၄၄ နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့နှင့် ၂၁ နှစ်မြောက် ဦးဦးသာထွန်းနေ့ကို ဂျပန်၊ မလေး၊ နှင့် အမေရိကန် တို့တွင် ကျင်းပ

၄၄ နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့နှင့် ၂၁ နှစ်မြောက် ဦးဦးသာထွန်းနေ့ကို ဂျပန်၊ မလေး၊ နှင့် အမေရိကန် တို့တွင် ကျင်းပ
by -
နိရဥ္စရာ သတင်းဌာန

၄၄ နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့နှင့် ဆရာကြီး ဦးဦးသာထွန်းနေ့တို့ကို မလေး၊ဂျပန် နှင့် အမေရိကန် နိုင်ငံတို့တွင် ရောက်ရှိနေကြ သည့် ရခိုင်အမျိုးသားများက ကျင်းပခဲ့ကြ ကြောင်း သတင်းရရှိသည်။

Malaysia-ALD-ARAKANအမေရိကန်တွင် ပြုလုပ်သည့်အမ်းအနားကို အမေရိကန်ရောက် ရခိုင်လူမျိုးများစုပေါင်းပြီး နယူးယောက် ပြည်နယ် ဗဖလိုးမြို့ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတကျောင်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် သြဂတ်(စ်)လ ၁၃ ရက်နေ့က စစ်တွေမြို့လမ်းမထက်တွင် ဆန်ရရှိရေးအတွက် တိုက်ပွဲဝင် ကျဆုံးသွားခဲ့ကြသည့် ရခိုင်ပြည်သူများအားရည်စူးပြီး ဆန်အိတ်များလှူဒါန်းကာ ရေစက်ချ အမျှပးဝေခဲ့ကြ ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံတွင်လည်း ၄၄ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့နှင့် ၂၁ နှစ်မြောက် ဆရာကြီး ဦးသာ ထွန်းနေ့ကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ)မှဦးဆောင်ပြီး ယမန်နေ့ နေ့လည် (၂)နာရီမှ(၅)နာရီအထိ တိုကျိုမြို့ IKEBUKURO,KUMIN CENTER တွင် ကျင်းပခဲ့သည်။

အခန်းအနားတွင် သဘာပတိအဖြစ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဥက္ကဌ ဦးလှအေးမောင်မှ ဆောင် ရွက်ပြီး အခန်းအနာမှုးအဖြစ် တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ကိုမောင်မောင်မျိုးလှိုင်မှ ဆောင်ရွက်ခဲ့ သည်။

အာဏာပိုင်များ၏ ခြိမ်းခြောက်မှုကြားမှ အသက်စွန့်ပြီး ဆရာကြီး ဦးဦးသာထွန်းမှာ ရခိုင်သမိုင်းကို ကမ္ဘာသိေ အာင် ဖော်ထုတ်ခဲ့သည့်အပြင် ၈၈၈၈လှုပ်ရှာမှုအပြီးတွင်လည်း ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်ပြီး ရခိုင် အမျိုးသားးစည်းရုံးရေးကို လုပ်ဆောင်ခဲ့သည့်အတွက် နဝတ စစ်အစိုးရမှ ဆရာကြီးအား မတရားဖမ်းဆီးပြီး စစ်တွေအကျဉ်းထောင်တွင် ညှဉ်းပမ်းသတ်ဖြတ်ခဲ့သည့် အကြောင်းများကို တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ကိုမောင်မောင်မျိုးလှိုင်မှ ပြန်ပြောင်းပြောပြခဲ့ကြောင်း အခမ်းအနားတက်ရောက်ခဲ့သူတဦးက ပြောသည်။

အခန်းအနားသို့ ဂျပန်ရောက် ရခိုင်အမျိုးသား ၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မလေးရှားနိုင်ငံတွင်လည်း ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ် (မလေးရှား) မှ ဦးဆောင်ပြီး စစ်တွေ ဆန်ပြဿနာနေ့နှင့် ဆရာကြီး ဦးဦးသာထွန်းနေ့တို့ကို ယမန်နေ့က ပူးတွဲကျင်းပခဲ့သည်။

အခမ်းအနားသို့ အင်အား ၆၀ ကျော်တက်ရောက်ခဲ့ပြီး စစ်တွေထောင် အတွင်း နဝတစစ်အစိုးရ နှိပ်စက်မှု ကြောင့် ကျဆုံးခဲ့ရသည့် ဆရာကြီး ဦးသာထွန်းအားရည်စူးပြီး မီးတိုင်များ ထွန်းုညှိ ဆုတောင်းခဲ့ကြကြောင်း အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ စစ်တွေ ဆန်ပြဿနာနေ့နှင့် ဆရာကြီး ဦးသာထွန်းနေ့နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားကောင်စီ၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံးနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်ပတို့မှ လည်း ကျေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Most read this week