မွတ်ဆလင်မလေးကို ကြာကူလီရိုက်တဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး စစ်ဆေးခံနေရ

မွတ်ဆလင်မလေးကို ကြာကူလီရိုက်တဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး စစ်ဆေးခံနေရ
by -
နိရဥ္စရာ သတင်းဌာန

မွတ်ဆလင်မလေးကို ကြာကူလီ ရိုက်နေသဖြင့့် ဟိုလေး တကျော် ဖြစ်နေသော မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးကို ယခုအခါ အထက် အာဏာပိုင်များက ခုံရုံးဖွဲ့ကာစစ်ဆေးနေ ကြောင်း သတင်း ရရှိသည်။

ယခုကဲ့သို့ စစ်ဆေးနေကြောင်းကို ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အမည် မဖေါ်လိုသူ စာရေး ၀န်ထမ်း တစ်ဦးက ယခုကဲ့သို့ ပြောသည်။

Maungdaw285" ဒီသတင်းက ပြည်ပ မီဒီယာမှာ တက်လာတယ်လို့ ပြောပါတယ်။ ဒါကြောင့် အခု မောင်တောမြို့နယ် အုပ်ချုပ်ရေး မှူး ဦးအောင်ကျော်ဦးကို အထက် ခုံရုံးဖွဲ့ပြီး စစ်ဆေးနေပါတယ်။ လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကနေ စစ်ဆေးနေတာ ဖြစ်ပါတယ်။"

စစ်ဆေးရေး ခုံရုံး အဖွဲ့တွင် မောင်တော ခရိုင် ဥက္ကဌမှ အဖွဲ့ခေါင်းဆောင် ဖြစ်ပြီး အဖွဲ့ဝင်များမှာရသေ့တောင် နှင့် ဘူးသီးတောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးများ ဖြစ်ကြသည်။

" ဦးအောင်ကျော်ဦးကိုတော့ ဗုဒ္ဓဟူးနေ့ နေ့လည်မှာ ခရိုင်ရုံးမှာ စတင် စစ်ဆေးပါတယ်။ သူနဲ့ ပတ်သက်နေတဲ့ မွတ်ဆလင်မလေး မဆာမီရာ (ခေါ်) မစန္ဒာဝင်းကိုတော့ အဲဒီနေ့ ညနေပိုင်းမှာ ခေါ်စစ်ပါတယ်။တခြားသူတွေ ကိုလည်း ခေါ် စစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

စစ်ဆေးခံရရာတွင် မဆာမီရာ၏ ဖခင် ဦးမိုဟာမတ်ချာလည်း ပါ၀င်ကြောင်း သိရသည်။

မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးသည် ဒေသခံ မွတ်ဆလင် အမျိုးသမီးငယ် တစ်ဦးနှင့် တရားမဝင် ပေါင်းသင်း နေထိုင်နေမှု အပေါ် ဒေသခံ မွတ်ဆလင်များ အကြား မကျေနပ်ဖြစ်နေ ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ စစ်ဆေးခံရခြင်း ဖြစ်သည်။

တခြား ၀န်ထမ်း တစ်ဦးကလည်း အထက်မှ စစ်ဆေးနေခြင်း အပေါ် ယခုကဲ့သို့ ပြောသည်။

" လူအတော်များများကတော့ ဒီပြဿနာကို သိနေကြတယ်။ ဒါပေမယ့် အခု လာစစ်တဲ့ ပုဂ္ဂိုလ်တွေက ဦးအောင်ကျော်ဦးရဲ့ မိတ်ဆွေတွေ ဖြစ်ကြတော့ လူတိုင်းက အမှန်အတိုင်း မထွက်ဆိုရဲဘဲ ဖြစ်နေကြပါတယ်။ ဒါပေမယ့် ကာယကံရှင်တွေက ဘယ်လို ထွက်ဆိုကြတယ် ဆိုတာ မသိရတဲ့ အတွက် အမူက ဘယ်လိုဖြစ်လာ မယ်ဆိုတာ မပြောနိုင်ပါ" ဟုသူက ပြောသည်။

မစန္ဒာဝင်းတို့ မိသားစုမှာ ယခင်က မောင်တော အနီးရှိ ဗိုလ်မှူးရွာမှ ဖြစ်ပြီး အဆိုပါ ပြဿနာကြောင့် ဒေသခံ မွတ်ဆလင်များ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခံရ၍ မောင်တော တောင်ပိုင်း အလယ်သံကျော် ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်နေကြောင်း သိရသည်။

ထိုသို့ ပြောင်းရွှေ့သွားသော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးမှာ မကြာခဏ လာရောက်လည် ပတ်ပြီး အဆိုပါ အမျိုးသမီးငယ်ကို အပြင်သို့ပါ ခေါ်ယူသွားလေ့ ရှိသဖြင့် ဒေသခံများအကြား မကျေနပ်မူများ တိုးပွားနေကြောင်း သိရသည်။

Most read this week