၈ လေးလုံးအရေးတော်ပုံမတိုင်ခင် ဆန္ဒပြပွဲတွေ စတင်တဲ့အတွက် စစ်တပ်က ကျောင်းသားတွေကို ရန်ကုန်ကနေ နယ်ဘက်သို့အတင်းအဓမ္မပြန်ပို့ ပါတယ်။
မိမိကရင်နီပြည်နယ်ကို ပြန်လာကြရတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေနဲ့ တခြား ကောလိပ်တက္ကသိုလ် ကျောင်းသားတွေ အရေးတော်ပုံကြီးမှာ ပါ၀င်နိုင်အောင်စည်းရုံးမှုတွေ စတင်ခဲ့ကြတယ်။
အဲဒီအချိန်မှာ ကရင်နီပြည်နယ် ကျောင်းသားများသမဂ္ဂဆိုတာကို ဖွဲ့စည်းနိုင်ခဲ့ပြီး အဖွဲ့ရဲ့ဥက္ကဌအဖြစ်ယခုပြည်ပ အခြေစိုက်မြန်မာ့ အမျိုးသမီးသမဂ္ဂ-BWU အဖွဲ့ဥက္ကဌဖြစ်တဲ့ မိဆူးပွင့်ဘဲ ဖြစ်ပါတယ်။
“ဖွဲ့စည်းပြီးတော့ အဲဒီကျောင်းသားကနေ တာဝန်တွေခွဲပြီးတော့ အသုတ်လိုက် နယ်တွေ ခွဲပြီးတော့စည်းရုံး တာတွေ ဟောပြောပွဲ ဆင်းလုပ်တာတွေ ရှိတယ်။ အဲဒီလို လုပ်နေရင်းနဲ့ သြဂုတ်လ ၈ ရက်နေ့မှာကယားပြည် နယ်လူထုကို လမ်းမပေါ် ထွက်နိုင်အောင် ကျောင်းသားတွေ ဦးဆောင်ပြီးတော့စည်းရုံးနိုင်ခဲ့ တာပေါ့။ အဲဒီမှာ တပြည်လုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ စလုပ်တဲ့အချိန်မှာ ကယားပြည်နယ်ကလည်း ပါ၀င်လာ တာပေါ့” လို့ BWU ဥက္ကဌမိဆူးပွင့်က ပြောပါတယ်။
ဆက်လက်ပြီးသူမက…“လျှို့ဝှက်လုပ်တဲ့အစည်းအဝေးတွေ ခေါ်တယ်။ ခေါ်ပြီးတော့မှ နယ်တွေ ခွဲပြီး စည်းရုံး တယ်။ ရပ်ရွာခေါင်းဆောင်ပိုင်းတွေ ဘယ်လိုချဉ်းကပ်မယ်။ ဘယ်လိုစည်းရုံးမယ်။ ဘယ်လိုပါ၀င်လာအောင် လုပ်မယ် ဒါမျိုးတွေတော့ အစီအစဉ်ဆွဲရတာပေါ့။ နောက် ၈ လေးလုံးမှာကျတော့ လမ်းမပေါ်မှာ ထွက်လာဖို့ ဆိုတာကတော့ ပထမဦးဆုံး မင်းစုရပ် မီးပွိုင့် လမ်းဆုံမှာ လူစုတယ်။ လူစုပြီးတော့ အဲဒီမှာ စင်ငယ်ငယ်လေး ထိုးပြီးတော့ ကျောင်းသားတွေ လေး၊ ငါးယောက် တက်စကားပြောတယ်။ စစပြောတဲ့ချိန်မှာ လူက ၃၀ ၊ ၅၀၊ ၁၀၀ လောက်ကနေ စလာတာပေါ့။ ပြီးတော့မှ အာဇာနည် ကျောက်တိုင်ဘက်ကို ချီတက်မယ်၊တောင်ကွဲစေတီ ဘက်ကို ချီတက်ကြမယ်ဆိုပြီးတော့ ကြေညာလိုက်တဲ့ချိန်မှာ အဲဒီလိုပဲ လူ ၅၀၊ ၁၀၀ ကနေပြီးတော့ပြည်သူ လူထုတွေ လိုက်လာတယ်။ အဲဒီကနေပြီးတော့ ရာနဲ့ ထောင်နဲ့ချီတဲ့ လူတွေ နေ့တိုင်းပဲချီတက်ဆန္ဒပြ တယ်။ ကြွေးကြော်သံတွေ အော်ကြတယ်။ နောက်တနေ့ဆို ဒီးမော့ဆိုတို့က ကားတွေနဲ့ လာတယ်။”
ကျောင်းသားလူငယ်တွေ လမ်းမပေါ်ရောက်အောင် ကရင်နီပြည်နယ်က ကျောင်းအလိုက်ရှိ ကျောင်းသား ခေါင်းဆောင်တွေကလည်း တက်တက်ကြွကြွနဲ့ ပါ၀င်ဦးဆောင်ခဲ့ကြပါတယ်။
“အဲချိန်မှာလည်း ကျောင်းသားခေါင်းဆောင်ဖြစ်တော့ ကျနော်တို့ ဒီခေါင်းဆောင်အဖွဲ့တွေက ရှေ့ကဦးဆောင် တာ ပေါ့လေ၊ အော်ပြတယ်၊ ရှင်းပြတယ်၊ ကျောင်းသားတွေ တန်းစီခိုင်းပြီးတော့မှ ဗမာပြည်တပြည်လုံး အားလုံးဆန္ဒပြကုန်ပြီ ကျောင်းသားတွေအားလုံး ဆန္ဒပြတော့မယ် ဆိုပြီး လိုက်ဟောပြောတာပေါ့လေ။ ပထမဆုံးကျနော်တို့ဆန္ဒပြတဲ့ ၂ ရက်အတွင်းမှာတော့ ဘာမှတော့ အတားအဆီးမှမဖြစ်သေးဘူး။ ဒီ ၃ ရက်၊ ၄ ရက်ကြာလာတော့ တပ်တွေက သူတို့အမိန့်ပေးတယ်လေ။ ကား ၁၀ စီးကျော်ကျော်ထင်တယ်၊ လွိုင်ကော်မှာ လိုက်ပတ်ပြီးတော့မှ ညကနေစပြီးမှကျောင်းသားတွေ ၅ ယောက်ကျော် စုဝေးနေတာကိုမြင်ရင် သူတို့ကပစ်ခွင့် ပေးတယ်လေ။ အဲ့ညကနေစပြီးတော့မှ… ပိုဆိုးသွားတာက ကျနော်တို့ဒီကျောင်းသားခေါင်းဆောင်တွေ ပေါ့၊ ရှောင်ရတယ်လေ။ ကျနောတို့ကို လိုက်ရှာနေတယ်။ ကျနော်တို့လည် းသချႋုင်းကုန်းမှ သွားအိပ်ရတာပေါ့လေ။” လို့ အရေးခင်းမှာ လွိုင်ကော် အထက-၂ ကိုဦးဆောင်ခဲ့တဲ့ အထက-၂ ကျောင်းသားခေါင်းဆောင်ဟောင်း ခူးသာဝါးက ပြောပါတယ်။
အရေးခင်းပြီးတဲ့ နောက်မှာတော့ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ မိဆူးပွင့်တို့ ခူးသာဝါးတို့လို အရေးခင်းမှာ လူငယ်တွေပါ၀င်လာအောင် ဦးဆောင်သူတွေကို လိုက်လံဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
ဒါကြောင့် အသက်လုံခြံုစိတ်ချမှုမရှိတော့တဲ့ မိဆူးပွင့်နဲ့ ခူးသာဝါးတို့လို ကျောင်းသားခေါင်းဆောင်တွေဟာ ၈ လေးလုံးအရေးခင်းမှာ ပါ၀င်လုပ်ရှားကြတဲ့ တခြားသော မြန်မာကျောင်းသားခေါင်းဆောင်တွေ တောတွင်းသို့ ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။
