ထိုင်းရေတပ်က မြန်မာ ၅၅ ဦးအား ဖမ်းဆီး

ထိုင်းရေတပ်က မြန်မာ ၅၅ ဦးအား ဖမ်းဆီး
by -
ထွန်းထွန်း

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အလုပ်ရှာဖွေရန် တရားမဝင် ရေလမ်းကြောင်းမှ တဆင့်ဘုတ်တစီး ဖြင့် ခိုးဝင်လာသူ မြန်မာ နိုင်ငံသား ၅၅ ဦးကိုထိုင်း ရေတပ်မှ သြဂတ်စ်လ ၉ ရက်နေ့က ဖမ်းဆီးလိုက် ကြောင်း သတင်း ရရှိသည်။

Thai-Burma-borderဖမ်းဆီးခံရသူ ၅၅ ဦးထဲတွင် အမျိုးသား ၄၃ ဦး၊ အမျိုးသမီး ၉ ဦးနှင့် ခလေး ၃ ဦးပါ၀င်ကြောင်းထိုင်းအာဏာပိုင် များက သတင်းထောက်များသို့ ပြောသည်။

သူတို့အား ဘုတ်တစီးဖြင့် အန္တမန်ပင်လယ် ရေလမ်းကြောင်းကတဆင့် ထိုင်းနိုင်ငံ ရနောင်းခရိုင် အနောက်ဘက် Phayam ကျွန်းသို့ ၀င်ရောက်လာစဉ် သြဂတ်စ်လ ၉ ရက်နေ့ နံနက် ၃ နာရီတွင် ဖမ်းဆီးမိိခြင်း ဖြစ်သည်။

ထိုအထဲမှ ဘုတ်ပဲ့နင်း ဖြစ်သူမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

ဖမ်းဆီခံနေရသည့် မြန်မာများတွင် ခရီးသွားလာခွင့် တရားဝင် မည်သည့်သက်သေ အထောက်ထားများမှ မပါရှိကြောင်း ထိုင်းအာဏာပိုင်မှ ပြောကြားသည်။

ထိုနည်းတူစွာ လွန်ခဲ့သော ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ဘုတ်တစီးဖြင့် ရေလမ်းကြောင်းမှ တဆင့်ထိုင်းနိုင်ငံ သို့ တရားမဝင် ခိုးဝင်လာသူ မြန်မာနိုင်ငံသား ၄၄ ဦးအား ထိုင်းရေတပ်၏ ဖမ်းဆီးခဲ့သည်ဟု သိရသည်။

Most read this week