မြန်မာနိုင်ငံမှာ အစိုးရသစ် အာဏာရလာတာ လေးလကျော်ကြာပေမယ့် ပြည်တွင်းငြိမ်းချမ်း ရေး အရိပ်အယောင် မတွေ့ ရဘဲတိုင်းရင်းသား ဒေသတွေမှာ နေ့စဉ်ဆိုသလိုတိုက်ပွဲတွေဖြစ်နေ ပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့်လည်း ဒေသခံလူထု သောင်းနဲ့ချီ စစ်ဘေးစစ်ဒဏ်ခံခဲ့ရပါတယ်။ ငြိမ်းချမ်းရေးအတွက် ရှေ့ ရှုပြီး အပစ်ရပ်ဖို့ဒေါ်အောင်ဆန်း စုကြည်အပါအဝင်၊ နိုင်ငံ တကာအဖွဲ့အစည်းတွေ၊အစိုးရ မဟုတ်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေလည်းနည်း အမျိုးမျိုးနဲ့ အစိုးရသစ်ကို အသီးသီးတိုက်တွန်း တောင်းဆို ခဲ့ကြပါတယ်။ လူထု ရွေးကောက်ထားတဲ့ပြည်သူ့ လွတ်တော် ၂၃ ယောက် ကလည်းငြိမ်းချမ်းရေးလိုလား သူများ အတွက် ဆိုပြီးတော့စုပေါင်းလက်မှတ်ရေးထိုး ထားတဲ့အိပ်ဖွင့်ပေးစာတစောင်ပေး ပို့ပါတယ်။ အစိုး ရပိုင်သတင်း စာမှာ ပြီးခဲ့တဲ့ ၉ ရက် နေ့က ထုတ်ပြန်ခဲ့ပါ တယ်။ ဒါ့အပြင် ၁၀ ရက်နေ့ကလည်းသျှမ်းအမျိုးသမီး များ ဆက် သွယ်ပူးပေါင်း ဆောင်ရွက်ရေး အသင်း SWAN က စစ်ပြေးဒုက္ခသည်များအကူအညီလိုလုပ်နေ ကြောင်း ကြေငြာချက် တစောင်ထုတ်ပြန် ခဲ့ ပါတယ်။
“ စစ်ဘေးစစ်ဒဏ် ခံနေရတာ သျှမ်းပြည်အလယ်ပိုင်း ၉ မြို့နယ် ဒေသခံလူထု စုစုပေါင်း ၃ သောင်း ၂ ထောင် လောက် ဟာ အိုးအိမ်စွန့်ခွါပြီး အများစုက တောတောင်တွေထဲမှာ ပုန်းခိုနေကြရ ပါတယ်။ ဒီစစ်ပြေးဒုက္ခသည် တွေဟာ မိုးတွင်းကာလလဲ ဖြစ်နေတော့ နေမကောင်းဖြစ်ကြတယ်။
ဝမ်းရောဂါငှက်ဖျားရောဂါတွေကူးစက်ကြပြီး ဆေးဝါးမရှိ ကြတဲ့အတွက် သေဆုံး ခဲ့ကြရတယ်။ ဒီဒုက္ခသည် တွေအထိ အကူအညီတွေ ရောက်အောင် ကမ္ဘာကို ကျမတို့က ပြောပြလိုက်တာ ဖြစ်ပါတယ်”လို့ ရှမ်းအမျိုးသမီးများအသင်း ပြောခွင့်ရပုဂ္ဂိုလ် ယိင်းဟန်ဖှကပြော ပါတယ်။
သျှမ်းအမျိုးသမီးများအသင်း၊ လူ့အခွင့်အရေးလှုပ်ရှားမှုအသင်းနဲ့ပြည်တွင်းပြည်ပလူထုပူးပေါင်းမှုနဲ့ကြေငြာ ချက် ထုတ် ပြန်ခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်သမားကတ်၊တရားဝင်နေထိုင်ခွင့်ကတ်လုပ်ပေး နေချိန်မှာ မြန်မာစစ်တပ်ရဲ့ ပေါ်တာဆွဲရာကနေ နယ်စပ်ကို ထွက်ပြေးလွတ်မြောက်လာတဲ့ မိုင်းရယ်ဒေသခံ စိုင်းစာလိန္ဒကတော့-
