နစက ဗဟိုစျေးမီးလောင်၊ မသင်္ကာမူနှင့် လူ ၃ ဦးကို ဖမ်းဆီး တရားစွဲ

နစက ဗဟိုစျေးမီးလောင်၊ မသင်္ကာမူနှင့် လူ ၃ ဦးကို ဖမ်းဆီး တရားစွဲ
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် မောင်တောမြို့တွင်အခြေစိုက်ထား သော နစက ဌာနချုပ်စျေးတွင် သြဂတ်စ်လ ၁၁ ရက်နေ့ ညဉ့်က မီးလောင်မူ ဖြစ်ပွားရာမသင်္ကာ သူ လူသုံးဦးကို ဖမ်းဆီး တရားစွဲဆို လိုက်ကြောင်း သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ ဒေသခံ တစ်ဦးက အခြေအနေ အရပ်ရပ်ကို ယခုကဲ့သို့ ပြောသည်။

" မီးလောင်တဲ့အတွက် ဆိုင်ခန်း ၈ ခန်းမီးထဲပါသွားတယ်။ သြဂတ်စ်လ ၁၁ ရက်နေ့ ညဉ့် ၁၂ နာရီခန့်မှာ လောင်တာ ဖြစ်ပါတယ်။ အဲသလို လောင်ပီးတဲ့ နောက်မှာ မသင်္ကာမူနဲ့ လူ ၃ ဦးကို ဖမ်းဆီးပြီး မနေ့က ချက်ချင်း တရားရုံးတင်ပြီး တရားစွဲဆိုခဲ့ပါတယ်" ဟု ပြောသည်။

ဖမ်းဆီး တရားစွဲခံရသူ ၃ ဦးမှာ နစက ဌာစက ဌာနချုပ်တည်ရှိရာ ကျီးကန်းပြင်ရွာမှ ဖြစ်ပြီး ၃ ဦးစလုံးမှာ မွတ်ဆလင်များဖြစ်ကြောင်း သိရသည်။

" သူတို့ကို နံနက် ၁၁ နာရီခန့်မှာ မောင်တောမြို့နယ် တရားရုံးကို တင်တာ တွေ့ရတယ်။ ဖမ်းဆီး တရားစွဲခံတဲ့ မွတ်ဆလင်တွေရဲ့ နာမည်တော့ မရဘူး။ သူတို့က မီးရှို့တယ်ဆိုပြီး တရားရုံး တင်တာ ဖြစ်တယ်လို့ သိရပါတယ်" ဟု သူက ဆက်ပြောသည်။

အဆိုပါ မီးမှာ လဘက်ရည်ဆိုင်တွင် ဗွီဒီယို ပြသနေစဉ် စတင် လောင်ကျွမ်းခြင်း ဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိ သူများနှင့် ဆိုင်ပိုင်ရှင်များ အပြစ် ဖြစ်မည် စိုးသဖြင့် မွတ်ဆလင် ၃ ဦးကို ဖမ်းဆီးပြီး မီးရှို့သည်ဟု စွပ်စွဲကာ တရားစွဲဆိုခြင်း ဖြစ်ကြောင်း တခြား ဒေသခံ တစ်ဦးက ပြောသည်။

ယခု မီးလောင်ကျွမ်းသွားသော ဆိုင်များမှာ နစကပိုင် ဆိုင်ခန်းများ ဖြစ်ပြီး မီးလောင်မူကြောင့် သိန်းပေါင်း ၂၀၀ ခန့် ဆုံးရှံုးသွားကြောင်း သိရသည်။

Most read this week