ဒီခေတ် ဗမာနိုင်ငံသားတွေ အတွက်ဂုဏ်ယူစရာဖြစ် တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့နှစ်ပတ်လည် နေ့တွေကိုရောက်တိုင်း ကျင်းပခွင့်ရတဲ့ဗမာပြည် သားတွေဟာ ကျင်းပနိုင်တဲ့ နေရာတွေမှာအထိမ်း အမှတ်တွေ ကျင်းပ ကြတာဟာ နှစ်စဉ်ပဲလို့ဆိုနိုင် ပါတယ်။
ဒီခေတ် ဗမာနိုင်ငံသားတွေ အတွက် ဂုဏ်ယူစရာဖြစ်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ နှစ်ပတ်လည်နေ့ တွေကိုရောက်တိုင်း ကျင်းပခွင့်ရတဲ့ ဗမာပြည်သားတွေဟာ ကျင်းပနိုင်တဲ့ နေရာတွေမှာ အထိမ်းအမှတ်တွေ ကျင်းပ ကြတာဟာ နှစ်စဉ်ပဲလို့ ဆိုနိုင်ပါတယ်။ တပါထဲမှာပဲ ထုံးစံအတိုင်း ဒီအရေးတော်ပုံကြီး အပေါ် သုံးသပ်တာတွေလည်း ကြားကြရ၊ ဖတ် ကြရပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေပါပဲ။
မလုပ်သင့်တာက ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပျက်ခဲ့တာတွေကို တုတ်ထမ်းပြီး ငြင်းကြတယ်လို့ မဖြစ်ဖို့ပါပဲ။ပြောရရင် ရှေ့ဆက်ကြရအုံးမယ် ခရီးလမ်းက ကြမ်းပါတယ်။ ဒီနေ့ အခြေအနေဟာ ရှစ်လေးလုံး အရေးတော်ပုံကြီး မတိုင်မီကလို၊ ရှစ်လေးလုံး အရေးတော်ပုံကြီး နောက်ပိုင်းမှာလိုပဲ အတိုက်အခံတွေအကြား မှာ ညီညွတ်ဖို့ အထူးတောင်းဆိုနေပါတယ်။ ဒီညီညွတ်မှုကို ထိခို်က်စေတဲ့ လုပ်ငန်းမျိုး လုပ်မိရင် စစ်အစိုးရ ကျေနပ်စရာပဲ ဖြစ်မယ် ဆိုတာ သေချာပါတယ်။
ဒီနေ့ အဓိက လုပ်သင့်တာက ဒီလိုသမိုင်းဝင် ပြည်သူ့ အရေးတော်ပုံကြီး တခုဟာ ဘယ်ကနေဘယ်လို ပေါ်ပေါက် လာတာလဲ၊ ဒီအရေးတော်ပုံကြီးရဲ့ အားသာချက်တွေက ဘာတွေလဲ၊ ဘယ်လို လုပ်ရပ်တွေကို စံပြုလို့ ဘယ်အရာတွေကို ဆက်ခံ ထိန်းသိမ်းသင့်သလဲ စတာတွေကို ဆွေးနွေး ပြောဆိုကြ၊ အမြင်တွေ ဖလှယ်ကြတာတွေကို ဇောင်းပေး လုပ်သင့်တယ် ထင်ပါတယ်။ ဘယ်သူ့ကြောင့် ဒီအရေးတော်ပုံကြီးအောင်ပွဲ မခံရသလဲလို့ အပြစ်ရှာ၊ အပြစ်ဖို့တာ အပေါ်မှာ အချိန်ကုန်မခံဖို့၊ ညီညွတ်ရေး မထိခိုက်ဖို့အရေးကြီး ပါတယ်။
ဒီနေ့ ဗမာပြည်သားတွေ အပေါ် ဖိနှိပ်နေဒီနေ့ ဗမာပြည်သားတွေ အပေါ် ဖိနှိပ်နေသူဟာ ရှစ်လေးလုံး အရေး တော်ပုံကြီးက ဆန့်ကျင် တိုက်ပွဲ ဝင်ခဲ့တဲ့ အာဏာရှင်ကြီးရဲ့ အမွေနဲ့ အစဉ်အလာ ကို ဆက်ခံထားသူတွေ ဖြစ်တယ်၊ ဒီနေ့ ပြည်သူတွေ လိုလားချက်ဟာ ရှစ်လေးလုံး အရေးတော်ပုံ ကြီးတုန်းကလိုလားတောင့်တချက် တွေပဲဖြစ်နေသေးကြောင်း