“ကျနော် မြန်မာစစ်တပ်ရဲ့ ပေါ်တာဆွဲ လမ်းပြခိုင်းတာ ၁၀ ရက်လောက် ခံလိုက်ရတယ်။ကျနော်တို့ရွာ အပါအဝင် ကျနော် တို့ ရဲ့ပတ်ဝန်းကျင်ရွာ ၆ ရွာ ရ ရွာက လူ ၃၀၀-၄၀၀ လောက်အကုန်လုံးထွက်ပြေး ကုန်ကြပြီ။ ဘယ်သူမှ ရွာထဲမှာ မနေရဲဘူး။ တွေ့ရင်ပေါ်တာဖမ်းတယ်။ မလိုက်ရင်ရိုက်တယ်။ သူပုန် အဆက်အသွယ်လို့ စွပ်စွဲပြီး သတ်တယ်။ ဒီတော့ ဗမာတွေ မရောက်နိုင်တဲ့ တောနက်ထဲ ပုန်းခိုကြရတယ်။ အငတ်ငတ် အပြတ်ပြတ်ဘဲ။”
အဲဒီဒေသ တောတွင်းပုန်းနေရတဲ့ စစ်ပြေးဒုက္ခသည်တွေကတော့ မိုင်းရယ်မြို့နယ် နမ့်လောင်း၊ မိုင်းကောင်၊ ခိုတွန်း၊ တေးခိုင်း နဲ့ လွယ်လင်ရွာ တွေကဖြစ်တယ်လို့ သူကပြောပါတယ်။
၁၉၉၆ သျှမ်းပြည်အလယ်ပိုင်း တောင်ပိုင်းက ကျေးလက်ဒေသခံတွေကို ရပ်ရွာအဓမ္မပြောင်းရွှေ့ခိုင်း တုန်းက လည်း ထိုင်း နယ်စပ်ဖက် ထွက်ပြေးခိုလုံတဲ့ဒုက္ခသည်တွေ သိန်းနဲ့ချီရှိခဲ့ပါတယ်။ အဲဒီအချိန် ကလည်းတိုက်ဆိုင် စွာ ထိုင်းအစိုးရက အလုပ်သမားကတ်၊ ထိုင်းနိုင်ငံအတွင်း ယာယီနေ ထိုင်ခွင့်ကတ်တွေလုပ်ပေးခဲ့ဖူး တယ်လို့ နယ်စပ်နေ သျှမ်းအမျိုးသား လှုပ်ရှားသူတဦးကပြောပါတယ်။
ဒီ ဒုက္ခသည်တွေ စစ်ဘေးစစ်ဒဏ်က ကင်းလွှတ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် နိုင်ငံရေးစားပွဲ ဝိုင်းထောင်ပေးဖို့ မြန်မာအစိုးရသစ်ကို ကမ္ဘာက ဖိအားပေးလာအောင် ဆက်လက်တိုက်တွန်း သွားမယ်လို့လဲ ယိင်းဟန်ဖှက ပြောပါ တယ်။
တဖက်တလမ်းကလဲ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရစစ်တပ်ကြား ပစ်ခတ်တိုက်ခိုက်နေတာ ရပ်တန့်ဖို့ တိုက်တွန်းချက်အပါအဝင် အစိုးရအဆက်ဆက်ကငြိမ်းချမ်းရေးလုပ်ဆောင်နေတာမအောင်မြင်တဲ့ ကိစ္စ နဲ့ပတ်သက်ပြီး တိုင်းရင်းသားအမတ် စုစုပေါင်း ၂၃ ယောက်က အိပ်ဖွင့်ပေးစာ ပို့ပေးလိုက်ပါတယ်။ ကြံ့ခိုင်ရေး ပါတီက တိုင်းရင်းသား အမတ်တွေအပြင် ကျားဖြူပါတီဝင်တွေရဲ့ပြည်သူ့လွှတ်တော်အမတ်တွေဖြစ် တဲ့ ဒုဥက္ကဌ ဦးစိုင်းဆောင်ဆီ၊ စိုင်းသီဟကျော်၊ နန်းဝါနု၊ ဒေါ်နန်းနွံတို့ပါ၀င်လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ အစိုးရရဲ့သတင်းစာ မှာ ဖေါ်ပြထားပါတယ်။
ပေးစာရဲ့ ပထမအပိုဒ်မှာ တိုင်းရင်းသားပြည်သူတွေ နှစ်ပေါင်းမှားစွာ စစ်ဘေးစစ်ဒဏ်ခါးစည်းခံခဲ့ရပြီးပြည် တွင်း လက်နက် ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံဖွံ့ဖြိုးမှုနောက်ကျခဲ့ရတယ်။ မြန်မာနိုင်ငံ အစိုးရအဆက် ဆက်ကလဲ ပြည်တွင်းငြိမ်းချမ်းရေး အတွက် နည်းလမ်းအမျိုးမျိုးရှာခဲ့ရတယ်လို့ ဆိုထားပါတယ်။
