ကျပ်ငွေ ၆ သိန်းလဒ်ထိုးသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူး တိုက်ရိုက်ခန့်

ကျပ်ငွေ ၆ သိန်းလဒ်ထိုးသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူး တိုက်ရိုက်ခန့်
by -
ခိုနူမ်ထုန် သတင်းဌာန

စစ်ကိုင်းတိုင်းကလေးမြို့နယ် အုပ်ချုပ်ရေးမှူးက  ကျပ်ငွေ ၆သိန်းလဒ်ထိုးသူများကိုရပ်ကွက်အုပ်ချုပ် ရေးမှူးရာထူး တိုက်ရိုက်ခန့်နေသည်ဟုသိရ သည်။

မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ပြီးခဲ့သည့် ဇူလိုင်လကတည်းက စပြီး ကလေးမြို့ ပင်လုံရပ်ကွက်နှင့် အောင်သစ္စာ ရပ်ကွက် အုပ်ချုပ်ရေးမှူး နေရာတွေ အတွက် ၆ သိန်းစီကို လဒ်စားထားတယ်၊ ဟု အမှတ် (၉) ၊ ပင်လုံရပ်ကွက် သား တဦးက ပြောသည်။

သြဂုတ်လအတွင်း နယ်မြေ (၈) ခုဖြင့် ဖွဲ့စည်းထားသော ပင်လုံရပ်ကွက် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၈ ဦးအရွေးခံကြရာ တွင် ဦးခိုင်ပီးဆိုသူက မဲအများဆုံးရရှိသော်လည်း ဦး ပါပေါင်ဆိုသူက မြို့နယ်အုပ်ချုပ်ရေး မှူးထံ ကျပ်ငွေ ၆သိန်းလဒ် ထိုးခြင်း ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာကို ခန့်ထားကြောင်း သိရသည်။

” မဲစာရင်းကို မြို့နယ်ကော်မရှင်ထံ သွားတင်ပြတော့ ကော်မရှင်က နေပြည်တော်ကို ချက်ချင်းပို့ပေးမယ်လို့ ပြောပေမဲ့ လက်တွေ့မှာ ဘာမှ ဖြစ်မလာဘူး ” ဟု ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်တဦးက ပြောသည်။

မြို့နယ်အဆင့်ရွေးကောက်ပွဲကော်မရှင်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး၊ မြို့နယ်ပြည် သူ့ ရဲမှူး၊ မြို့နယ်တရား သူကြီးဥက္ကဌ၊ ဥပဒေအရာရှိ နှင့် ကြံ့ဖွံ့ပါတီလူကြီးတို့ပါ၀င်သည်။

မြို့နယ်အုပ်ချုပ်ရေးမှူးလုပ်ရပ်အပေါ် တခြား ကော်မရှင်အဖွဲ့ဝင်များက တစုံတရာပြောဆိုမှူမရှိကြောင်း ပြောကြ သည်။

Most read this week