွက် လိုအပ်သော ကျောက်နှင့် သဲများကို စနစ် တကျ ထုတ်လုပ်ခြင်း မဟုတ်ဘဲ စည်းမဲ့ကမ်းမဲ့ထုတ်လုပ် နေသဖြင့် သဘာဝ ပတ်ဝန်းကျင်များမှာ အထူး ထိခိုက် ပျက်စီးလျှက် ရှိကြောင်း သိရသည်။ထိုစည်းမဲ့ ကမ်းမဲ့ ထုတ်လုပ်ရာတွင် အစိုးရ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများနှင့် ပုဂ္ဂလိက ကျောက်ထုတ်လုပ်ရောင်းချ သူများ ပါ၀င်ကြောင်း သိရသည်။

Most read this week