၂၁ နှစ်ကာလအတွင်း တပ်မတော်သား ၁၃၅ ဦးကို မုဒိမ်းမူဖြင့် အရေးယူခဲ့ဟု ဆို

၂၁ နှစ်ကာလအတွင်း တပ်မတော်သား ၁၃၅ ဦးကို မုဒိမ်းမူဖြင့် အရေးယူခဲ့ဟု ဆို
by -
နိရဥ္စရာ သတင်းဌာန

သြဂတ်စ်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့ထိ မြန်မာ နိုင်ငံကို လာရောက် လည်ပတ်ခဲ့သော မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အရာရှိ သောမတ်စ် အိုဟေး ကွင်တားနားအား ၂၁ နှစ်ကာလ အတွင်း မုဒိမ်းမူဖြင့် တပ်မတော်သား ၁၃၅ ဦးကို အရေးယူ ခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် လှမင်းက ပြောဆိုသည်။

Burma-military-paradဗိုလ်ချုပ်လှမင်းမှ မြန်မာ စစ်တပ်တွင် ၁၉၉၀ ခုနှစ်မှ ၂၀၁၁ ဇူလိုင်လ အထိ မုဒိမ်းမူဖြင့် တပ်မတော် အရာရှိ ၁၁ ဦး၊ အခြားအဆင့် ၁၂၄ ဦး စုစုပေါင်း ၁၃၅ ဦးကို အရေးယူခဲ့ကြောင်း ပြောသည်။

၎င်းပြင် မြန်မာနိုင်ငံတွင် အဓမ္မပြုကျင့်မူ စွပ်စွဲချက်များမှာ ဆန့်ကျင်ဘက် အဖွဲ့အစည်းများ၊ သောင်းကျန်း သူများက တပ်မတော်ကို အသရေဖျက်ရန်၊ ဂုဏ်သိက္ခာကျဆင်းစေရန် အသုံးပြုနေ သည့် လက်နက် တခုသာ ဖြစ်ကြောင်းဖြင့်လည်း သောမတ်စ် အိုဟေး ကွင်တားနားအားပြောဆို သည် ဟု သိရသည်။

၎င်းပြင် ဗိုလ်ချုပ် လှမင်းက ကလေးစစ်သား စုဆောင်းမူနှင့် ပြောကြားရာတွင် ၂၀၁၁ ခုနှစ်ဇူလိုင်လ ထိ အရွယ်မရောက်သူ ကလေး ၂၃၁၇ ဦးကို မိဘများထံ ပြန်လည် စေလွှတ် ခဲ့ကြောင်းနှင့် တပ်မတော်မှ ပြန်လည် နုတ်ထွက်ခွင့်ပေးခဲ့သူ ကလေး စစ်သား ၅၉၇ ဦးရှိကြောင်း ပြောဆိုသည်။ စည်းကမ်း ဥပဒေနှင့် အညီ စုဆောင်းခြင်း မပြုခဲ့သည့် တပ်မတော် အရာရှိ ၂၁ ဦး၊ အခြားအဆင့် ၁၅၆ ဦး စုစုပေါင်း ၁၇၇ ဦးကို အရေးယူခဲ့ကြောင်း သူက ပြောသည်။

အဓမ္မ လုပ်အားပေး စေခိုင်မူနှင့် ပတ်သက်ပြီးလည်း ILO အဖွဲ့က တိုင်တန်းခဲ့သည့် အမူပေါင်း ၃၈၉ မူတွင် ၁၈၂ မူကို အရေးယူခဲ့ပြီ ဖြစ်ကြောင်းဖြင့်လည်း ပြောဆိုခဲ့ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ပြည်ထောင်စု နိုင်ငံ ဖြစ်သည့် အားလျော်စွာ လူနည်းစု တိုင်းရင်သားများ အပေါ် ဖိနှိပ် အနိုင်ကျင့်မူများ မရှိကြောင်းနှင့် KIO နှင့် တိုက်ခိုက်ရခြင်းမှာလည်း နိုင်ငံတော်၏ အရေးကြီး သော စီမံကိန်းများကို ထိပါး ခြိမ်းခြောက်လာသည့် အတွက် ကာကွယ် ရခြင်းသာ ဖြစ်ကြောင်း သောမတ်စ် အိုဟေး ကွင်တားနားအား ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်လှမင်းကပြောကြားသွား ကြောင်း သတင်း ရရှိပါသည်။

Most read this week