နေပြည်တော်သတင်းစာ ရှင်းလင်းပွဲ အကြောင်းပြုပြီး ပင်လုံသဘောတူညီချက် များကို ပြန်လည် ဖော်ဆောင်ဖို့ RCSS/SSA တုန့်ပြန်

နေပြည်တော်သတင်းစာ ရှင်းလင်းပွဲ အကြောင်းပြုပြီး ပင်လုံသဘောတူညီချက် များကို ပြန်လည် ဖော်ဆောင်ဖို့ RCSS/SSA တုန့်ပြန်
by -
သျှမ်းသံတော်ဆင့်

နေပြည်တော်၌ ကျင်းပသောသတင်းစာရှင်းလင်းပွဲ မှ တိုင်းရင်းသားများအပေါ် ပြန်ကြားရေးဝန်ကြီး၏ စွပ်စွဲချက်အား RCSS/SSA က ပင်လုံသဘော တူညီချက် များကိုအကောင်အထည်ဖော်ဆောင်ရန် ယမန် နေ့ကကြေငြာချက်တစောင်ထုတ်ပြန်ခြင်း ဖြင့် တုန့် ပြန်ခဲ့ သည်။

kyawsan-4
ဩဂတ်စ်လ ၁၂ ရက် ၌ ကျင်းပသော နေပြည်တော် သတင်းစာရှင်းလင်းပွဲမှ နိုင်ငံတော်ပြောရေးဆိုခွင့်နှင့် သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ ရှင်းလင်းပြောကြားချက်တွင်- မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွါးနေသော လက်နက်ကိုင်တိုင်းရင်းသားများအကြောင်း၊ KIO/KIA ကချင်တပ် များနှင့် ပဋိပက္ခ၊ လက်နက် ကိုင်တိုင်းရင်းသားများပူးပေါင်း ဖွဲ့စည်းသော CEFU ၊ UNFC အကြောင်းအပြင် နောက်ဆုံးတွင် SSPP/SSA ဝမ့်ဟိုင်း အကြောင်းနှင့် RCSS/SSA အကြောင်းများပါရှိကာ တိုင်းရင်းသားများ အား ရန်သူသဘောထား၍ ပုတ်ခတ်ပြောကြားခဲ့ သည် ဟု အဆိုပါထုတ်ပြန်ချက်ကဆိုပါသည်။

ဇွန်လ ၂၄ ရက် နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်တို့တွင် ဖြစ်ပွါးခဲ့သော ဗုံးပေါက်ကွဲမှုမှ လက်သည်များကို ဖမ်းဆီးရမိ ခဲ့ကြောင်း၊ အဆိုပါလက်သည်များထွက်ဆိုချက်အရ ၎င်းတို့အား ဒုဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင် သော သျှမ်းပြည်တပ် မတော်က ငွေကြေးပေးပြီး ချိန်ကိုက်ဗုံးလုပ်ခိုင်းခြင်းဖြစ်ကြောင်းလည်း ဦးကျော်ဆန်းက ရှင်းလင်းချက်တွင်ထည့်သွင်း ပြောဆို ခဲ့သည်။

အဆိုပါရှင်းလင်းချက်များပါ “တိုင်းရင်းသားများအားမဟုတ်မမှန်စွပ်စွဲချက်များ၊ရေးသားဖော်ပြချက်များကိုရည် ညွှန်း၍ ” ဟုဆိုကာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA က “အတိုက် အခံ တိုင်းရင်းသား လူမျိုးစုများကို ရန်သူသဘောထားပြီး သောင်းကျန်းသူအဖျက်သမားများဟု စွပ်စွဲနေမည့် အစား လက်ရှိအာဏာပိုင်အစိုးရ အနေဖြင့် ပင်လုံသဘောတူညီချက်ကိုပြန်လည်သုံးသပ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးအလေးအနက်ရှေးရှုလုပ် ဆောင်ပါက ပိုမိုသင့်တော်မည်” ဟုကြေငြာချက် တွင်ဖော်ပြထားပါသည်။

၁၉၄၇ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် နယ်ခြားဒေသခေါင်းဆောင်များရေးထိုးခဲ့သည့် ပင်လုံစာချုပ်တွင် တိုင်းရင်းသား တို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတို့ကို အာမခံချက်ပေးထားသည်။

မြန်မာအစိုးရ စွပ်စွဲပြောဆိုရေးသားမှုထက် ပျက်စီးရာပျက်စီးကြောင်းလုပ်ငန်းများကို သျှမ်းပြည်တပ်မတော် အနေဖြင့် ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်သည့် အနေအထားတွင်ရှိသော်လည်း လုပ်ဆောင်ရန်ရည်ရွယ်ချက် မရှိ ကြောင်း၊ အထူးသဖြင့် သျှမ်းပြည်တပ်မတော်သည်အဖျက်အမှောင့်သောင်းကျန်းမှုနှင့်သက်ဆိုင်သော လုပ်ငန်း များ လုပ်ဆောင်ရန် ပေါ်လစီမရှိကြောင်း အချက် ၃ ချက်ဖြင့် ကြေငြာခဲ့သည်။

ဩဂတ်စ်လ ၁၅ ရက် ရက်စွဲပါ သျှမ်းပြည်တပ်မတော်၏ ထုတ်ပြန်ကြေငြာချက်ကို သျှမ်း၊ မြန်မာ ၂ဘာသာ စလုံး ဖော်ပြ ထားသည်။

KIO နှင့်ပတ်သက်သည့် ဦးကျော်ဆန်း၏ စွပ်စွဲ ပြောဆိုချက်သည်လည်း “ အခြေအမြစ်မရှိ၊ အဓိပ္ပါယ်မရှိ” ဟု KIO က တနင်္လာနေ့ကတုန့်ပြန်ပြောဆိုကြောင်း ဧရာဝတီသတင်းဌာန ကလည်းဖော်ပြထားသည်။