မြန်မာ-ဘင်္ဂလာ ရေပြင်ပိုင်နက် အငြင်းပွားမူ စက်တင်္ဘာ ၈ ရက်နေ့ စတင် စစ်ဆေးမည်

မြန်မာ-ဘင်္ဂလာ ရေပြင်ပိုင်နက် အငြင်းပွားမူ စက်တင်္ဘာ ၈ ရက်နေ့ စတင် စစ်ဆေးမည်
by -
နိရဥ္စရာ သတင်းဌာန

ဧရာမ သဘာဝ ဓါတ်ငွေ့သိုက်ကြီးများ ရှိနေသည်ဟုု ယူဆနေကြသော မြန်မာနှင့် ဘင်္ဂလာဒေချ့် အကြား အငြင်းပွားနေသော ရေပြင်ပိုင်နက်ကို လာမည့် စက်တင်္ဘာလ (၈) ရက်နေ့ တွင် ကုလ သမဂ္ဂမှ စတင် ကြားနာ စစ်ဆေးတော့မည် ဖြစ်သည်။

Maritime-dispute-between-Bangladesh-Myanmar
အဆိုပါ ကြားနာ စစ်ဆေးမူကို ဂျာမဏီနိုင်ငံ ဟန်းဘက်ဂ် မြို့ရှိ ကုလသမဂ္ဂရဲ့ အိုင်တီအယ်လ်အို လို့ အတိုကောက်ခေါ်သည့် International Tribunal for the law of Sea ဌာနချုပ်တွင် ပြုလုပ်မည် ဖြစ််သည်။

ဘင်္ဂလာဒေချ့်ကို စက်တင်္ဘာလ ၈ ရက်၊ ၉ ရက်၊ ၁၂ ရက်နှင့် ၁၃ရက်နေ့များတွင် စစ်ဆေးမည် ဖြစ်ပြီးု မြန်မာကို စက်တင်္ဘာ ၁၅၊ ၁၆၊ ၁၉ နှင့် ၂၀ ရက်နေ့များတွင် ကြားနာ စစ်ဆေးမည် ဖြစ်သည်။

ဒုတိယ အကျော့ ကြားနာ စစ်ဆေးမူကို ဘင်္ဂလာဒေချ့်အတွက် စက်တင်္ဘာ ၂၁ နှင့် ၂၂ ရက်နေ့များတွင် ပြုလုပ်မည် ဖြစ်ပြီး မြန်မာကို စက်တင်္ဘာ ၂၄ ရက်နေ့တွင် ပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

မြန်မာဘက်ကတော့ တရားသူကြီး အဖြစ် ပင်လယ် သမုဒ္ဒရာနှင့် ရေကြောင်း ပညာရပ်ကိုကျွမ်းကျင် သော ပါမောက္ခ ဘာနက် အိပ်ချ် Bernard H Oxman ကို အဆိုပြု တင်ပြထားပြီး ဘင်္ဂလာဒေချ့်ကတော့ ဂါနာ နိုင်ငံသား Thomas Mensah ကို အဆိုပြုထားကြောင်း သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေချ့် နိုင်ငံအကြား ရေပြင်ပိုင်နက် အငြင်းပွားမူမှာ ၂၀၀၈ ခုနှစ် နိုဝင်္ဘာလတွင် စတင် ဖြစ်ပွားခဲ့သည်။ အဆိုပါ အငြင်းပွားမူကြောင့် နှစ်ဘက် စစ်သင်္ဘောများကို အငြင်းပွားရာ ရေပြင် ပိုင်နက်ထဲသို့ စေလွှတ်ခဲ့ကြသည့် အတွက် နှစ်နိုင်ငံ အကြား ပြဿနာ တင်းမာခဲ့သည်။ နှစ်နိုင်ငံစလုံးက နောက်ပိုင်းတွင် ပြဿနာကို ဆွေးနွေး အဖြေရှာကြရန် သဘောတူညီခဲ့သဖြင့် ပြဿနာမှာ ပြေအေး သွားခဲ့သည်။

နှစ်နိုင်ငံစလုံးက နောက်ပိုင်းတွင် ကုလသမဂ္ဂ၏ အောက်တွင် ရေပြင်ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းရန် သဘောတူခဲ့ကြသဖြင့် ကုလသမဂ္ဂကမှ ခုလို ခုံရုံးကို ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ လွန်ခဲ့သောနှစ် ဒီဇင်္ဘာလ ၁ ရက်နေ့က နောက်ဆုံး အငြင်းပွားမူနှင့် ပတ်သက်သော ပန်ကြားလွှာကို တင်သွင်းခဲ့ပြီး ဘင်္ဂလာဒေချ့်က ဇူလိုင်လ ၁ ရက်နေ့က တင်သွင်းခဲ့သည်။

နှစ်နိုင်ငံကြား ရေပြင်ပိုက်နက် အငြင်းပွားမူကို နောက်နှစ် မတ်လတွင် အဆိုပါ ခုံရုံးက အပြီးသတ် ဖြေရှင်းမည် ဖြစ်သည်။

ဘင်္ဂလာဒေချ့်ဘက်က နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီ ကိုယ်တိုင် ကြားနာ စစ်ဆေးပွဲကို တက်ရောက် မည်ဖြစ်ပြီး သူ့တို့နို်င်ငံအတွက် အမူလိုက်ပါ ဆောင်ရွက်ပေးနိုင်မညိ့ အတိုင်ပင်ခံ အဖွဲ့တဖွဲ့ကိုလည်း နိုင်ငံတကာက ကျွမ်းကျင်သူ ပညာရှင် ၂၁ ဦးနဲ့ ဖွဲ့စည်းထားကြောင်း ဘင်္ဂလာဒေချ့် ထုတ်ဖေါ် ပြောကြားသည်။

အခု အငြင်းပွားရာ ရေပြင်ပိုင်နက်မှာ ဘင်္ဂလာဒေချ့် မြန်မာနယ်စပ်တွင် ရှိပြီး ဧရာမကြီးမားသော သဘာဝ ဓါတ်ငွေ့သိုက်ကြီးတွေ ရှိနေသည်ဟု ယူဆနေကြသည့် အတွက် မြန်မာကရော၊ဘင်္ဂလာဒေချ့် ကပါ အဆိုပါ ရေပြင်ကို လက်လွှတ်မခံဘဲ လိုချင်နေကြသည်။

Most read this week