ဘင်္ဂလာဒေချ့်၌ မြန်မာနိုင်ငံသား အများအပြား ဖမ်းဆီးခံရ

ဘင်္ဂလာဒေချ့်၌ မြန်မာနိုင်ငံသား အများအပြား ဖမ်းဆီးခံရ
by -
မောင်အေးနှင့် ထွန်းထွန်း

ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ တရားမဝင် ခိုးဝင်သူမြန်မာ နိုင်ငံသား ၆ ဦး၊ ဘင်္ဂလာဒေချ့် သကြားကိုမြန်မာ သို့ ခိုးထုတ်ရန် စီစဉ်သူ ရ ဦး စုစုပေါင်း ၁၃ ဦးကို ဘင်္ဂလာဒေချ့် ရဲတပ်ဖွဲ့မှ ယခုရက်ပိုင်း အတွင်းတွင် ဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိသည်။

ဖလောင်းချိတ်ခေါ် ကော့ဘဇားမြို့ခိုးဝင်သူ ၆ ဦးကို စစ်တကောင်းတောင်တန်းနယ် ရမ်ဂါမတီမြို့နယ် ကာပတိုင်တွင် ဖမ်ဆီးခြင်း ဖြစ်ပြီး ဘင်္ဂလာဒေချ့်မှ သကြားများကိ မြန်မာနိုင်ငံသို့ ခိုးထုတ်ရန် ကြိုးပမ်းသူ ရ ဦးကိုမူ နယ်စပ်အနီးရှိ ကော့ဘဇား- တက်ကနက် ကားလမ်းပေါ်တွင် ဖမ်းဆီးခြင်း ဖြစ်သည်။

" မြန်မာနို်င်ငံသားတွေက မွတ်ဆလင်တွေ ဖြစ်ပါတယ်။ ဘာလီယာချားရီမြို့နယ် ဖားရီပူသို့ စက်ဘုတ် တစီးနဲ့ သွားဖို့ စီစဉ်နေစဉ်မှာ သတင်းအရ အဲဒီဂိတ်မှာဘဲ ရဲကဖမ်းဆီးတာ ဖြစ်ပါတယ်။ စက်တင်ဘာ ရ ရက်နေ့ နံနက် ၁၀ နာရီ အချိန်မှာ ဒေသခံ ရဲက ဖမ်းဆီးတာ ဖြစ်ပါတယ်" ဟု ဒေသခံ မျက်မြင်တစ်ဦးက ပြောသည်။

သကြားတွေကို မှောင်ခို တင်ပို့ဖို့ စီစဉ်သူ ခုနှစ်ဦးကို နယ်စပ် အိုကီးယားမြို့နယ် ၀ပ်ချောင်း ဂိတ်တွင် ဘင်္ဂလာဒေချ့် နယ်ခြားစောင့် တပ်ဖွဲ့ စက်တင်္ဘာလ ၅ ရက်နေ့က ဖမ်းဆီးမိခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ မြန်မာ နိုင်ငံသား ရ ဦးသည် ဘင်္ဂလာဒေချ့်မှ မြန်မာနိုင်ငံသို့ တင်ပို့ခွင့်ကို ပိတ်ပင်ထားသော သကြားအိတ် ၅၀ ကို လော်ရီကား တစီးဖြင့် စစ်တကောင်းမြို့မှ နယ်စပ်မြို့ တက်ကနက်သို့ တင်ယူလာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ (၁၃) ဦး စလုံးကို တည်ဆဲ ဥပဒေများအရ အရေးယူသွားမည်ဟု ရဲက ပြောသည်။

Most read this week