ကျောက်မဲမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လဲဖြစ် ကျားဖြူပါတီ ခေါ် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ ဒုက္ကဌလဲ ဖြစ်တဲ့ ဦးစိုင်းဆောင်ဆီက အခုလိုပြောပါတယ်။
“ရှုပ်အောင်လုပ်တာ၊ ရန်ဖြစ်တာအရမ်းလွယ်တာ၊ နှစ်ဘက်စလုံး အမှားတွေလုပ်ခဲ့တယ်။ အဲဒီအမှားတွေကို ဖြေရှင်းလို့ မရကြဘူး။ ဒီလိုဘာကြောင့် ငြိမ်းချမ်းမှုမရတာလဲဆိုတာ ကျနော်တို့ သိရမယ်။ အဲဒါမှ နောက်အတွက် အဖြေရှာလို့ရမယ်။ အခုဘဲမဟုတ်ပါဘူး။ နောက်လဲ ကိုယ့်မိခင်ပါတီကနေ စာထုတ်ပြန်ဦးမယ်။ အဓိက ပြည်သူတွေငြိမ်းချမ်းဖို့ဘဲ”
ပေးစာ ဒုတိယ အပိုဒ်မှာတော့ ‘အသိအမှတ်ပြု’ ဆိုတဲ့ခေါင်းစဉ်နဲ့ ငြိမ်းချမ်းရေးအတွက်ဒေသတာဝန်ရှိတိုင်းရင်း သား ခေါင်းဆောင်တွေ နယ်မြေဒေသအလိုက်၊ အဖွဲ့စည်းအလိုက် နည်းလမ်းရှာကြံ ပြောဆိုဆွေးနွေးနေတာ ကို အသိအမှတ်ပြု ကျေးဇူးတင်တယ်လို့ ဆိုထားပြန်ပါတယ်။
မတ်လ ၁၃ ရက်နေ့က စပြီး ကနေ့အထိ ရှမ်းပြည်အလယ် ပိုင်း ၅ မြို့နယ်အတွင်း မြန်မာအစိုးရ တပ် ၄၂ရင်း ရဲ့ ထိုးစစ် ဆင် တိုက်ခိုက်မှုကြောင့် မုဒိန်းကျင့်သတ်ဖြတ်မှု ၁၃ မှု ၊ အမျိုးသမီး အမျိုးသားတွေကိုပေါ်တာ အဓမ္မဖမ်း ခေါ် ပွိုင့်ဦးထိုး လမ်းပြခိုင်းမှုစတာတွေ မြန်မာစစ်တပ် ကျူးလွန်ခဲ့တယ်လို့ သျှမ်းလူ့အခွင့်အရေး မဏ္ဌိုင်က ကြေငြာချက်ထုတ်ပြန် ပါတယ်။
သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ပုဂ္ဂိုလ်ဗိုလ်မှူးစိုင်းလ ကတော့ -
“ငြိမ်းချမ်းရေးဆိုတာ ဒေသအတွင်းဘဲမဟုတ်ဘူး၊ တပြည်လုံးအတွက်ကိုလိုချင်တာ။ အစိုးရကငြိမ်းချမ်းရေး လိုချင်တယ် လို့သာပြောတယ်။ အခုတိုက်ပွဲက ကျနော်တို့ကို အစိုးရကလာတိုက်တာ။ အမှန်တကယ်ငြိမ်းချမ်း ရေးဆွေးနွေးချင်တယ် ဆိုရင်တော့ ကျနော်တို့နယ်မြေ တိုင်းရင်းသားတွေနဲ့ နယ်မြေတွေထဲမှာရှိတဲ့မြန်မာတပ် တွေ အားလုံးဆုတ်ပေးရုပ်သိမ်း ပေးပေါ့။ အပြောနဲ့ အလုပ်ညီအောင်လုပ်ရမှာပေါ့”
အဲဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းစာပါသည့်အတိုင်း “ရပ်တည်ခဲ့” ဆိုတဲ့ခေါင်းစဉ်မှာတော့အစိုးရအဆက်ဆက် က ငြိမ်းချမ်း ရေးလုပ်လာတာဘာကြောင့်မအောင်မြင်ရသလဲ၊ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသား ညီညွတ်မှု မပြိုကွဲရေး အချုပ် အချာ အာဏာတည်တန့်ခိုင်မြဲရေး ဒို့တာဝန်ရေးသုံးပါးကို ဦးထိပ်ထားပြီး လုပ်လာပေမယ့် တဘက်က သံသယမှုတွေ၊ ကတိပျက် တာတွေ၊ အကြမ်းဖက်တာတွေလုပ်လာတဲ့အတွက် မအောင်မြင်ဘူး။ ယုံကြည်ပြီးလုပ်လာတဲ့ လက်နက်ကိုင် အဖွဲ့ အစည်း တွေ့ကတော့ငြိမ်းချမ်းရေးရနေပြီလို့ ဆိုထားပြန်ပါတယ်။ ထို့အပြင်ကချင်လွတ်လပ်ရေးတပ် အကြမ်းဖက် တိုက်ခိုက်မှု ကြောင့် ၀န်ထမ်းတွေ အပြစ်မဲ့ ပြည်သူတွေသေဆုံး ခဲ့ရတယ်လို့လဲ အပြစ်ဖို့ထားပါတယ်။ ဒါ့အပြင်နောက်ဆုံးအပိုဒ်မှာ တော့တိုက်ပွဲ တွေမရှိတော့ရင်ပြည်ထောင်စု ကြီးပြိုကွဲချည့်နဲ့သွားမယ့် အန္တရာယ်မျိုးရှောင်ရှား ဖို့လဲ တိုက်တွန်းထားပါ တယ်။
မည်သို့ပင်ဆိုစေ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ် ကတော့ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းရမယ်။ တွေ့ဆုံဆွေးနွေးရာမှာလည်း စောင့်ကြည့်တဲ့ အဖွဲ့ အစည်းရှိသင့်တယ်လို့ အခုလိုသုံးသပ်ပါတယ်။
“တိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးအတွက် သဘောတူလက်မှတ်ထိုးမယ်ဆိုတာ တနိုင်ငံလုံး အတိုင်းအတာနဲ့ မလုပ်နိုင် သရွေ့ တပ်အပ် စိတ်မချနိုင်သေးပါဘူး။ ငြိမ်းချမ်းရေးဟာ နိုင်ငံရေးထဲဝင်သွားပြီးနိုင်ငံရေးကိုနိုင်ငံ ရေး နည်းလမ်းနဲ့ ဖြေ ရှင်းဆွေးနွေးရမယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါ၀င်သင့်တဲ့ သူတွေ ပါ၀င်နိုင်မှပြည်သူ အားလုံးကို ကိုယ်စားပြုတဲ့ စစ်မှန် တဲ့ ငြိမ်းချမ်းရေးဖြစ်လာနိုင်မယ်။
ဒါ့အပြင်ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ဘယ်မှာသဘောတူပြီးလုပ်မလဲ။ ဘယ်သူက စောင့် ကြည့်ပေးမလဲ။ တကယ်လို့ UN,US,EU နဲ့ အာစီယံမရှိဘူးဆိုရင် မီဒီယာအဖွဲ့နဲ့ ပြည်သူအများ ယုံကြည်ရ တဲ့အဖွဲ့တို့ပူးပေါင်း ပြီး စောင့်ကြည့်ပေးမယ်ဆိုရင် တစ်နေ့နေ့မှာ ဘယ်သူကသဘောတူထားတဲ့အတိုင်းမလုပ်ဘူး၊ဆုတ်ယုတ် တယ်၊ စည်းကမ်းဖောက်ဖျက်တယ်ဆိုတာ သိလာနိုင်မယ်။ စောင့်ကြည့်ရေးအဖွဲ့မရှိရင်မဖြစ်ဘူး။”
လက်ရှိအခြေအနေမှာ နှစ်ပေါင်း ၅၀ ကျော်ကတည်းက အခုထက်ထိ မငြိမ်သက်သေးတဲ့ပြည်တွင်းစစ် တွေကြောင့် ထိုင်း နယ်စပ်မှာဒုက္ခသည်သိန်းချီရှိနေပါတယ်။ အခုလပိုင်းအတွင်းမှာဆက်ဖြစ်လာတဲ့တိုက်ပွဲ တွေကြောင့်လည်း ကချင်ပြည် နယ်ဘက်မှာ ဒုက္ခသည် နှစ်သောင်းကျော်နဲ့ သျှမ်းပြည်အလယ်ပိုင်းမှာ ဒုက္ခသည် ၃ သောင်းကျော် တောတောင်အတွင်း ပုန်းအောင်နေထိုင်ခဲ့ရပြီး ကလေးထောင်ကျော်စာသင် ကျောင်းနဲ့ဝေးခဲ့ရပါတယ်။ နယ်စပ်မဟုတ်တဲ့အတွက် အဲန်ဂျီအို အဖွဲ့အစည်းတွေ နဲ့ နိုင်ငံတကာရဲ့အကူ အညီပေးမှုလဲ မရရှိခဲ့ပါဘူး။