မမေ့သင့်တာက သူဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးက ဆန့်ကျင်တိုက်ပွဲ ဝင်ခဲ့တဲ့ အာဏာရှင်ကြီးရဲ့ အမွေနဲ့ အစဉ်အလာကို ဆက်ခံထားသူတွေ ဖြစ်တယ်၊ ဒီနေ့ ပြည်သူတွေ လိုလားချက်ဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးတုန်းက လိုလား တောင့်တချက်တွေပဲ ဖြစ်နေသေးကြောင်းဆိုတာပါပဲ။ တိကျအောင်၊ ရှင်း အောင်ပြောရရင် ဒီနေ့ဗမာပြည် ပြည်သူတွေ ဆင်နွှဲနေတဲ့ အရေးတော်ပုံဟာ ရှစ်လေးလုံး အရေးတော်ပုံကြီး ရဲ့ မပြီးဆုံးသေးတဲ့ လုပ်ငန်းတွေကို ဆက်လုပ်ကြတာ ဖြစ်တယ် ဆိုတာပါပဲ။ အဲဒီ အရေးတော်ပုံကြီး အပေါ် သစ္စာရှိ မရှိဆိုတာဟာ ဒီနေ့ဗမာ နိုင်ငံ နိုင်ငံရေး လောကသားတွေကို တိုင်းတာတဲ့စံ ဖြစ်ပါတယ်။
ပြန်တွေးလိုက်ပါ။ ၁၉၈၈ထဲမှာ လူထုတိုက်ပွဲတွေ အရှိန်မြင့်လာတဲ့အခါမှာ ဦးနေဝင်းတယောက် ငိုညည်းသံနဲ့ နှုတ်ထွက်တာ၊ ဗိုလ်စိန်လွင်က ဒေါက်တာမောင်မောင်ဆိုတဲ့ အငှားဗိုက်နဲ့ ဓားထိုးခံတာ၊ ဒေါက်တာ မောင်မောင် က တနေ့မှာ သမဂ္ဂ အဆောက်အဦကြီးကို ပျော်ပျော်ပါးပါး ပြန်ဆောက်ကြတာပေါ့လို့ ပျားရည်နဲ့ ဝမ်းချတာစတဲ့ စစ်အာဏာရှင်တွေရဲ့ လိမ်ညာမှု အမျိုးမျိုးကို လုံးဝမျက်စိမလည် နားမယောင်တာဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ အရေးတော်ပုံတပ်သား များရဲ့ ထူးခြားတဲ့ ဂုဏ်တရပ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့အခါမှာတော့ တချို့လူတွေဟာ စစ်အစိုးရက ဘာပြောပြော ဘယ်လို အကောင်းပြောရမလဲ၊ ခွင့်လွှတ် ရမလဲ ဆိုတာကိုပဲ စဉ်းစား ကြံဆနေတာကိုတွေ့နေရတာဟာ အံ့သြစရာ ကောင်းရုံမက သတိထားစရာလည်း ကောင်းလှပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ထူးခြားချက် ကြီးတွေထဲမှာ ဒီအရေးတော်ပုံကြီးဟာ ပြည်တွင်းဖြစ်စစ် စစ်ဖြစ်ပြီး အစက အဆုံး ဘယ်ပြည်ပနိုင်ငံနဲ့မှ မပတ်သက်ခဲ့ဘူး ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်
ရှစ်လေးလုံး ကာလ ဖြစ်ကာနီးနဲ့ ရှစ်လေးလုံး ကာလ တလျှောက်မှာ အဲဒီတုန်းက စစ်အစိုးရကို အကာ အကွယ်ပေးသူ ဆိုလို့ မူလလက်ဟောင်း မဆလရဲ့ အန္တေဝါသိက စာရေးသူတွေ၊ နိုင်ငံရေးသမားတွေပဲ ရှိပါတယ်။ စစ်အစိုးရနဲ့ ပြည်သူဆိုပြီး စည်းက အင်မတန် ရှင်းပါတယ်။ ဒါပေမဲ့ ဒီနေ့အခါမှာတော့စစ်အစိုး ရရဲ့ လုပ်ရပ်တွေကို သာမက စစ်အစိုးရရဲ့ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပါ ဗြောင်လိမ်၊ဗြောင်ညစ် ပြီးပေါ်လာတဲ့ လွှတ်တော်ကိုပါ ကြံကြံဖန်ဖန် ချီးကျူး ကာကွယ်သူတွေ အမျိုးမျိုး ပေါ်လာနေပါတယ်။ ဒီခေတ်မှ အမတ်မဖြစ် ဘယ်တော့ဖြစ်မှာလဲ၊ ဒီခေတ်မှ မချမ်းသာရင် ဘယ်တော့ ချမ်းသာမှာလဲ၊ ဒီခေတ်မှ မင်းဆရာ မဖြစ်ရင် ဘယ်တော့ဖြစ်မှာလဲ ဆိုတဲ့လူတွေ ပုံစံအမျိုးမျိုးနဲ့ ပေါ်ထွက်လာတာကို တွေ့ရသလို ခေတ်အဆက်ဆက်မှာ စစ်အာဏာရှင်တွေ အတွက် သဘော တရားတွေ ထုတ်ပေး၊ အချက်အလက်အတု အယောင်တွေ ဖန်တီးပေးခဲ့တဲ့ လူတွေ အိုကြီးအိုမအရွယ်ကျမှမြောင်းထဲ ရောက်ကုန် တာ စတာတို့ဟာ ဒီခေတ်ရဲ့ လက္ခဏာတခုလို့ဆိုရင် ရမယ်ထင်ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ထူးခြားချက်ကြီးတွေထဲမှာ ဒီအရေးတော်ပုံကြီးဟာ ပြည်တွင်းဖြစ်စစ်စစ် ဖြစ်ပြီး အစကအဆုံး ဘယ်ပြည်ပနိုင်ငံနဲ့မှ မပတ်သက်ခဲ့ဘူးဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီနေ့အခါမှာတော့ - - - - ပြောဖို့ မလိုတော့ဘူး ထင်ပါတယ်။
အဆိုးဆုံးကတော့ ရှစ်လေးလုံး အရေးတော်ပုံ ကြီးဟာ ပြည်သူလူထုကြီး တရပ်လုံး ပါဝင်မှု ကြောင့် ဒီလို အခြေအနေကို ဆိုက်ခဲ့တာ၊ အစိုးရ ခေါင်းဆောင် သုံးယောက် တက်လိုက် ဆင်းလိုက် ဖြစ်စေခဲ့တာ ဆိုတဲ့ အချက်ကိုဖျောက်ပြီး ပြည်သူလူထုကြီးရဲ့ အခန်းကိုဖျောက်ဖို့ ကြိုးစားနေ တာပါပဲ
အဆိုးဆုံးကတော့ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ပြည်သူ လူထုကြီး တရပ်လုံး ပါဝင်မှုကြောင့် ဒီလို အခြေအနေကို ဆိုက်ခဲ့တာ၊ အစိုးရခေါင်းဆောင် သုံးယောက် တက်လိုက် ဆင်းလိုက် ဖြစ်စေခဲ့တာ ဆိုတဲ့ အချက်ကို ဖျောက်ပြီးပြည်သူလူထု ကြီးရဲ့ အခန်းကို ဖျောက်ဖို့ ကြိုးစားနေတာပါပဲ။ ဒါနဲ့တဆက်ထဲ ပြည်သူလူထုမပါပဲ ပြည်ပကဆောင်ရွက်မှုနဲ့ပဲ အောင်ပွဲ ခံနိုင်မယောင်ယောင်၊ စစ်အာဏာရှင်တွေ သူ့အလိုလို အရောင်အသွေး ပြောင်းသွား မယောင်ယောင်၊ စစ်အာဏာရှင် မိသား စုတွေက သူတို့ရဲ့ ဓနဥစ္စာတွေကို သူတို့ဆန္ဒနဲ့ စွန့်လွှတ်ပြီး တောထွက် ရသေ့ရဟန်း ဝတ်တော့ မယောင်ယောင် ပြောနေကြပါတယ်။
၁၉၈၈တုန်းက အာဏာသိမ်းရတာဟာ သူတို့ကို နိုင်ငံတကာ ခုံရုံးတင်မယ်ဆိုလို့ အာဏာသိမ်းရတာပါလို့ ပြောကြား ချက်ကို အားလုံး မှတ်မိကြပါလိမ့်မယ်။ ဒီစကားက အဓိက ဖော်ပြနေတဲ့ အချက်တခုကတော့ စစ်အာဏာရှင်တွေဟာ အာဏာလက်လွတ်မှာကို အင်မတန်မှ စိုးရိမ်အကြောင့်ကြကြီးကြောင်း ဆိုတာပါပဲ။ အဲဒီလို စိုးရိမ်ကြောင့်ကြ တတ်တာကို ထည့်မတွက်ပဲ စစ်အာဏာရှင်တွေရဲ့ သန္ဓေကို အမျိုးမျိုး အဓိပ္ပာယ် ဖော်နေကြတာဟာ ဆန္ဒပါသော်ရှိ၊ မပါသော်ရှိ စစ်အာ ဏာရှင်တွေ သက်တမ်းရှည်အောင် လုပ်ပေးသလို ဖြစ်သွားနိုင်ပါတယ်။
ကမ္ဘာမှာ ဝင်ရိုးစွန်းနှစ်ခု စနစ်ကြီး ပျက်သွားလို့ နောက်ထပ် ကမ္ဘာ့စနစ်တခု ပေါ်ထွက်လာတော့မယ့် အခါမှာ သဘော တရားတွေ အမြောက်အမြား ပေါ်ထွက်လာတာဟာ ဘာမှမဆန်းဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ယူနီဖောင်းဝတ်တဲ့ ဗိုလ်ချုပ်က အုပ်ချုပ်တဲ့ စနစ်ကနေ ပုဆိုးဝတ်တဲ့ ဗိုလ်ချုပ်က အုပ်ချုပ်တဲ့စနစ်ကို ပြောင်းတာကို သဘောတရားတွေ အမျိုးမျိုး ထုတ်ပြ နေကြတာဟာ ဘာအဓိပ္ပာယ်ပါလဲ။ သမ္မတ ဦးသိန်းစိန်ရဲ့ နောက်ကနေ ထီးရိုးရှည်ကို မြှောက်- မြှောက်ပြနေတာနဲ့ တူလှတယ် လို့ပဲဆိုချင်ပါတယ်။