မိဆူးပွင့်နဲ့ ခူးသာဝါးတို့လို ၈ လေးလုံးအရေးတော်ပုံမှာ ပါ၀င်ခဲ့တဲ့သူတွေဘဲ မဟုတ်ပါဘူး။ မိမိအမျိုးသားရေးနဲ့ နိုင်ငံရေးတို့မှာ တက်တက်ကြွကြွ ပါ၀င်လုပ်ရှားသူတွေကိုလည်း စစ်အာဏာရှင်တို့က ဖမ်းဆီးနှိပ်စက်ပါတယ်။
အသားဖြူဖြူ၊ အရပ်မမြင့်တမြင့်နဲ့ အသက် ၄၀ အရွယ်လို့ ယူဆရတဲ့ ခူးဘူးရယ်ဟာ ကရင်နီအမျိုးသားရေး အတွက် စိတ်အားထက်သန်စွာနဲ့ လုပ်ရှားနေရင်း နအဖတို့ရဲ့ ဖမ်းဆီးချုပ်နှောင်မှုနဲ့ ရက်စစ်မှုတို့ကိုခံခဲ့ရပါ တယ်။
ဖြစ်ပျက်ပုံကို ခူးဘူးရယ်က ယခုလိုရှင်းပြပါတယ်…
“၂၀၀၅ ခုနှစ်အောက်တိုဘာလ ၂၆ ရက်နေ့ညနေပိုင်းမှာပေါ့နော်၊ ကျနော် ၃ နာရီ ကျနော့်သားတွေ ကျောင်းဆင်းတော့ သူ့တို့ကိုခေါ်ပြီးတော့ လယ်ထဲသွားတယ်လေ၊ လယ်ရေသွားကြည့်တော့ အဲဒီိချိန်မှာ နောက်ကနေ ပြောက်ကျားဝတ်စုံတွေနဲ့ ဧည့်သည်တွေလာရှာတယ် ဆိုပြီးတော့ ကျနော့အမျိုးသမီး စက်ဘီးနဲ့ လာအကြောင်းကြားတယ်လေ၊ အကြောင်းကြားတော့ ကျနော်တော်ပြန်လာတယ်။ အဲ လမ်းတစ်ဝက် အရောက်မှာ ချူံထဲကနေ ရဲဘော်တစ်ယောက်ပေါ့ သေနတ်အတိုတွေ၊ ဓားတွေနဲ့ ထွက်လာပြီးတော့... မင်းဘယ်သူလဲလို့မေးတယ်လေ။ အဲဒါကျနော် အမှန်တိုင်းပြောလိုက်တယ်၊ အဲဒါနဲ့ မေးစရာရှိတယ်။ခဏ လောက်လိုက်ခဲ့ပါဦး ဆိုပြီးတော့ ကျနော့့ကိုခေါ်သွားတယ်။ ဆိုတော့ကျနော့အိမ်ခြံဝအရောက်မှာ ပေါ့နော်။ အဲမှာ သူတို့လူသုံးယောက်က ကျနော့ကို ၀ိုင်းချုပ်ပြီးတော့ လက်နောက်ပြန် အနေအထားနဲ့ လက်ထိပ်ခတ်ပြီး ကျနော့အိမ်ရှေ့မှာ ဒူးထောက်စေတယ်လေ။ ဒီညမှာပဲကျနော့ကို ဒကစ ခေါ်သွားပြီးတော့ အဲဒီမှာစရိုက်၊ စပုတ်တော့တာပေါ့နော်။ အဲဒါနဲ့ ကျနော့ကို အမှောင်ခန်းထဲမှာ ၃ လ နဲ့ ၆ ရက် အမျိုးမျိုးညှင်းပန်းနှိပ်စက် တာပေါ့လေ၊ ၃ လ နဲ့၆ ရက်ပြည့်တဲ့နေ့မှာပဲ ရဲစခန်းကို ပို့လိုက်တာပေါ့၊ ရဲစခန်းမှာ ၁၄ရက်လောက်နေပြီး