မြန်မာအစိုးရ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်မှာ သံသယဖြစ်စရာ အနေထားရှိဟု SSA တောင်ပိုင်း မှပြောဆို

မြန်မာအစိုးရ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်မှာ သံသယဖြစ်စရာ အနေထားရှိဟု SSA တောင်ပိုင်း မှပြောဆို
by -
မိခိုင်စန္ဒာဦး

လက်ရှိမြန်မာအစိုးရနှင့် လက်နက်ကိုင်တိုက်ပွဲဝင်နေ ဆဲဖြစ်သည့် RCSS/SSAခေါ် ရှမ်းပြည်ပြန် လည်ထူ ထောင်ရေးကောင်စီတောင်ပိုင်းရှမ်းပြည်တပ်မတော် ကိုထိုင်းနိုင်ငံသံတမန်ရေးရာအရာရှိ မှတဆင့် မြန်မာ စစ်တပ်ကနေငြိမ်းချမ်းရေးဆွေးနွေးဖို့ကမ်းလှမ်းလာ သည်ဟု ယခုရက်ပိုင်းတွင် သတင်းပေါ်ထွက်နေပါ သည်။

လက်ရှိမြန်မာအစိုးရနှင့်လက်နက်ကိုင်တိုက်ပွဲဝင်နေဆဲဖြစ်သည့် RCSS/SSAခေါ် ရှမ်းပြည်ပြန် လည်ထူ ထောင်ရေးကောင်စီတောင်ပိုင်းရှမ်းပြည် တပ်မတော်ကိုထိုင်းနိုင်ငံသံတမန်ရေးရာအရာရှိ မှတဆင့် မြန်မာ စစ်တပ်ကနေငြိမ်းချမ်းရေးဆွေး နွေးဖို့ကမ်းလှမ်းလာသည်ဟုယခုရက်ပိုင်းတွင်သတင်း ပေါ်ထွက်နေပါသည်။  အဆိုပါငြိမ်းချမ်းရေးကမ်းလှမ်းမှုသည် တရားဝင်ပုံစံမဟုတ်သလို သံသယဖြစ်စရာအနေအထားရှိသည်ဟု အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူး စိုင်းလောင်ဆိုင်မှပြောပါသည်။

တရားဝင်ကမ်းလှမ်းလာခြင်းသဘောမျိုးတော့မရောက်ရှိသေးပါဘူးခင်ဗျာ။ ထိုင်းနိုင်ငံ သံတမန်ရေးရာ အပိုင်းကနေ ထိုင်းအာဏာပိုင်ဆီရောက်လာပြီးတော့ ကျွန်တော်တို့ကိုပြောလာတာပါ။ အပစ်ခတ်ရပ်ဆဲ ရေးလုပ်ငန်းတွေလုပ်ဖို့အတွက် စကားကမ်းလှမ်းလာတာတွေဟာ သူတို့တကယ်စေတနာမှန်မှန် ရှိရှိနဲ့ အပစ်ခတ်ရပ်ဆဲချင်တာလား။ ကျွန်တော်တို့လဲသူတို့ရဲ့ရှေ့တန်းတပ်က အနေအထားကိုကြည့်ပြီးတော့ သံသယဖြစ်စရာ ရှိနေပါတယ်ခင်ဗျ။

မြန်မာအစိုးရမှ တရားဝင်ပုံစံဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန်ကမ်းလှမ်းလာလျှင် တောင်ပိုင်းရှမ်းပြည် တပ်မတော်အနေနှင့် တိုင်းရင်းသားတပ်များနှင့်ဖွဲ့စည်းထားသော စစ်ရေးမဟာမိတ်အဖွဲ့များနှင့် ညှိနှိုင်းပြီး ဆွေးနွေးရန်အသင့်ရှိကြောင်းအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်မှပြောပါသည်။

စစ်ရေးမဟာမိတ်အဖွဲ့ကို(၂၀၀၅)ခုနှစ်တွင် ကေအန်ယူခေါ်ကရင်အမျိုးသားအစည်းအရုံးတပ်ဖွဲ့၊ ကေ အန်ပီပီခေါ် ကရင်နီတိုးတက်ရေးပါတီတပ်များ၊ ကေအိုင်အိုခေါ်ကချင်လွတ်လပ်ရေးအဖွဲ့၊ ချင်းအမျိုးသား တပ်ဦး၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအစရှိသည့်တိုင်းရင်းသားတပ်မတော်များ ဖြင့် ဖွဲ့စည်းထားသည်။

မြန်မာစစ်အစိုးရနှင့်ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့တို့သည် (၂၀၀၇)ခုနှစ်မေလက ထိုင်းနယ်စပ် မယ်ဆိုင်မြို့တွင် တွေ့ဆုံဆွေးနွေးရန်စီစဉ်ထားခဲ့သော်လည်း မြန်မာအစိုးရဘက်မှ တာချီလိတ်မြို့တွင်တွေ့ဆုံ ရန် ဖိအားပေးခဲ့တာကြောင့် ဆွေးနွေးရေးအစီအစဉ်ပျက်ပြားခဲ့သည်။ (၁၉၉၆)နှစ်ဦးပိုင်းတွင် မွန်ထိုင်းတပ်ဖွဲ့ ခေါင်းဆောင်ဦးခွန်ဆာသည် မြန်မာစစ်အစိုးရထံ လက်နက်ချခဲ့သော်လည်း ဗိုလ်မှူးရွက်ဆစ်ဦးဆောင်သည့် လက်ကျန်အဖွဲ့ဝင်များသည် ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ကိုဖွဲ့စည်းခဲ့ပါသည်။ အခုအချိန်အထိ မြန်မာစစ်တပ်နှင့်လက်နက်ကိုင်တိုက်ပွဲဝင်နေဆဲ အခြေအနေတွင်ရှိနေပါသည်။

အလားတူ နယ်ခြားစောင့်တပ်အသွင်ကိုလက်မခံဘဲ မြန်မာစစ်တပ်နဲ့လက်နက်ကိုင်ပဋိပက္ခဖြစ်ပွါးနေတဲ့ ကေအိုင်အိုခေါ်ကချင်လွတ်လပ်ရေးအဖွဲ့အနေနဲ့လဲငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် တဖွဲ့ခြင်းအနေနဲ့ မဟုတ်ဘဲ တပြည်လုံးအတိုင်းအတာဆောင်တဲ့ငြိမ်းချမ်းရေးဆွေးနွေးတာကိုလိုလားတယ်လို့ပြောဆိုမှု တွေလဲရှိနေပါတယ်။