Green Peace သင်္ဘော ဆေးရုံ လုပ်ရန် ဘင်္ဂလာဒေချ့်သို့ လွှဲ

Green Peace သင်္ဘော ဆေးရုံ လုပ်ရန် ဘင်္ဂလာဒေချ့်သို့ လွှဲ
by -
နိရဥ္စရာ သတင်းဌာန

သဘာဝပတ်ဝန်းကျင် လူပ်ရှားမူ အဖွဲ့ Green peace International မှ ၂၂ နှစ်ကြာ အသုံးပြုခဲ့ သော သင်္ဘော တစ်စီးကို ရေပေါ် ဆေးရုံ အဖြစ် အသုံးပြုရန် ဘင်္ဂလာဒေချ့်နိုင်ငံသို့ လွှဲပြောင်း ပေးအပ် လိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါသင်္ဘောကို Greenpeace လူပ်ရှားမူ အဖွဲ့မှ ဘင်္ဂလာဒေချ့် ဒေသ အန်ဂျီအို တခုဖြစ်သော Friendship သို့ သြဂတ်စ် ၁၆ ရက်နေ့က စင်္ကာပူနိုင်ငံတွင် လွှဲပြောင်း ပေးအပ်လိုက်သည်။

green-peace-ship-bangladeshအဆိုပါ သင်္ဘောကို ရေပေါ် ဆေးကုသရာ ဆေးရုံ တစ်ခု အဖြစ် ပြုလုုပ် ဖန်တီးပြီး ဘင်္ဂလာဒေချ့် ကမ်းခြေ တလျှောက် တည်ရှိသော ကျေးရွာများတွင် လှည့်လည် ဆိပ်ကပ်ပြီး ဆေးကုသ ပေးသွားမည် ဖြစ်သည်။

ယခု လွှဲပြောင်းပေးလိုက်သော သင်္ဘော အမည်မှာ သက်တံ့ စစ်သည်တော် Rainbow Warrior II သင်္ဘော ဖြစ်ပြီး ၂၂ နှစ်ကြာအောင် သဘာဝ ပတ်ဝန်းကျင် ခုခံကာကွယ်ရေး လုုပ်ငန်းတွင် ဆောင်ရွက်ခဲ့သော သင်္ဘော ဖြစ်သည်။

အဆိုပါ သင်္ဘောသည် ရှေ့လ စက်တင်္ဘာတွင် ဘင်္ဂလာဒေချ့်သို့ ရောက်ရှိမည် ဖြစ်ပြီး ရာသီဥတု ပြောင်းလဲမူကို ဆိုးဆိုးရွားရွား ခံစားနေကြရသော ပင်လယ် ကမ်းခြေ ဒေသမှ ဘင်္ဂလီ ပြည်သူများကို အဓိက ဦးစားပေးကာ ဆေးဝါး ကုသ သွားမည် ဖြစ်ကြောင်းသိရသည်။

ယခု သင်္ဘောအား လွဲပြောင်း လက်ခံသော အန်ဂျီအို Friendship မှာ ဘင်္ဂလာဒေချ့်တွင် လူမူ ကယ်ဆယ်ရေး လုုပ်နေသည်မှာ ဆယ်စုနှစ်နှင့် ချီပြီး ကြာမြင့်နေပြီ ဖြစ်သည်။ အဆိုပါ အန်ဂျီသည် ဘင်္ဂလာဒေချ့်၏ ပထမဆုံး ရေပေါ် ဆေးရုံ တစ်ခုကို ၂၀၀၁ ခုနှစ်က စတင် တည်ဆောက်ခဲ့သည်။

Most read this week