ကချင်တပ်နှင့်အပစ်ရပ်ရန် ဆွေးနွေးနေချိန် အစိုးရတပ် - SSPP/SSA နှင့်တိုက်ပွဲ ပြင်းထန်

ကချင်တပ်နှင့်အပစ်ရပ်ရန် ဆွေးနွေးနေချိန် အစိုးရတပ် - SSPP/SSA နှင့်တိုက်ပွဲ ပြင်းထန်
by -
သျှမ်းသံတော်ဆင့်

ကချင်ပြည်ဘက်တွင် KIA နှင့် မြန်မာစစ်တပ်တို့ ငြိမ်းချမ်း ရေးအတွက် ဆွေးနွေးနေချိန် သျှမ်းပြည် အလယ် ပိုင်း တွင် မြန်မာအစိုးရတပ်နှင့်သျှမ်းပြည် တပ်မတော်တို့ကြားတိုက်ပွဲအပြင်း အထန်ဖြစ်ပွား ခဲ့ ကြောင်း သိရှိရပါ သည်။

Shan-Soldier
“တိုက်ပွဲက နေ့တိုင်းလိုလိုဘဲ ဆက်တိုက်ဖြစ်နေတယ် ။ ၁၀ ရက်နေ့တုန်းကလဲ ၂ ခါဖြစ်တယ်။ မနေ့က ကတော့ မွန်းတည့် ၁၂ နာရီက နေ ညနေ ၁၇:၃၀ နာရီအထိ ကျေးသီးမြို့နယ် အရှေ့မြောက်ဘက်မှာ တိုက်ပွဲပြင်းထန် တယ်။ တောနင်းမွှေနှောက်နေတဲ့ ခမရ ၁၁၄ နဲ့ ဖြစ်တာ” - ဟု ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

ဩဂတ်စ် ၁၂ ရက် နောင်ချိုအခြေစိုက် တပ်မ ၅၅ လက်အောက်ခံ ခမရ ၁၁၄ အင်အား ၅၀ ကျော်ကကျေးသီး မြို့အရှေ့မြောက်ဘက် ရ မိုင်အကွာ၊ ပန်စေ့ - လွယ်ယွဲ အရှေ့ဘက် တောတောင်အတွင်း တိုက်ပွဲ ၅ နာရီ ကျော် ကြာ တိုက်ခိုက်ခဲ့ကြောင်း၊ သျှမ်းတပ်နောက်ယောင်ခံလိုက်သည့်မြန်မာအစိုးရတပ်က လျှိုမြောင် အတွင်း ဝိုင်းပိတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ အသေအပျောက််စာရင်းအတိအကျ မသိရသေးသော်လည်း မြန်မာ တပ်ဘက် တပ်ကြပ်ကြီး ၁ ယောက် ဒဏ်ရာဖြင့် တပ်ဆုတ်ပြန်စဉ် လမ်းခရီး၌သေဆုံးသွားကြောင်း ဗိုလ်မှူး စိုင်းလ ကပြောပါသည်။

“မနေ့ကတိုက်ပွဲက မြန်မာဘက်က အသေအပျောက်စာရင်းများမယ်။ ကျနော်တို့က ဝိုင်းပိတ်တိုက်ခိုက်တာကိုး၊ လူထုကနေတဆင့်ကြားရတာကတော့ သူတို့တပ်ဆုတ်ပြန်ချိန်တပ်ကြပ်ကြီးတယောက် ဒဏ်ရာနဲ့ လမ်းမှာ ထပ်သေတယ်ပြောတယ်။ တိုက်ပွဲအသေးစိတ်တော့ မသိရသေးဘူး။”

ဩဂတ်စ် ၁၀ ရက် ၁၅:၀၀ နာရီတွင်မူ မိုင်းရယ်မြို့နယ် အခြေစိုက် ခလရ ၆၇ အား နမ့်ပုတ်(ဂိတ်) တပ်စခန်း မှ အနောက် တောင်ဘက် (ကျေးသီးဘက်) သို့ ဆင်းလာစဉ် လွယ်တူ့တောင်အနီး၌ သျှမ်းပြည်တပ်မတော်၏ အမှတ် ၁၉၂ တပ်ရင်း လက်အောက်ခံစစ်ကြောင်းတခုက ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အတူ ၁၈:၃၀ နာရီ မိုင်းနောင် အခြေစိုက် ခလရ ၂၈၆ ကလည်း မိုင်းနောင်မြို့နယ်(ခွဲ) လွယ်နော် အနီး၌ သျှမ်းပြည်တပ် မတော်၏ တိုက် ခိုက် ခြင်းခံရသောကြောင့် အစိုးရတပ်ဖက်မှ ၆ ယောက် သေဆုံးကြောင်း - ဗိုလ်မှူးစိုင်းလကပြောပါ သည်။

Most read this week