တော့ ထောင်အချုပ်ကို ပို့လိုက်တယ်။ အဲမှာအမှုရင်ဆိုင်တော့ ရှေ့နေ ငှားခွင့်တော့မရဘူးပေါ့နော်။ အဲဒါနဲ့ ပုဒ်မ ၁၇/၁ နဲ့ထောင်ဒဏ် ၃ နှစ်အပြစ်ပေးတယ်လေ။ ထောင်ထဲမှာ ၂ နှစ်နဲ့ ၈ လလောက်နေတော့ လွတ်ငြိ်မ်းသက်သာခွင့်နဲ့ ၂၀၀၈ ခုနှစ် သြဂုတ်လ မှာပြန်လွတ်လာတယ်။”
၈ လေးလုံးအရေးခင်းကဆိုရင် ကရင်နီပြည်မှာ ကျောင်းသားလူငယ်တွေနိုင်ငံရေးမှာ တက်တက်ကြွကြွ ပါ၀င်လုပ်ရှားခဲ့တာကို တွေ့ရပေမယ့်လို့ အဲဒီနောက်မှာတော့ လက်နက်ကိုင်တော်လှန်ရေး အုပ်စုကလွဲလို့ မတွေ့ရတော့ပါဘူး။
အကြောင်းမှာ စစ်အစိုးရအဆက်ဆက်ဟာ အမျိုးသားရေးနဲ့ နိုင်ငံရေးလုပ်ဆောင်ချက်များကိုလုံးဝပိတ်ပင် ထားလိုက်ခြင်းဘဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ကြောင်း အကြမ်းမဖက်ဘဲငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ် ခဲ့တဲ့ ကရင်နီလူငယ်ခေါင်းဆောင်တွေကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
“လူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်၊ လူငယ်တွေဟာ တိုင်းပြည်ရဲ့ ခေါင်းဆောင်တွေ” ဆိုတဲ့ဆောင်ပုဒ် ဟာ ကရင်နီလူငယ်မျိုးဆက်သစ်တွေ အတွက်တော့ စကားလုံးလှလှလေးတစု ဖြစ်ပေမယ့်လို့အဓိပ္ပါယ်မရှိလှ တော့ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရအဆက်ဆက်ဟာ ကရင်နီပြည်မှာရှိတဲ့ ကရင်နီမျိုးဆက်သစ်လေးတွေအနဲ့ မိမိနိုင်ငံအရေး၊ အမျိုးသားအရေးတို့မှာ လွတ်လွတ်လပ်လပ်ပါ၀င်ပြီး ဆန္ဒထုတ်ဖေါ်ခွင့်တို့ကိုလုံးဝပိတ်ပင် ထားမြစ်ထားလို့ဘဲ ဖြစ်ပါတယ်။
အကျိုးဆက်မှာ… ယခုတက်လာတဲ့ ကရင်နီမျိုးဆက်သစ်လေးတွေဟာ မိမိအမျိုးသားရေးကို နားမလည် တော့တဲ့အပြင် မိမိတိုင်းရင်းသားဘာသာစကားတွေပါ မေ့ပစ်ရတဲ့အခြေအနေသို့ ရောက်ရှိသွားကြရပါတယ်။
အမျိုးသားရေးနဲ့ နိုင်ငံရေးပိတ်ပင်တားမြစ်ခံရခြင်းဟာ ကရင်နီအမျိုးသားတွေ တနေ့ ပျောက်ကွယ်သွားအောင် မျိုးဆက်တဆက်ပြီးတဆက် သတ်ဖြတ်နေရာရောက်ပါကြောင်း…