စားကျက်မြေ သိမ်းပြီး လယ်နှင့် ပုဇွန်ကန် ဖေါ်ထုတ််မူ အရေးယူရန် မင်းပြား အမတ် လွှတ်တော်တင်

စားကျက်မြေ သိမ်းပြီး လယ်နှင့် ပုဇွန်ကန် ဖေါ်ထုတ််မူ အရေးယူရန် မင်းပြား အမတ် လွှတ်တော်တင်
by -
နိရဥ္စရာ သတင်းဌာန

ယမန်နေ့က ကျင်းပသော ပြည်သူ့ လွှတ်တော်တွင် RNDP ပါတီ မင််းပြားမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်စိန်သာက နွားစားကျက်မြေများကို သိမ်းပြီး လယ်မြေနှင့် ပုဇွန်ကန် ဖေါ်ထုတ်နေမူ အရေး ကိစ္စကို တင်ပြဆွေးနွေးခဲ့သည်ဟု သတင်း ရရှိသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက ဦးအောင်စိန်သာ၏ မေးမြန်းချက်နှင့် ပတ်သက်ပြီး ယခုလို ပြောသည်။

Pasture-in-Arakan

" ဦးအောင်စိန်သာက စိုက်ပျိုးရေး ကဏ္ဍမှာ ကျွဲနွားတွေ စားကျက်မြေတွေ တောင်သူ လယ်သမားတွေ အတွက် အရေးကြီးတယ်။ အခု အဲဒီ စားကျက်မြေတွေကို မြန်မာနိုင်ငံ တဝန်းလုံးမှာ စီးပွားရေး သမားတွေက ဒေသခံဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး လယ်ယာမြေတွေ၊ ပုဇွန် မွေးမြူရေး ကန်တွေဖေါ်ထုတ်နေကြ တယ်။ ဒါကို နိုင်ငံတော် အနေနဲ့ သိပါသလား။ အဲသလို လုပ်နေတာကို ဘယ်လို အရေးယူဆောင်ရွက်ပေး မလဲဆိုတာကို မေးမြန်းခဲ့ပါတယ်" ဟု ပြောသည်။

၎င်းပြင် ဦးအောင်စိန်သာက ရခိုင်ပြည်နယ် အတွင်းရှိ စားကျက်မြေ ဧရိယာနှင့် လက်ရှိ စားကျက်မြေများကို သိမ်းယူပြီး လယ်မြေ ဖေါ်ထုတ်မူနှင့် ပုဇွန်ကန် ဖေါ်ထုတ်နေမူ ဧရိယာများကို သိလိုကြောင်းမေးမြန်းခဲ့ သည်ဟု သိရသည်။

ဦးအောင်စိန်သာ၏ မေးမြန်းတင်ပြမူ အပေါ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လိူင်မှ ယခုလို ပြန်လည် ဖြေကြားခဲ့သည်ဟု သူက ပြောသည်။

" ၀န်ကြီး ဦးမြင့်လိူင်က သူတို့အနေနဲ့ သိထားပါတယ်လို့ ပြောပါတယ်။ နောင် တချိန်ချိန်မှာ ဒီကိစ္စ အပေါ် အသေအချာ စိစစ်ပြီး အရေးယူဆောင်ရွက်ပေးသွားမယ်လို့ ပြောဆိုသွားပါတယ်" ဟု ပြောသည်။

အဆိုပါ ဦးအောင်စိန်သာ၏ မေးခွန်းအပေါ် ပြည်ထဲရေးဝန်ကြီး ဦးကိုကိုမှ ဖြေကြားရမည် ဖြစ််သော်လည်း ပြည်ထဲရေး ၀န်ကြီး မရောက်သဖြင့် ဦးမြင့်လိူင်မှ သူ့ကိုယ်စား ဖြေကြားသွားခြင်း ဖြစ်ကြောင်း ဦးဖေသန်းက ဆက်ပြောသည်။

" စားကျက်မြေက ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်မှာ ရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထဲရေး ၀န်ကြီး ဦးကိုကို မရောက်တော့ ဦးမြင့်လိူင်က ကိုယ်စား ဖြေကြားသွားတာ ဖြစ်ပါတယ်။"

ရခိုင်ပြည်နယ်တွင် နွားစားကျက်မြေ အများအပြားကို သိမ်းယူထားသည်မှာ စစ်တပ် တပ်ရင်းများ ဖြစ်ပြီး စစ်တပ်မှ သိမ်းယူထားသော စားကျက်မြေများကို စစ်တပ်ပိုင် လယ်မြေ အဖြစ် ဖေါ်ထုတ်ကာ အများအပြားကို ရခိုင်လယ်သမားများကို သီးစားချထားပြီး ကျန်မြေများကို ဒေသခံ စီးပွားရေး သမားများသို့ရောင်းချထား ကြောင်း သိရသည်။

အများစု စားကျက်မြေများမှာ ရွာသားများ ဘုံပိုင်ဆိုင်သော မြေဖြစ်ပြီး မြေစာရင်းဌာနတွင် ပိုင်ဆိုင်မူ စာရင်း ဖေါက်ထား၍ မရှိသဖြင့် စစ်တပ်က အလွယ်တကူ သိမ်းယူကာ လယ်မြေများ၊ ပုဇွန်ကန်များဖေါ်ထုတ်ထား ကြောင်း သိရသည်။

Most read this week