နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းဝန် အဆင့် ဆွေးနွေးပွဲ ဘင်္ဂလာ- မြန်မာ ပြုလုပ်မည်

နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းဝန် အဆင့် ဆွေးနွေးပွဲ ဘင်္ဂလာ- မြန်မာ ပြုလုပ်မည်
by -
နိရဥ္စရာ သတင်းဌာန

ဘင်္ဂလာဒေချ့်နှင့် မြန်မာ အကြား ရှစ်လကြာ ရပ် နားထားသော နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဌာန အတွင်းဝန် အဆင့် ဆွေးနွေးပွဲကို ယခုလ ၂၄ ရက် နေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Bngladeshh_Myanmar-meeting
အဆိုပါ ဆွေးနွေးပွဲမှာ ၂ ရက်ကြာမြှင့်မည် ဖြစ်ပြီး မြန်မာနိုင်ငံ မြို့တော် နေပြည်တော်တွင် ပြုလုပ်မည်ဖြစ် ကြောင်း ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ မွတ်ဆလင် ဒုက္ခသည်များကိစ္စ၊ လုံခြံုရေး ကိစ္စနှင့် ရေပြင်ပိုင်နက် အငြင်းပွားမူ ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်သည်။

ဘင်္ဂလာဒေချ့်မှ နိုင်ငံခြားရေး ၀န်ကြီး အတွင်းဝန် Mijarul Queyas ဦးဆောင်သော ၂ ဦးပါ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်မည် ဖြစ်သည်။

ဘင်္ဂလာဒေချ့်နှင့် မြန်မာ အကြား နိုင်ငံခြားရေး အတွင်းဝန် အဆင့် ဆွေးနွေးပွဲကို ၂၀၁၀ ခုနှစ် ဒီဇင်္ဘာလ ၂၈ ရက်နေ့က ဘင်္ဂလာဒေချ့် နိုင်ငံ ဒက္ကားမြို့တော်တွင် ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရေနံနှင့် ဂတ်စ် ရှာဖွေတူးဖေါ်ရေး ကိစ္စ၊ ရခိုင်ပြည်နယ်ဘက်မှ မွတ်ဆလင်များ ဘင်္ဂလာကို ၀င်ရောက်နေသော ကိစ္စ၊ မူးယစ် မှောင်ခို၊ လူကုန်ကူးမူ ကိစ္စရပ်များကို တားဆီးရန်ဆွေးနွေး ခဲ့ကြသည်။

သို့သော်လည်း ဆွေးနွေးမူများမှာ ယခုအချိန်ထိ တစုံတရာ တိုးတက်သော အခြေအနေသို့ ရောက်ရှိခြင်း မရှိကြောင်း ဘင်္ဂလာဒေချ့် အာဏာပိုင်များက ပြောသည်။

Most read this week