ကျလွန်းထော – ဆင်းရဲသားများကျန်းမာရေးစောင့် ရှောက်မှုအဆင်ပေစေရေးရည်ရွယ်ချက်ဖြင့် ဆရာဝန်များစုပေါင်းဖွဲ့စည်းကာအခမဲ့ဆေးကုခန်း တစ်ခုကိုမွန်ပြည်နယ်မုဒုံမြို့ ၊မြို့မ(၄) ရပ်ကွက်၊ မော်လမြိုင်သံဖြူဇရပ်လမ်းမကြီးအရှေ့၌သြဂုတ်လ ၁၉ရက်နေ့တွင်ဖွင့်လှစ်ခဲ့သည်။
မုဒုံမြို့နယ်ရှိဆရာဝန်များစုပေါင်းဖွဲ့စည်းကာ “ကုသိုလ်ဖြစ်ဆေခန်း”အမည်ဖြင့်ဖွင့်လှစ်ထားသည်ဟု မြို့မ(၄) ရပ်ကွက်မှဒေသခံတစ်ဦးကပြောသည်။
“ဆင်းရဲ၊ချမ်းသာမရွေးဆေးခန်းလာပြလို့ရတယ်၊စပယ်ရှယ်လစ်တော့မရှိဘူး၊ရိုးရိုးဆရာဝန်တွေပဲရှိတယ်၊ခေါင်းကိုက်၊ကိုယ်ပူ၊တုတ်ကွေးလို အထွေထွေရောဂါတွေ ကိုပဲကုပေးနိုင်တယ်၊ရောဂါကြီး ရင်တော့ အထူးကုဆေးခန်းကိုသွားရမယ်” ဟု၄င်းကပြောသည်။
“ကုသိုလ်ဖြစ်ဆေးခန်း ဖွင့်လှစ်သည့်နေ့မှစ၍ယနေ့အချိန်ထိလူနာအနည်းငယ်သာလာရောက် နေသည်ဟုမျက်မြင်ဒေသခံတစ်ဦးကပြောသည်။
ဆင်းရဲမှုလျော့နည်းပပျောက်ရေးအတွက်စီမံချက်ချအကောင်အထည်ဖော်လျှက်ရှိရာဆင်းရဲသူများ၏ကျန်းမာရေးစောင့်ရှောက်မှုအဆင်ပြေစေရေးနှင့်ကျန်းမာရေးပူပင်သောကမရှိစေရေးရည်ရွယ် ချက်ဖြင့်ကုသိုလ်ဖြစ်(အခမဲ့)ဆေးကုခန်းဖွင့်လှစ်ကြောင်းသြဂုတ်လ၂၂ရက်နေ့ထုတ်မြန်မာ့အလင်း သတင်းစာတွင်ဖော်ပြထားသည်။
အခမဲ့ဆေးကုခန်းကိုဖြစ်မြောက်ရေးကော်မတီဥက္ကဌမုဒုံမြို့ခံဒေါက်တာစိုးမြင့်ဝင်းကတာဝန်ယူဆောင်ရွက်သွားပြီးပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်၊ပြည်နယ်လူမှုရေးဝန်ကြီးဌာနဝန်ကြီးဒေါက်တာလှဦးနှင့်မြို့နယ် အုပ်ချုပ်ရေးမှုးဦးခင်မောင်သန်းတို့ကကုသိုလ်ဖြစ(အခမဲ့)ဆေးကုခန်းကိုလာရောက် ဖွင့်လှစ် ပေးခဲ့ခြင်း ဖြစ်သည်။
အထက်မြန်မာပြည်ဘက်တွင်ယခုလိုအခမဲ့ဆေးခန်းများနေရာအနှံ့ဖွင့်နေကြသော်လည်းမွန်ပြည်နယ်မုဒုံမြို့တွင်ပထမဦးဆုံးအကြိမ်ဖွင့်လှစ်ထားသည့်အတွက်မရှိဆင်းရဲသားများအတွက်အလွန် တန်ဖိုးရှိကြောင်းမုဒုံမြို့မှအသက်၂၆အရွယ်လူငယ်တစ်ဦးကပြောသည်။
“မရှိဆင်းရဲသားတွေဆေးကုသစရိတ်မကုန်တော့ဘူး၊ဆရာဝန်တွေလည်းအသင့်ရှိနေတယ်ဆိုတော့အရမ်းကောင်းတာပေါ့၊ဒီလိုမျိုးများများဖွင့်လေပြည်သူတွေ အတွက်အကျိုးရှိလေပဲဟု၄င်းလူငယ် က ပြောသည်။
သို့သော်အခမဲ့ဆေးခန်းများများများဖွင့်နိုင်သော်လည်းလိုအပ်သည့်စက်ကိရိယာနှင့်ဆေးဝါးများလုံလောက်မှုမရှိပါကအခမဲ့ဖွင့်လည်းအသုံးမဝင်နိုင်ကြောင်းရေးမြို့NGOsအဖွဲ့အစည်းမှလူငယ်တစ်ဦး ကပြောသည်။
“ကျနော်တို့နယ်မှာတော့ဘာမှမရှိသေးဘူး၊အခမဲ့ဆေးခန်းဖွင့်တယ်ဆိုတာလွယ်ပါတယ်၊အဓိကရေရှည်သွားဖို့ဆေးဝါးလုံလောက်မှုရှိရမယ်၊ဆရာဝန်တွေလည်းပြည့်စုံ မှရမယ်လေ”ဟု၄င်းကပြော သည်။
အလားတူမွန်ပြည်နယ်မော်လမြိုင်မြို့ရှိပျက်စီးယိုယွင်းနေသည့်ပြည်သူ့ဆေးရုံကြီးကိုအသစ်ပြန်လည်ပြုပြင်ရန်နိုင်ငံတော်၏ခွင့်ပြုငွေဖြင့်မလုံလောက်သည့်အတွက်မြို့မိမြို့ဖများကတာဝန်ယူပြင်ဆင်သွားရန် မွန်ပြည်နယ်ပြည်နယ်လူမှုရေးဝန်ကြီးဌာနဝန်ကြီးဒေါက်တာလှဦးကခွင့်ပြုချက်ပေးခဲ့သည်။
၄င်းအစည်းအဝေးကိုသြဂုတ်လ၁၀ရက်နေ့တွင်ဆေးရုံအုပ်ကြီးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်ဟုပေါ်ပြူလာ(Popular News) သတင်းဌာနကဖော်ပြထားသည်။