နယ်မြေခံတပ်မှူးနှင့် အိန္ဒိယ ဘိန်းကုန်သည် တို့ မူးယစ်ဆေးရောင်း ၀ယ်ရေး ဆွေးနွေး

နယ်မြေခံတပ်မှူးနှင့် အိန္ဒိယ ဘိန်းကုန်သည် တို့ မူးယစ်ဆေးရောင်း ၀ယ်ရေး ဆွေးနွေး
by -
ခိုနူမ်ထုန် သတင်းဌာန

အမှတ် (၂)  အိန္ဒိယ မြန်မာ လမ်းကြောင်း၊ နယ်စပ် တီချောင်းစပ် ခေါမွဲကျေးရွာတွင်  ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ် မြို့သစ် အခြေစိုက် ခလရ ၂၇၄ မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး အောင်အောင်သည် အိန္ဒိယ လူမျိုး ဘိန်းကုန်သည်တဦးနှင့် မူးယစ် ဆေးဝါး ရောင်းဝယ်ရေး ကိစ္စဆွေးနွေးကြသည်ဟု သတင်းရရှိ သည်။

Rihkhawdar
အသက် ၅၀ အရွယ် M. Muniappan ( 50) ၊ Red Hills, Chennai သည် စက်တင်ဘာလ ၅ ရက် ကတည်းက ယနေ့ထိ နယ်စပ်ချောင်းတွင် ရှိနေသေးကြောင်း၊ နယ်မြေခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူရဲက နယ်မြေအတွင်းမှ ထွက်သွားရန် ပြောသော်လည်း ဒုတိယ တပ်ရင်းမှူးက ခွင့်မပြုကြောင်း သိရသည်။

” အဲဒီလူက အိန္ဒိယလုပ် နှာဆေးချောင်းဆိုး ဆေးပြားကို ကားနဲ့ အများကြီး သယ်လာတယ်၊ အခု ဒုတိယ တပ်ရင်း မှူးနဲ့ နယ်စပ်ချောင်းမှာ ဆွေးနွေး နေကြတုန်းပဲ”  ဟု အမည်မဖော်လိုသူ ခေါမွဲရွာ သားတဦးက ပြောသည်။

ဒုတိယ တပ်ရင်းမှူးနှင့် အတူ  အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မှ ကုန်သည် နှစ်ဦးဖြစ်သည့် စိုးနိုင် ( ကုလား) နှင့်  မပီအေး တို့လည်း ပါ၀င်ပြီး မပီအေးသည် မြန်မာပြည်တွင်းသို့အိန္ဒိယထုတ်ချောင်း ဆိုးဆေးပြားများ တရားမဝင် တင်သွင်းနေသူဖြစ်သည်ဟု ပြောကြသည်။

အိန္ဒိယ အစိုးရက M. Muniappan ကို ဘိန်းဖြူမှူဖြင့်  ၂၀၀၂ ခုနှစ်တွင် ဖမး်ဆီးပြီး ၂၀၀၉ ခုနှစ်အတွင်း အာမခံနဲ့ ပြန်လွတ် ပေးခဲ့သော်လည်း ယနေ့အထိ အမှူ မပြတ်သေးကြောင်း ယခင်က တမူး – မိုးရေး လမ်းကြောင်း ကနေ မြန်မာပြည်ဖက်ကို ဆေးပြားများ တင်သွင်းပြီး မြန်မာပြည်မှ ဘိန်းဖြူများကို ပြန်လည်သယ်ထုတ်နေသူဖြစ်သည်ဟု သတင်းရရှိသည်။

” တမူး – မိုးရေးလမ်းကြောင်းမှာရှိတဲ့ အိန္ဒိယ အရှေ့မြောက်လက်နက်ကိုင်အဖွဲ့တွေနဲ့အစေးမကပ်တော့ လို့ အခု အမှတ် (၂) ကုန်သွယ်ရေးလမ်း ကြောင်းကို ထိုးဖောက်ဖို့လာတာ ဖြစ်မှာပါ ” ဟု တမူးမြို့မှ ကုန်သည်တဦးက ပြောသည်။

Most read this week