ဘင်္ဂလာရွှေ မြန်မာကို ခိုးသွင်း၍ အဖမ်းခံရ

ဘင်္ဂလာရွှေ မြန်မာကို ခိုးသွင်း၍ အဖမ်းခံရ
by -
နိရဥ္စရာ သတင်းဌာန

မြန်မာနိုင်ငံသို့ ရွှေခိုးသွင်းရန် ကြံစည်သူ အမျိုးသမီး တစ်ဦးကို ဘင်္ဂလာဒေချ့် နယ်ခြား စောင့်တပ်ဖွဲ့ က ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။

ဖမ်းဆီးးခံရသူမှာ မောင်တောမြို့မှ မွတ်စလင်အမျိုးသမီး ဆာမီမ အက်ခ်သာ (Shamima Akhter)ဖြစ် သည်။

ဘင်္ဂလာဒေချ့်မှ ရွှေဆိုင်တစ်ဆိုင် အဆိုပါ အမျိုးသမီးသည် မြန်မာဘက်သို့ ကူးရန် တက်ကနက်ဆိပ်ကမ်း သို့ ဆင်းလာစဉ် မသင်္ကာ၍ ဘင်္ဂလာနယ်ခြား စောင့်တပ်ဖွဲ့မှ စစ်ဆေးရှာဖွေရာမှ သူမ ခန္ဓာကိုယ်၌ ၀ှက်၍ ယူလာသော ရွှေကျပ်ချိန် (၁၀) ကို ဖမ်းဆီးရမိခဲ့သည်ဟု ဘင်္ဂလာ အာဏာပိုင်များက ပြောသည်။

ဖမ်းဆီးရမိသော ရွှေများ၏ တန်ဖိုးမှာ တာကာ ၄၅၀၀၀၀ ဖိုးရှိပြီး ကျပ်ငွေနှင့် ဆိုလျှင် ၅၄ သိန်းဖိုး ရှိသည်။

မြန်မာနှင့် ဘင်္ဂလာဒေချ့် ရွှေစျေးကွက်တွင် မြန်မာနိုင်ငံ၌ ရွှေစျေး မြင့်တက်နေသဖြင့် ဘင်္ဂလာဒေချ့်မှ ရွှေများကို မြန်မာသို့ တင်ပို့ ကြသည်။

တက်ကနက်မြို့မှ ရခိုင် ပန်းထိမ် ဆရာ တစ်ဦးက ယနေ့ ဘင်္ဂလာဒေချ့် ရွှေစျေးကို ယခုကဲ့သို့ ပြောသည်။

" ရွှေစျေးက တကျပ်သားကို လေးသောင်း ငါးထောင် တာကာရှိပါတယ်။ မြန်မာကျပ်နဲ့ ဆိုရင်တော့ ငါးသိန်း လေးသောင့် ခန့်ရှိပါတယ်။ များများစားစားတော့ ဒီကရွှေတွေကို မြန်မာဘက်ကို ယူကြတာ မဟုတ်ပါဘူး။ လမ်းကြံုရင် ယူသွားကြတာပါ။ နည်းနည်းပါးပါးတော့ မြန်မာဘက်ကို ရောက်ရင် မြတ်တာပေ့ါလေ" ဟု ပြောသည်။

မြန်မာနှင့် ဘင်္ဂလာဒေချ့် ရွှေအလေးချိန်မှာ အနည်းငယ် ကွားခြားပြီး မြန်ဘက်က တကျပ်သားမှာဘင်္ဂလာ က ရွှေ တကျပ်ထက် အနည်းငယ်များကြောင်း သိရသည်။

အဆိုပါအမျိုးသမီးသည် ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ ရ ရက်ဗီဇာဖြင့် လွန်ခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က ၀င်ရောက် လာသူဖြစ်သည်။ သူမအား သတ်မှတ် ရက်ထက် ကျော်လွန် နေထိုင်ခြင်းနှင့် ရွှေများဖမ်းမိ ရသဖြင့် မှောင်ခိုဂိုဏ်းများနှင့် အဆက်အစပ် ရှိသည်ဟု စွပ်ဆွဲကာ ဖမ်းဆီးထားသည်ဟု သိရသည်။

Most read this week