ချင်းမိုင်ဘူမိနက်သန်တိုင်းရင်းသား လူမျိုးစုပွဲတော်ကျင်းပ

ချင်းမိုင်ဘူမိနက်သန်တိုင်းရင်းသား လူမျိုးစုပွဲတော်ကျင်းပ
by -
မွေခေါဝ်

သြဂတ်လ ၉ ရက်နေ့၌ ကျရောက်သော အပြည်ပြည် ဆိုင်ရာကမ္ဘာ့တိုင်းရင်းသားလူမျိုး များနေ့  အထိမ်း အမှတ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ဘူမိနက်သန် တိုင်းရင်းသားလူမျိုးစု ပွဲ တော်ကို ကျင်းပလျက်ရှိ ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံအတွင်းရှိ ဘူမိနက်သန်တိုင်းရင်းသားလူမျိုးစုပွဲတော် (Festival of Indigenous People in Thailand) ကို  သြဂတ်လ ရ ရက်မှ ၉ ရက်နေ့ထိ၊ ညနေ ၃းဝဝ နာရီမှ ည ၁၀:ဝဝ နာရီထိ ချင်းမိုင်မြို့ ဆာလားကန်အနောက်ဘက် စုန်ချလိမ်ဖရာ့ကေဥယျာဉ်၌ ကျင်းပလျက်ရှိ၏။

ထိုင်းနိုင်ငံမြောက်ပိုင်းမှ ဒေသခံတိုင်းရင်းသားလူမျိုးစုများဖြစ်သော ကချင်၊ ကရင်၊ ကယား၊ မွန်၊  အခါ၊ မုံ့၊ လားဟူ၊ လီစူး၊ ပလောင်၊ ဝ၊ သျှမ်း၊ ခမု စသည့် တိုင်းရင်းသားများ အပါအဝင် ထိုင်းနိုင်ငံအတွင်းမှ တိုင်းရင်းသားလူမျိုး စုပေါင်း ၃၆ စု ပါဝင် သည်။

indigenouspeoples
“သျှမ်းတိုင်းရင်းသားထဲမှာ တိုင်းဂုံ၊ တိုင်းလိ၊ တိုင်းယွန်းစတဲ့ ထိုင်းနိုင်ငံမှာနေတဲ့ သျှမ်းတွေပေါ့။ လူမျိုးစု တစ်စုပေါ့။ မယ်ဟောင် ဆောင်ကနေလာတယ်။ ချင်းမိုင်သျှမ်းစာ/ယဉ်အဖွဲ့နဲ့ ဝပ်ပါပေါက်အဖွဲ့ကလဲ ပါဝင်တယ်။သြစတေးလျ ကနေ အိန္ဒိယလျဲန်ဆိုတဲ့ တိုင်းရင်းသားလဲ လာရောက်ပါဝင်တယ်” ဟုချင်းမိုင် သျှမ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌက ပြောပါသည်။

ပွဲတော်၌ တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာအိုးစည်ဗုံမောင်းနှင့် အခြားတူရိယာပစ္စည်းများ၊အသုံးအဆောင် ပစ္စည်း များ ခင်းကျင်းပြသပြီး ရိုးရာအစားအစာများကို စားသောက်နိုင်သကဲ့သို့ လှပဆန်းသစ်သော ရိုးရာအဝတ်အထည် များ ကို ဝယ်ယူ နိုင်သည်။ ထိုင်းနိုင်ငံမှ ဒေသခံ တိုင်းရင်းသားလူမျိုးစုတို့၏လူနေမှု စရိုက်များ၊ဓလေ့ထုံးတမ်းများ ကိုလည်း လေ့လာနိုင်မည် ဖြစ်သည်။

တိုင်းရင်းသားအခွင့်အရေးနှင့် ပတ်သက်၍ UN က ၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၃ ရက်၌ ကြေငြာချက်စာတမ်း ထုတ်ပြန်၍ သြဂတ် ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့တိုင်းရင်းသားလူမျိုးများနေ့(International Day of World Indigenous People)အဖြစ် သတ်မှတ်ခဲ့သည်။

UN ၏ စာတမ်းအရ-
-ဒေသခံတိုင်းရင်းသားလူမျိုးစုများသည် နိုင်ငံရေးတွင် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိ၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင်နိုင်ပြီး ရိုးရာယဉ်ကျေးမှုတို့ကို လွတ်လွတ်လပ်လပ် ထိန်းသိမ်းနိုင်သည်။

-မည်သည့်စီမံကိန်းကိုမဆို တည်ဆောက်အကောင်အထည်ဖော်ပါက တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု၊ဓလေ့ထုံး တမ်းနှင့် ပတ်ဝန်းကျင်ကို ထိခိုက်ခြင်းမရှိအောင် မည်သို့ပြုလုပ်သင့်သည်ကို ၎င်းတို့နှင့် ဆွေးနွေးညှိနှိုင်း၍ သဘောတူညီချက် ရယူ ရမည်ဖြစ်သည်။

မြန်မာနိုင်ငံလည်း UN ၏ တိုင်းရင်းသားအခွင့်အရေးနှင့် ပတ်သက်သည့် စာတမ်းကိုသဘောတူလက်မှတ်ရေး ထိုးရာ၌ ပါဝင်ခဲ့သည်။

ထိုင်းနိုင်ငံအစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဘူမိနက်သန်တိုင်းရင်းသားလူမျိုးစုပွဲတော်ကို ၂၀၀၇ ခုနှစ်က ပထမအကြိမ် ပြုလုပ်ကျင်းပပြီးဖြစ်သည်။

Most read this week