ထိုင်း - မြန်မာနယ်ခြားကော်မတီ ချင်းရိုင်း၌ တွေ့ဆုံ လွယ်လန်းဒေသပြန်ရရေး မြန်မာ တောင်းဆို

ထိုင်း - မြန်မာနယ်ခြားကော်မတီ ချင်းရိုင်း၌ တွေ့ဆုံ လွယ်လန်းဒေသပြန်ရရေး မြန်မာ တောင်းဆို
by -
သျှမ်းသံတော်ဆင့်

ထိုင်း - မြန်မာ နယ်စပ်မြို့နယ်အဆင့်နယ်ခြားကော် မတီ Township Border Committee ဆွေးနွေးပွဲ တရပ်အား ထိုင်းနိုင်ငံ ချင်းရိုင်းမြို့၌ ယမန်နေ့က ကျင်း ပခဲ့ကြကြောင်း သိရှိရပါသည်။

loilang2“မြို့နယ်အဆင့်တွေ့ဆုံပွဲဆိုတော့ နှစ်နိုင်ငံ မြို့နယ်အဆင့် ကိုယ်စားလှယ်တွေက စစ်တပ်ရဲ့ တပ်ရင်းမှူး အဆင့်လောက်ပဲ။ ထိုင်းဘက်ကတော့ နယ်စပ်လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနယ် စပ်ဖြတ်ကျော်မှု စတာတွေ ဆွေးနွေးတယ်။ မြန်မာဘက်ကတော့ ထုံးစံအတိုင်း လွယ်လန်းတောင်ကြောဒေသကိုဘဲ  အပ်ကြောင်း ထပ် တောင်း နေတယ်” - ဟု ထိုင်းနယ်စပ် လုံခြုံရေး အရာရှိနှင့်နီးစပ်သည့် ပုဂ္ဂိုလ်တဦးကပြောပါသည်။

ဩဂတ်စ် ၂၄ ရက်နေ့  ထိုင်းနိုင်ငံချင်းရိုင်းမြို့ ဒူးစစ်အိုင်လဲန်ဟိုတယ်တွင် (၆၈) ကြိမ်မြောက် နှစ်နိုင်ငံ မြို့ နယ်အဆင့် နယ်ခြားကော်မတီ Township Border Committee တို့ တွေ့ဆုံဆွေးနွေးပွဲတရပ်ပြုလုပ်ခဲ့၏။ ထိုင်းဘက်တွင် ဗိုလ်မှူးကြီးဂျီရဒေ့် ကမွန်းဖက်၊ မြန်မာဘက်တွင် ခမရ ၃၃၁ မှ ဒု ဗိုလ်မှူးကြီး ဇေယျာ ဝင်းတို့ ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့၏။ မြန်မာဘက်က နှစ်နိုင်ငံ နယ်မြေပိုင်ဆိုင်မှု လွယ်လန်း ပြသနာ အငြင်း ပွားမှုများ  ဆွေးနွေးပြီး ထိုင်းဘက်က နယ်စပ်ကုန်သွယ်ရေး၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး တိုက်ဖျက်မှု စသဖြင့် ဆွေးနွေးဖလှယ်ကြသည်ဟု ထိုင်းနယ်စပ်လုံခြုံရေး အရာရှိတဦးက ဤကဲ့သို့ ပြောပါသည်။

“မြန်မာဘက်က လွယ်လန်းကိုပေးဖို့တောင်းတယ်။ ဒီကိစ္စ ထိုင်းဘက်က  အခုမြို့နယ်ဆင့်နွေးပွဲက သူတို့မှာ ဆွေးနွေးဖို့ အခွင့်အာဏာမရှိဘူး။ RBC regional Border Committee တိုင်း/ဒေသအဆင့်၊ JBC joint Border Committee နိုင်ငံတော်အဆင့်တွေနဲ့သာ ဆွေးနွေးဖို့ပြောတယ်။ TBC မကြာခဏ တွေ့ဆုံ ပေမယ့် RBC နဲ့ JBC အဆင့်က သိပ်မတွေ့ဖြစ်တော့  မြန်မာဘက်က အခွင့်ရတိုင်း လွယ်လန်း ကိစ္စကို ပြန်ပြန်နွေး နေရတာဖြစ်ပါလိမ့်မယ်”
MTA

