ချင်းပြည်နယ်တွင် ကားမှောက် ၂ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ

ချင်းပြည်နယ်တွင် ကားမှောက် ၂ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ
by -
ခိုနူမ်ထုန် သတင်းဌာန

အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၂) ကုန်သွယ်ရေး လမ်းတွင် ကုန်တင်ကားတစ်စီး တိမ်းမှောက် ခဲ့ရာ ခရီးသည် (၂) ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရှိခဲ့ သည်။

ယခင်အပတ် သောကြာနေ ့ မွန်းလွဲပိုင်းတွင် ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို ့နယ် လိုင်တွီးကျေးရွာ၌ စစ်ကိုင်းတိုင်း ကလေးမြို ့ကနေ ကုန်အပြည့် တင်ဆောင်လာသော ကား သည် တိမ်းမှောက်ခြင်းဖြစ်သည်။

ကားမှောက်ရာ၌  တီးတိန်မြို ့နယ် ဟေလေးရွာသား ဆလိုင်း မန်ပူဆိုသူနှင့် ၄င်းနဲ ့ လိုက်ပါခဲ့သည့် ခရီးသည်တို ့သည် ပွဲချင်း သေဆုံးခဲ့ပြီး ၁၁ ဦးဒဏ်ရာရခဲ့ကြောင်း ကုန်သည်တစ်ဦးထံမှသိရသည်။

အဆိုပါကုန်သည်က “မိုးကလည်းများတယ်၊ လမ်းမကောင်းတဲ့အပြင် တအားချော်တယ်၊ ခရီးသည် ၁၅ ဦးအနက် နှစ်ဦးဘဲ လွတ်တာ” ဟုဆိုသည်။

ဒဏ်ရာရသူတချို ့ကို တီးတိန်မြို ့ပြည်သူ ့ဆေးရုံတွင် တင်ထားပြီး အချို ့မှာ ကလေးမြို ့ ဆေးရုံးသို ့ သယ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို ့နောက် သြဂုတ်လ (၅) ညနေ (၅) ခန် ့တွင်ပင် ကလေးမြို ့မှ လာသော ကုန်တင်ကား တစ် စီိးလည်း အိန္ဒိယ-မြန်မာနယ်စပ် တီယိုကျေးရွာတွင် တိမ်းမှောက်ခဲ့သေးကြောင်း၊ သို ့သော် ခရီးသည် အကြီးအကျယ် ဒဏ်ရာရခြင်းမရှိကြောင်း သိရသည်။

Most read this week