တပ်သစ်နှင့် နယ်စပ်စစ်ဆေးရေးဆင်းသည့် တြိဂံတိုင်းမှူး ကား ၁၀ စီးကျော်ချောဆွဲ

တပ်သစ်နှင့် နယ်စပ်စစ်ဆေးရေးဆင်းသည့် တြိဂံတိုင်းမှူး ကား ၁၀ စီးကျော်ချောဆွဲ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း တြိဂံတိုင်း တိုင်းမှူးမိုင်းထား မြို့ နယ်ခွဲသစ် တပ်တည်ဆောက်ရေး၌ကိုယ်တိုင် ကိုယ်ကျ သွားရောက် စစ်ဆေးညွှန်ကြားရာတွင် ဒေသခံများ၏ ကား  ၁၀ စီးကျော်ကိုလည်းရက် သတ္တပတ်ချောဆွဲခဲ့ ကြောင်း နယ်စပ်သတင်း ရပ်ကွက်ကဆိုပါသည်။

ယခုလ ၅ ရက်နေ့က ကျိုင်းတုံမှလာသည့် တိုင်းမှူး နားကောင်းမူးမှမိုင်းကျွတ် မိုင်းထားဖက်သို့ဆင်းကာတပ် သစ်တည် ဆောက်ရေးကိုစစ်ဆေးခဲ့ကြောင်း မိုင်းဆတ် ကားဆရာ တဦးကပြောသည်။
မိုင်းတော့ မိုင်ထား ပြမြေပုံ
“သူ့လုံခြုံရေးတပ်တွေတင်ဖို့ တနေရာနဲနဲစီနဲ့မိုင်းဆတ်- မိုင်းတုံက ကားစုစုပေါင်း ၁၃ စီးချောဆွဲတယ်။ တစီးစစ်သား ၁၀ ယောက်အနဲဆုံးတင်ရတယ်။ ၅ ရက်ကတည်းက သူကျိုင်းတုံကထွက်လာတာခုထိ မပြန် သေးဘူး” ဟု အဆိုပါကားဆရာက ဆက်လက် ပြောပြသည်။

ယခုတကြိမ် တိုင်းမှူးရောက်လာခြင်းမှာ နေရာဒေသ လေ့လာခြင်း၊ တပ်သစ်တည်ဆောက်မှု ဗုံးခိုကျဉ်းများပါ မကျန် ကိုယ် တိုင်စီမံညွှန်ကြားခြင်းနှင့် ကေဒါ တပ်သားများအား အားပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်းမိုင်းထား တပ်သစ်အရာ ရှိများနှင့် ရင်းနှီးသည့် ကားဆရာများ ပြောပြ ချက်အရ သိရသည်။

တိုင်းမှူးနှင့်တပ်ဖွဲ့မှာ ယမန်နေ့က ထိုင်းနယ်စပ်ပီဖီဝမ်းဖက်သို့  ဆင်းသွားပြီး ယမန်နေ့က နားကောင်းမူး ခလရ ၆၅ တပ်သို့ ညအိပ်တည်းခိုကြောင်း၊ နောက်ထပ် ၂ ည အိပ်၍ ယခု စနေ၊ တနင်္ဂနွေလောက်မှသာ ကျိုင်းတုံသို့ ပြန်မည်ဟု ကြားသိရကြောင်း ကားသမားများအသိုင်းအဝိုင်းက ပြောသည်။

တြိဂံတိုင်းမှူးသစ် ဗိုလ်ချုပ် သန်းထွန်းဦးမှာ တိုင်းမှူးဟောင်းဗိုလ်ချုပ်ကျော်ဖြိုးနေရာ၌အစားထိုးတာဝန်ယူ ထား သူဖြစ်၏။ ၎င်းကိုလည်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကပြောင်းရွှေ့မိန့်ပေးထားသည် ဟုလည်း အတည်မပြုနိုင်သေး သတင်းများအရကြားသိရသည်။

မိုင်းဆတ်မြို့၌ ခလရ ၄၉၊ ခမရ ၃၃၃၊ ၅၂၇၊ ၅၇၉၊ ၅၈၀ တို့အခြေစိုက်ကြပြီး မိုင်းတုံမြို့၌ ခလရ ၆၅၊ ၁၃၃၊ ၂၂၅၊ ၂၇၇ နှင့် ခမရ ၅၁၉ တို့က အခြေစိုက်ကြသည်။

Most read this week