လွယ်လန်းပြဿနာနှင့်ပတ်ပြီး MTA အရာရှိဟောင်းတဦးက - ၉၊ ၃၊ ၁၉၈၇ ၌ သျှမ်းပြည်တပ်မတော် (MTA အဖြစ်အသွင်အပြောင်းမှီ) SSA က ထိုင်းဘုရင့်တပ်မတော်အား လွယ်လန်းသဘောတူညီမှု စာချုပ်ချုပ်ဆို ခဲ့ကြောင်း၊ ထိုစာချုပ်တွင် သျှမ်းပြည်တပ်မတော် နှင့် ထိုင်းဘုရင့်တပ်မတော်တို့က - ၁။ လွယ်လန်းဒေသ နှင့် တပ်စခန်း ကာကွယ်စောင့်ရှောက်ဖို့ ထိုင်းတပ်မတော်အားလွှဲပြောင်းပေးအပ်မည်၊ ၂။   လွှဲပြောင်းပေး အပ်ရာ တွင် အဆိုပါလွယ်လန်းဒေသအား ကွန်မြူနစ်ပါတီနှင့် တခြားတပ်ဖွဲ့ထံသို့ မကျရောက်စေရန် ထိုင်းတပ်မှ ကာ ကွယ် စောင့်ရှောက်မှုတာဝန်ယူရမည်၊ ၃။ အကယ်၍တခြားတပ်ဖွဲ့ထံသို့ ကျရောက်သွားပါက ထိုင်း တပ်မတော် မှ ပြန်လည်တိုက်ယူပြီး သျှမ်းပြည်တပ်မတော်မှလွဲ၍  မည်သည့်တပ်ဖွဲ့ထံ လွဲပြောင်းပေး အပ်ခြင်း မပြု လုပ်ရ။ မိမိထံ၌သာ ပြန်လည်လွှဲပြောင်းပေးအပ်ရမည် - စသဖြင့် ပါရှိသည်ဟု ပြောပြပါသည်။

“ဆိုလိုတဲ့သဘောက လွယ်လန်းဒေသကို ထိုင်းက တာဝန်မယူနိုင်ရင် စာချုပ်ချုပ်ပြီးနောက်ပိုင်းမကြာမှီ  MTA အသွင်ပြောင်း သွားတဲ့ သျှမ်းပြည်တပ်မတော်ထံကိုဘဲ ပြန်လည်လွဲအပ်ပေးရမယ်။ အဲဒီအဖွဲ့နဲ့ သက်ဆိုင်တာ ဆိုရင် အခု သျှမ်းပြည်တပ်မတော် RCSS/SSA ဘဲရှိတာဘဲ။ သူက MTA လက်ကျန်ဘဲလေ။ ဒါပေမယ့်အဲဒီ စာချုပ်က စဝ်ယွက်စစ်အဖွဲ့နဲ့ မချုပ်ဆိုထားဘူးဆိုတော့ ခုချိန်မှာ အဲဒီစာချုပ် အာဏာ ဘယ်လောက်ရှိလဲ။ ဘယ် လောက်ထိ အကျုံးဝင်မလဲဆိုတာ ကျနော်လဲ မပြောတတ်ဘူး။ သမိုင်းအမှန်ကတော့ ဒီလိုရှိခဲ့တာ ဘဲ ” - ဟု အဆိုပါ MTA အရာရှိဟောင်းတဦးက ပြောပါသည်။

ဧရိယာ ၃၂ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် လွယ်လန်းတောင် ဒေသသည် ၁၉၀၃ အင်္ဂလိပ် ရေးဆွဲထား သည့်မြေပုံအရ သျှမ်းပြည်ထဲတွင်ပါဝင်၏။ ၁၉၆၂ ဗိုလ်ချုပ်နေဝင်း စစ်အုပ်စု အာဏာသိမ်းချိန်မှ စ၍ သျှမ်း ပြည်သည် ပြည်ထောင်စု အစိတ်အပိုင်းမဟုတ်တော့ဘဲ မူအရ သီးခြားတိုင်းပြည်ဖြစ်နေသည့် အတွက် သျှမ်း ပြည် ၏ မည့်သည့်အစိတ်အပိုင်းမဆို မြန်မာအစိုးရ၊ ထိုင်းအစိုးရ တို့နှင့် မပတ်သက်ဘဲ သျှမ်းပြည်သူလူထု တိုင်းရင်းသားလူမျိုးစုအားလုံးနှင့်သာ သက်ဆိုင်တော့ကြောင်း၊ အနာဂတ်တွင် မည်သည့် နိုင်ငံနှင့် တွဲဖက်နေ လိုသည် မနေလိုသည် ဆိုသည့်ကိစ္စအားလည်း ဒေသခံလူထုဆန္ဒနှင့် သက်ဆိုင်ကြောင်း သျှမ်းမျိုးချစ်ပုဂ္ဂိုလ် တဦးက ဆိုသည်။

Most read this week