ကြ့ံဖွံ့ပါတီက လူမျိုးစုပါတီဝင်တွေ ခြိမ်းချောက်

ကြ့ံဖွံ့ပါတီက လူမျိုးစုပါတီဝင်တွေ ခြိမ်းချောက်
by -
ခိုနူမ်ထုန် သတင်းဌာန

ချင်းပြည်နယ်ထန်တလန်မြို့နယ်ကြ့ံဖွ့ံပါတီခေါင်း ဆောင်များက ချင်းအမျိုးသားပါတီဝင် အမျိုးသမီး တဦးအား အစိုးရနှင့် ကြ့ံဖွံ့ပါတီမကောင်းကြောင်း ပြောဆိုချက်အပေါ် ရုံးသို့လာရောက်ရှင်း လင်းရန် သြဂုတ်လ ၁၉ ရက်နေ့က ခြိမ်း ချောက်စာပေးပို့ခဲ့ ကြောင်း သိရသည်။

Chin_national_partyယင်းကိစ္စနှင့် ပါတ်သက်ပြီး မြို့နယ် ကြ့ံဖွံ့ပါတီ အတွင်းရေးမှူးဖြစ်သူ ZaLianthang က Pi Dawtsui အား ရုံးသို့ လာရောက်ရှင်းလင်းရန် တရားဝင်စာဖြင့် နှစ်ကြိမ်တိတိ ခေါ်ယူခြင်းဖြစ်သည်။

” ဒီကိစ္စအတွက် Pi Dawt Sui ( စျေးဆိုင်ပိုင်ရှင်) က ရုံးကို မသွားပဲ အဖေါ်တဦးနဲ့ ဇလျန်ထန်းအိမ်ကို သွားတယ်၊ ဒါပေမဲ့ ဇလျန်ထန်းက အစိုးရပါတီမကောင်းတာ တွေ မပြောကြဘို့၊ ခင်ဗျားတို့ စီအဲန်ပီကို ကြိုက် သလို အရေးယူလို့ရတယ်၊ သတိထားကြ လို့သာ တုံ့ပြန် ခံရတယ်လို့ကြားရတယ် ” ဟု ထန်တလန်မြို့ပေါ်မှ မြို့မိမြို့ဖ တဦးက ပြောသည်။

ခြိမ်းချောက်စာတွင် ပီးဒေါသ်ဆွီးအား သတ်မှတ်ရက်တွင် လာရောက်ခြင်းမရှိပါက အထက်သို့လိုအပ်သ လို တင်ပြသွား မည်ဖြစ်သည်ဟု ပါရှိကြောင်း သို့သော် ပီး ဒေါ်သ်ဆွီးသည် ယနေ့အထိ ရုံးသို့မသွား ကြောင်း သိရသည်။

” ပီးဒေါ်သ်ဆွီးက သူမ မပြောတာမလုပ်တာကို ဘာဖြစ်လို့ သွားမှာလဲလို့ သာ ပြောတယ်” ဟုဆက်ဆို သည်။ဆက်လက်ပြီး အတွင်းရေးမှူးက မိမိတို့ပါတီသည် အစိုးရပါတီဖြစ်သည့်အလျောက် အာဏာကို ကြိုက်သလို သုံးပိုင်ခွင့် ရှိကြောင်း ပြောသွားသည်ဟု သိရသည်။

ကြ့့ံဖွံ့ပါတီ၏ လုပ်ဆောင်မှူသည် ဒီမိုကရက်စီ မဆန်ကြောင်း ၄င်းတို့ ပါတီ အာဏာရတိုင်းထင်တိုင်း ကြဲတာမျိုးသည် ၄င်းတို့ ပါတီအစိုးရအာဏာကို အလွဲသုံးစားလုပ်ခြင်းသာဖြစ်ကြောင်းဝေဖန်ပြောဆို ကြသည်။

” စီပီပီပါတီမှ ပြည်နယ် ကိုယ်စားလှယ် ပူးလာလ်မောင်းကျုံးနဲ့ ပါတီလူကြီးတချို့က ကြ့ံဖွ့ံပါတီမကောင်း တာတွေကို ပြည်ပ သတင်းမီဒီယာတွေကို ပြောတာများတယ်၊ သူတို့လှုပ်ရှားမှူတွေကို အနီးကပ် စောင့်ကြည့်ေ နတယ်လို့ ကြ့ံဖွ့ံ လူကြီး တွေက ပြောကြတယ်”  ဟု အစိုးရ ၀န်ထမ်းတဦးက ပြောသည်။

ယင်းကိစ္စနှင့်ပါတ်သက်ပြီး ပူးလာလ်မောင်းကျုံးအားဆက်သွယ်ရန်ကြိုးစားသော်လည်းခရီးလွန်နေ သည်ဟု သာ တုံ့ ပြန်ကြသည်။