RNDP စစ်တွေမြို့နယ် ကော်မီတီကို လူငယ်များဖြင့် အခြေခံ ဖွဲ့စည်း

RNDP စစ်တွေမြို့နယ် ကော်မီတီကို လူငယ်များဖြင့် အခြေခံ ဖွဲ့စည်း
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ၏ စစ်တွေမြို့နယ် ကော်မတီကို လူငယ်ခေါင်းဆောင် များကို အခြေခံပြီး များမကြာမှီကပြန်လည်ဖွဲ့စည်း ခဲ့ကြောင်း သတင်း ရရှိသည်။

ရတပပါတီ ရွှေးကောက်ပွဲတုန်းက စစ်တွေတွင် မဲဆွယ်နေစဉ် ( ဓါတ်ပုံ- နိရဥ္စရာ)စစ်တွေမြို့နယ် ကော်မီတီကို စက်တင်္ဘာလ ၄ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး ဥက္ကဌမှ အစ အများစု ကော်မတီ အဖွဲ့ဝင်များမှာ လူငယ်များ ဖြစ်ကြသည်ဟု သိရသည်။

ဥက္ကဌ အသစ် ဖြစ်လာသူ ဦးအောင်မြကျော် လူငယ် ခေါင်းဆောင်များနှင့် အစားထိုး ဖွဲ့စည်းခဲ့ကြောင်းကို ယခုကဲ့သို့ နိရဥ္စရာသို့ ပြောသည်။

" အဓိကတော့ လူငယ်တွေကို အခြေပြုပြီး စစ်တွေ ကော်မီတီကို ဖွဲ့စည်းခဲ့ပါတယ်။ ဥက္ကဌကတော့ ကျနော် ဦးအောင်မြကျော်၊ ဒုဥက္ကဌက ဦးသန်းကျော်၊ အတွင်းရေးမှူးက ဦးစိုးမိုးအောင်နဲ့ တခြား ကော်မီတီတွေက တော့ ဦးခင်မောင်၊ ဦးအေးသိန်း၊ ဦးရန်ဇာမင်းအောင်၊ ဦးဇော်ဝင်းထွန်းပါအဝင် အဖွဲ့ဝင် ၄၀ ခန့်နဲ့ ဖွဲ့ ပါတယ်" ဟု ပြောသည်။

ယခင် စစ်တွေမြို့နယ် ရတပ ပါတီ ဥက္ကဌမှာ ဦးသာလူချေ ဖြစ်ပြီး သူ့မှာ ပြည်နယ် ၀န်ကြီး ဖြစ်သွားသဖြင့် ယခု ဖွဲ့စည်းသော အခါ ဦးသာလူချေအား ချန်လှပ်ပြီး ဦးအောင်မြကျော်အား ဥက္ကဌ အဖြစ် တင်မြောက်ခဲ့ ကြခြင်း ဖြစ်သည်။

" ကျနော်တို့ အဓိကတော့ EC အဖွဲ့ကို လူပေါင်း ၃၀ ကျော်နဲ့ ဖွဲ့ပါတယ်။ ပြီးရင် EC အဖွဲ့အောက်မှာ အဓိက လှုပ်ရှားမယ့် လူငယ်ရေးရာ ကော်မတီ၊ အမျိုးသမီး ရေးရာ ကော်မတီ၊ ရပ်-ကျေး ရေးရာ ကော်မတီ ဆိုပြီးတော့ ဖွဲ့စည်းပါတယ်။ ပြီးတော့ နောက်ထပ် မြို့ပေါ်မှာ ရှိတဲ့ ပညာရှင် လူကြီးသူမတွေနဲ့ပေါင်းပြီး တော့ EC အဖွဲ့ကို ထိမ်းကျောင်း အကြံပေး အဖွဲ့လည်း ဖွဲ့မယ်လို့ ကျနော်တို့မှာ စီမံကိန်း ရှိပါတယ်" ဟု ဦးအောင်မြကျော်က ပြောသည်။

အခု အသစ်ဖွဲ့စည်းလိုက်သော ကော်မီတီတွင် လူငယ်များကို အဓိက ဦးစားပေးပြီး ဖွဲ့စည်းထားသဖြင့် စည်းလုံး ညီညွတ်ရေးနှင့် ပါတီ၏ လုပ်ငန်းမျာကို အရင်ကထက် ပိုပြီး လုပ်ဆောင်နိုင်မည်ဟု ယုံကြည် ကြောင်း သူက ပြောသည်။

၎င်းပြင် ဦးအောင်မြကျော် စစ်တွေမြို့နယ် ကော်မတီ၏ အနာဂတ်တွင် လုပ်ဆောင်သွားမည့်ရှေ့လုပ်ငန်းစဉ် များကိုလည်း ယခုကဲ့သို့ ပြောသည်။

" အဓိကတော့ စစ်တွေမြို့ပေါ်က ပြည်သူတွေ နစ်နာနေတဲ့ ကဏ္ဍတွေကို ကျနော်တို့ ပါတီကဦးဆောင်ပြီး တော့ နစ်နာတဲ့ ကဏ္ဍတွေ၊ ပြသာနာတွေကို အစိုးရဖွဲ့ထိ တင်ပြ အရေးဆို သွားပါမယ်။ ဒေသ ဖွံ့ဖြိုး တိုးတက် မှုတွေ၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိန်းမှု ကဏ္ဍတွေ၊ ပညာရေး၊ ကျန်းမာရေး စတဲ့ စစ်တွေ မြို့နယ်မှာ ဖြစ်ပေါ်နေတဲ့ အချက်လက်တွေကို အမြဲတမ်း အကြံပေးအဖွဲ့ (ကျနော်တို့မှာ ဖွဲ့ထားတာရှိပါ တယ်) နဲ့ တိုင်ပင်ပြီး ကျနော်တို့ရဲ့ စစ်တွေဒေသမှာ ရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ နေတာတွေ၊ ဖိနှိပ် ခံနေရတဲ့ ကဏ္ဍတွေကို ဆောင်ရွက်သွားမယ်။ အနာဂတ်မှာ စစ်တွေမြို့ သာယာ ဝပြောဖို့ အတွက် အဓိက ရည်ရွယ်ပြီး လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတာတွေ ရှိပါတယ်" ဟု ပြောဆို သွားသည်။

Most read this week