မီဇိုရမ်တွင် မြန်မာနိုင်ငံသား နှစ်ဦး လက်နက် ၃ လက် နှင့် အတူ ဖမ်းမိ

မီဇိုရမ်တွင် မြန်မာနိုင်ငံသား နှစ်ဦး လက်နက် ၃ လက် နှင့် အတူ ဖမ်းမိ
by -
ခိုနူမ်ထုန် သတင်းဌာန

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ် အာဏာပိုင်များက မြန်မာနိုင်ငံသား နှစ်ဦးကို လက်နက် ၃လက် နှင့် အတူ သြဂုတ်လ ၁၀ရက် နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပြည်နယ်ရဲ ၊ ထောက်လှမ်းရေးအဖွဲ့နှင့် 14th Assam Rifles များ ပူးပေါင်းကာ မီဇိုရမ်ပြည်နယ် နယ်စပ်မြို့ Champhai Bethel ရပ်ကွက်တွင် နေထိုင်သူThangkhanmunga နေအိမ်တွင် AK-56 ၃ လက် နှင့်ကျည် ဘောက် ၃ ခုကို ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

အဖမ်းဆီးခံ မြန်မာနိုင်ငံသား နှစ်ဦးမှာ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းကလေးမြို့နယ် Khawmawiကျေးရွာနေ Khaikhanlian (50) နှင့် Suitian (37)တို့ဖြစ်ကြပြီး ၄င်တို့ကို Champhai ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါလက်နက်များကို မီဇိုရမ်ပြည်နယ်မှတဆင့် အိန္ဒိယ အရှေ့မြောက်လူမျိုးစုလက်နက်ကိုင်များထံ ပြန်လည်ရောင်း ချရန် ဖြစ်နိုင်ကြောင်းပြောဆိုကြသည်။

ဖမ်းဆီးထားသော လက်နက် ၃ လက်၏ ကာလပေါက်စျေးမှာ ရူပီးငါးသိန်းကျော်ဖြစ်မည်ဟု ကုန်သည် တဦးက ပြောသည်။

ယခုနှစ်တွင် မီဇိုရမ်အခြေစိုက် အာသံရိုင်ဖယ်တပ်များသည် အိန္ဒိယ မြန်မာနယ်စပ်ဒေသများတွင် လုံခြုံရေး ပိုမို တင်းကျပ် နေကြောင်းသတင်း များအရသိရသည်။

Most read this week