မောင်တောတွင် မွတ်ဆလင် သုံးဦးကိုု ငွေညစ်ရန် နစကမှ ဖမ်းဆီးထား

မောင်တောတွင် မွတ်ဆလင် သုံးဦးကိုု ငွေညစ်ရန် နစကမှ ဖမ်းဆီးထား
by -
နိရဥ္စရာ သတင်းဌာန

ဘင်္ဂလာဒေချ့်လက်ကိုင်မိုဘိုင်းဖုံးများကိုင်ဆောင် သည်ဟု စွပ်စွဲပြီး ဖမ်းဆီးခံထားရသောာ မွတ်ဆလင် (၃) ဦးထံမှ တစ်ဦးလျှင် ကျပ် (၂) သိန်းကျစီ နစက တာဝန်ရှိသူများက တောင်းခံထားသည်ဟု သတင်း ရရှိသည်။

" သူတို့ မိသားစုတွေက ဆင်းရဲတယ်။ မပေးနိုင်ဘူး။ ခုလို မပေးနိုင်တဲ့ အတွက် ဒီကနေ့ပါဆိုရင် သူတို့ကို ဖမ်းဆီးပြီး အချုပ်ထဲကို ထည့်ထားတာ သုံးရက်ရှိပြီ" ဟု တောင်ပြိုမှ သူတို့၏ ဆွေမျိုး တစ်ဦးက နိရဥ္စရာသို့ ပြောသည်။
downtown-maungdow250ဖမ်းဆီးခံထားရသူများမှာ ကိုမော်ဟီအူလာ (ဘ) ဦးမူဇာမျာ (၁၈ နှစ်)၊ ကိုခေါ်လီမူလာ (ဘ) ဦးလာလူး (၃၀ နှစ်)နှင့် ဦးနုရ်ဘောချော (၆၀ နှစ်) တို့ဖြစ်ကြသည်။ သူတို့ (၃)ဦးမှာ မောင်တောမြောက်ပိုင်းတောင်ပြိုမြို့ နယ်ခွဲ ရပ်ကွက် (၂) ဖြစ်ကြသည်ဟု သိရသည်။

" သူတို့ကို ဒီလ ၂၁ ရက် တနင်္ဂနွေနေ့ ညနေဖက်မှာ နစက တပ်သား မြတ်မြင့်ထွန်းနဲ့ အဖွဲ့က လာပြီး ဖမ်းသွားပါတယ်။ သူတို့မှာ ဘင်္ဂလာက မိုဘိုင်းဖုံးရှိတယ်။ စစ်ဆေးစရာ ရှိတယ်ဆိုပြီး ခေါ်သွားပါတယ်။ အခု သူတို့ကို ကျပ် (၂) သိန်းနဲ့ လာရွှေးပါဆိုုပြီး အကြောင်းကြားပါတယ်" ဟု ပြောသည်။

အမှတ် (၃) နစက တောင်ပြိုဝဲ ဌာနချုပ် စခန်းတွင် အဆိုပါ မွတ်ဆလင် (၃) ဦးအား ယခုအခါချုပ်နှောင်ထား သည်ဟု သိရသည်။

" နစက နယ်မြေ (၃) မှူးက ဗိုလ်ကြီး မိုးသွင်ဖြစ်ပါတယ်။ မြတ်မြင့်ထွန်းက နစကမှူးရဲ့ တပည့်အရင်းပါ။ အခု မြတ်မြင့်ထွန်းက တောင်ပြိုမှာ သိပ်ဆိုးနေပါတယ်။ သူက သူ့ဆရာ မိုးသွင်ကို လက်ကိုင်ရတော့ ကျွန်တော် မွတ်ဆလင်တွေကို အကြောင်းအမျိုုးမျိုး စွပ်စွဲပြီး ဖမ်းဆီး ငွေတောင်းနေပါတယ်။ဖုံးမရှိတဲ့သူ တွေကိုလည်း ဖုံးရှိတယ်ဆိုပြီး ဖမ်းဆီး ငွေတောင်းနေပါတယ်" ဟု သူက ဆက်ပြောသည်။

မောင်တောမြို့နယ်တွင် ဆက်သွယ်ရေး အတွက် ဒေသခံများက စျေးပေါပေါဖြင့် ရရှိသော ဘင်္ဂလာဒေချ့်မှ ဖုံးများကို တရားမဝင် ကိုင်တွယ် အသုံးပြုနေကြသည်။ ထိုသို့ ကိုင်တွယ် အသုံးပြုသူများကို နစက တပ်ဖွဲ့ဝင် များက ဖမ်းဆီးပြီး ဒဏ်ငွေရိုက်လေ့ရှိသည်။

ဒဏ်ငွေမှာ တသိန်းမှ သုံးသိန်းထိ ပေးရပြီး ရရှိလာသော ဒဏ်ငွေများကို ဒေသခံ နစက အရာရှိများအကြား ခွဲဝေ ယူကြသည်ဟု သိရသည်။ နစကမှ မြတ်မြင့်ထွန်းမှာ ထိုအခွင့်အရေးကို ယူပြီး ဒေသတွင် သောင်းကျန်း နေကာ ဖုံးမရှိသူများကိုလည်း ဖုံးရှိသည်ဟု စွပ်စွဲပြီး ဖမ်းဆီးကာ ငွေညစ်နေကြောင်း ဒေသခံများ က ပြောသည်။ သို့အတွက် တချို့ ဒေသခံ မွတ်ဆလင်များမှာ တောင်ပြိုဘက်မှနေပြီး ဘင်္ဂလာဒေချ့်သို့ ခိုးဝင်ပြီး တိမ်းရှောင် နေကြရသည်ဟု သူက ပြောသည်။

အလားတူ ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ကွမ်းသီးပင် အုပ်စု နံ့သာတောင် ကျေးရွာမှ မော်လဗီ ဆရာ အာဘူအာလောင်ကို နစက နယ်မြေ (၃) မှူး ဗိုလ်ကြီး မိုးသွင်က ဆော်ဒီအာရေဗီးယားမှ ဗလီ ဆောက်ရန် ငွေအလှူခံသည်ဟု ဆိုကာ ဖမ်းဆီးခဲ့ပြီး ငွေ (၅) သိန်း တောင်းခံခဲ့ကြောင်း သိရသည်။

နောက်ဆုံးတွင် ငွေ (၂) သိန်းပေးဖြင့် ပြန်လည် လွှတ်ပေးခဲ့သော်လည်း အချုပ်ထဲတွင် (၂) ညအိပ် ထားပြီးမှ ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် တာဝန်ကျနေသော နစက နယ်မြေမှူးများမှာ ထိုသို့ မွတ်ဆလင်များမှ နည်းမျိုး စုံဖြင့် ငွေညစ် ရရှိနေသဖြင့် ချမ်းသာ ကြီးပွားနေကြပြီး သုံးနှစ်တာဝန် ထမ်းဆောင်ပြီးပါက တသက် လုပ်စားစရာ မလိုအောင်ထိ အရင်းအနှီးများ ရရှိသွားကြသည်ဟု ဒေသခံများက ပြောသည်။

Most read this week