စစ်တွေမြို့နယ် ကော်မီတီ ဖွဲ့ရန်နှင့် ဥတ္တမနေ့ကျင်းပရန် ရတပ ပါတီ စည်းဝေး

စစ်တွေမြို့နယ် ကော်မီတီ ဖွဲ့ရန်နှင့် ဥတ္တမနေ့ကျင်းပရန် ရတပ ပါတီ စည်းဝေး
by -
မောင်အေး

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ စစ်တွေ မြို့နယ် မြို့နယ် ကော်မတီကို ပြန်လည် ဖွဲ့စည်း ရန်နှင့် ရ၂ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ ကျင်းပရန် အစည်းအဝေး တခုကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးကို ယမန်နေ့ကနေ့လည် ၁ နာရီမှ ၅ နာရီအထိ စစ်တွေမြို့နယ် ပါတီရုံးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

U-Ottama-Arakan" ဒီအစည်းအဝေးက ပဏာမ ဆွေးနွေးပွဲ ဖြစ်ပါတယ်။ အဓိကတော့ စစ်တွေမြို့နယ်ကော်မီတီကို ပြန်လည် ဖွဲ့စည်းရေး နဲ့ ဆရာတော် ဦးဥတ္တမနေ့ကို ကျင်းပဖို့ အတွက် ဆွေးနွေးကြ ပါတယ်။ မြို့နယ် ကော်မီတီ ဖွဲ့စည်းရေး အတွက် အဖွဲ့ဝင်စာရင်းတွေ လုပ်နေတုန်း အဆင့်ဘဲ ရှိပါ သေးတယ်"ဟု စစ်တွေ မြို့နယ် အတွင်းရေးမှူး ဦးအောင်မြကျော်က ပြောသည်။

ယခုကဲ့သို့ စစ်တွေမြို့နယ် မြို့နယ် ကော်မီတီကို ပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်ခြင်းမှာ ပါတီတွင်းစည်းလုံး ညီညွှတ်မူနှင့် ပိုမိုကျစ်လစ် ခိုင်မာရေး အတွက် ဖြစ်ကြောင်း သူက ပြောသည်။

" ပထမ စဖွဲ့တုန်းက နီးစပ်ရာတွေနဲ့ဘဲ ဖွဲ့ခဲရတာ ဖြစ်ပါတယ်။ အားလုံးလည်း မပါ၀င်နိုင်ခဲ့ဘူး။ အခုက ရွေးကောက်ပွဲလည်း ပြီးသွားပြီ။ ရွှေးကောက်ပွဲ ကာလတုန်းက တက်တက် ကြွကြွ ပါ၀င်ခဲ့ သူတွေလည်း ရှိနေတယ်ဆိုတော့ သူတို့ အားလုံးကို ဖိတ်ခေါ်ပြီး ကျွန်တော်တို့ အလုပ် လုပ်နိုင်တဲ့ တခုဖြစ်အောင် စနစ်တကျ ဖွဲ့စည်းဖို့လုပ်တာပါ။ "

ယခင် စစ်တွေမြို့နယ် ဥက္ကဌအဖြစ် ယခုဝန်ကြီးဖြစ်နေသူ ဦးသာလူချေနှင့် အတွင်းရေးမှူးမှာ ဦးအောင်မြ ကျော်ဖြစ်ပြီး စုစုပေါင်းအဖွဲ့ဝင် ၂၅ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည််။

ဆွေးနွေးပွဲသို့ ပါတီဝင် ၁၀၀ ကျော်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင်ကျရောက်မည့် ရ၂ နှစ်မြောက် ဆရာတော်ဦးဥတ္တနေ့ကို ရခိုင်တပြည်နယ်လုံး တွင် ရတပပါတီမှ ကျင်းပရန် ညွန်ကြားထားကြောင်းနှင့် စစ်တွေမြို့တွင်လည်း ဆရာတော် ရုပ်ထုရှေ့သို့ သွားရောက် ဆီးမီးပူဇော်ရန် အတွက် ရတပ ပါတီမှ ခွင့်ပြုချက် တောင်းထားသော်လည်း ယခု အချိန်ထိ တစုံတရာ အကြောင်း မပြန်ကြားသေးကြောင်း သိရသည်။

Most read this week