တိုက်ပွဲကြောင့် သျှမ်းပြည် (မြောက်ပိုင်း) ၌ ကျောင်းများပိတ်ထားရ

တိုက်ပွဲကြောင့် သျှမ်းပြည် (မြောက်ပိုင်း) ၌ ကျောင်းများပိတ်ထားရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် တီးမား နှင့် နမ့်အွန်ကျေးရွာအုပ်စုများ အတွင်း KIA နှင့် အစိုးရတပ်တို့ အကြားယမန်နေ့က တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ရာ တီးမားကျေးရွာအုပ်စုအတွင်းရှိစာသင် ကျောင်းများ ယာယီပိတ် ထားရကြောင်းစုံစမ်းသိရ သည်။

ယမန်နေ့နံနက် ၁၀ နာရီခန့်နှင့် နေ့လည် ၁၂ နာရီခန့်က တီးမားအုပ်စုနှင့် နမ့်အွန်ကျေးရွာအုပ်စုများအတွင်း နှစ်ဘက် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တီးမားအုပ်စု လုံကန်ရွာ၌ အစိုးရတပ်များက အထမ်းသမားပေါ်တာဆွဲမှုများရှိပြီး အခြေအနေ မတည်မငြိမ် ဖြစ်နေ သောကြောင့် ကျောင်းများပိတ်ထားရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“တီးမားအုပ်စုထဲမှာ အိမ်ခြေ ၅၀၀ လောက်ရှိတာပေါ့ အလယ်တန်းကျောင်းက တစ်ကျောင်းရှိတယ်စစ်တပ် ကလည်း တစ်ရွာကို ပေါ်တာ ၃ ယောက်တောင်းတယ် ဆရာ ၊ ဆရာမတွေကသူတို့လည်းတာဝန်မယူနိုင် ဘူးဆိုပြီး ကျောင်းတွေ ပိတ်လိုက်တာ” ဟု သူက ဆိုသည်။

နမ့်အွန်အုပ်စုအတွင်း ယမန်နေ့ နေ့လည် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း အစိုးရစစ်တပ်မှ စစ်သည် ၃ ဦးကျဆုံးသွားကြောင်း စစ်ဘက်သတင်း ရပ်ကွက် အဆိုအရ သိရသည်။

Most read this week