တာလီဘန်နှင့် ဆက်သွယ်သည်ဟု သံသယဖြင့် ဖမ်းဆီးခံရသူ ၁၂ ဦး ထောင်ဒဏ်ချမှတ်ခံရ

တာလီဘန်နှင့် ဆက်သွယ်သည်ဟု သံသယဖြင့် ဖမ်းဆီးခံရသူ ၁၂ ဦး ထောင်ဒဏ်ချမှတ်ခံရ
by -
တာကလူး

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် တာလီဘန် အပါအဝင် နယ်စပ် အခြေစိုက် မွတ်ဆလင် လက်နက်ကိုင် အဖွဲ့များနှင့် ဆက်သွယ်သည့် သံသယ ဖြင့်ဖမ်းဆီး ခံထားရသူ ၁၉ ဦးထဲမှ ၁၂ ဦးကို မနေ့ကထောင် ဒဏ်များ အသီးသီး ချမှတ်လိုက်သည်ဟုအမည် မဖေါ်လိုသူရဲတာဝန်ရှိ သူများနှင့် တရားရုံးရှေ့ နေတစ်ဦးက ပြောသည်။

အမည်မဖေါ်လိုသူ ရှေ့နေ တစ်ဦးက သူတို့အထဲက ၁၂ ဦးကို ထောင်ဒဏ်များ အသီးသီးချမှတ်လိုက် ကြောင်းကို ယခုလို ပြောသည်။
ဖမ်းဆီးခံရသူ ၁၉ ဦးထဲမှ ၅ ဦးကို အချုုပ်ခန်းထဲတွင် တွေ့ရစဉ် ။

" ၁၉ ဦးထဲက ၁၂ ဦးကို ပြစ်မူ ထင်ရှားတယ်ဆိုပြီး မောင်တော ခရိုင်တရားရုံးက ထောင်ဒဏ် (၃) နှစ်ကနေ (၈) နှစ်ထိ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။ ကျန်တဲ့ ခုနှစ်ဦးကတော့ ပြစ်မူ မထင်ရှားတဲ့ အတွက် တရားရုံးကနေ တရားသေ လွှတ်ပေး လိုက်ပါတယ်။"

၎င်းပြင်သူက " အဓိက ခေါင်းဆောင်လို့ သံသယ ဖြစ်ခံရတဲ့ ဦးဇော်ဝင်းကိုတော့ ပြစ်မူ တစ်ခုအတွက် ၅ နှစ်၊ နောက်တမူ အတွက် (၃) နှစ်၊ စုစုပေါင်း ၈ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ကျန်တဲ့ သူတွေကတော့ ၅ နှစ်၊ ၃ နှစ် အဲသလို ချမှတ် ခံကြရတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

သူတို့ အမူအား အင်္ဂါနေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် အမူကို စီရင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြစ်မူ မထင်ရှား၍ လွှတ်မြောက်သွားသူ (၇)ဦးကို မောင်တောရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ပြီး ထိုမှ တဆင့် နေရပ်ကျေးရွာများသို့ ပို့ဆောင်ပေးမည်ဟု ရဲအရာရှိက ပြောသည်။

ထောင်ဒဏ် ချမှတ် ခံရသူ (၁၂) ဦးအား အစောင့် အရှောက်များခြံရံပြီး တရားရုံးရှေ့တွင်အသင့်ရပ် ထားသော ဒိုင်နာကား တစ်စီးဖြင့် ဘူးသီးတောင်ထောင်သို့ ယူဆောင်သွားခဲ့သည်ဟု သိရသည်။

ယနေ့ တရားစီရင်ရာတွင် တရားရုံး ခြံဝင်းနှင့် အနီးအနား လမ်းများတွင် လုံခြံုတင်းကျပ်ထားပြီး၊ တရားခံများ၏ ဆွေမျိုးသားချင်းများ အပါအဝင် ပြင်ပလူများကို တရားရုံးသို့ လုံးဝ ၀င်ရောက် နားထောင် ခွင့် မပြုခဲ့ကြောင်း သိရသည်။

အဆိုပါ မွတ်ဆလင် ၁၉ ဦးကို တာလီဘန် အပါအဝင် ဘင်္ဂလားဒေချ့် အခြေစိုက် မွတ်ဆလင်လက်နက် ကိုင် တပ်ဖွဲ့များနှင့် ဆက်သွယ်ပြီး ဖေါက်ခွဲရေး သင်တန်းများ ယူခဲ့သည်ဟု ဆိုကာ ဒေသခံ တဦးမှ အထက်အာဏာပိုင် နစကများသို့ တိုင်ကြားခဲ့ရာမှ ယခုနှစ် မတ်လ ဆန်းပိုင်းကမောင်တောမြို့ နယ် မြောက်ပိုင်း ခမောင်ဆိပ် ကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများတွင် ဖမ်းဆီးခံခဲ့ကြရသည်။

ဖမ်းဆီးခံ မွတ်ဆလင် ( ၁၉ )ဦး အား အာဏာပိုင်များက မတရား အသင်း ဖွဲ့စည်းမူ၊ ဆက်သွယ်မူ ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) တို့ြ့ဖင့် တရားစွဲဆိုခဲ့ပြီး ဧပြီလ (၅) ရက်နေ့တွင် တရားရုံးထုတ်ကာ အမူကို စတင် ကြားနာ စစ်ဆေး ခဲ့သည်။ တရားလိုနှင့် တရားခံများ၏ လျှောက်လဲချက် အသီးသီးကို ၅ လကြာအောင် တရားရုံးက စစ်ဆေးခဲ့ပြီး နောက်ပိုင်း မောင်တော ခရိုင် တရားရုံးက ယခုလို တရား စီရင်လိုက်ခြင်းဖြစ် သည်။

Most read this week