ဒေါ်အောင်ဆန်းစုကြည်နှင့် ကြံ့ခိုင်ရေး တွေ့ရန်ရှိဟု ဦးဌေးဦး ပြော

ဒေါ်အောင်ဆန်းစုကြည်နှင့် ကြံ့ခိုင်ရေး တွေ့ရန်ရှိဟု ဦးဌေးဦး ပြော
by -
မဇ္စျိမသတင်းဌာန

ချင်းမိုင် (မဇ္ဈိမ) ။     ။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအနေ ဖြင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်နှင့်တွေ့ဆုံရန် ရှိပြီးအချိန်ကာလကို တော့ မသတ်မှတ်ရသေးကြောင်း ကြံ့ဖွံ့ပါတီအထွေ ထွေ အတွင်းရေးမှူးဦးဌေးဦးကသောကြာနေ့တွင် ပြော ကြားလိုက်သည်။

“ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ရှိပါတယ်။ အချိန်ကိုတော့ မပြောတတ်သေးဘူး။ ဒါပေမယ့် ခုတော့ မဟုတ်သေးဘူး” ဟု ဦးဌေးဦးက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး လမ်းမတော်မြို့နယ် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် နံနက် ၁၁ နာရီခန့်က ပြုလုပ်သည့် မြန်မာနိုင်ငံဆန်စပါးအသင်း နှင့် ဦးဌေးဦးတို့ တွေ့ဆုံမှုအပြီးှ သတင်းထောက်အချို့ကို လက်ခံ တွေ့ဆုံကာ ပြောကြားခြင်းဖြစ် သည်။

htarOOဦးဌေးဦးက အသေးစိတ် ပြောကြားခြင်း မပြုခဲ့သော်လည်း ဇူလိုင် ၂၅ ရက်နေ့က အစိုးရ ဧည့်ရိပ်သာ စိမ်းလဲ့ကန်သာတွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နှင့် အဓိက အတိုက်အခံ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု ဖြစ်ခဲ့ပြီးနောက် နောက်ထပ် တွေ့ဆုံမှုများပြုလုပ်ဦးမည့် အစီအစဉ် ကလည်း ရှိနေပြန်သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်သို့ မဇ္ဈိမက ဆက်သွယ် မေးမြန်းရာ ပါတီအနေဖြင့် အဆိုပါ တွေ့ဆုံဆွေးနွေးမှု အစီအစဉ် အပေါ် မသိရှိကြောင်းနှင့် အကြောင်းကြားမှု မရှိသေးဟု ပြောသည်။

နှစ်ဘက်လုံးက အပြုသဘောဆောင်သော ဆွေးနွေးမှု ဖြစ်သည်ဟု ကြေညာထားခဲ့ရာ အစိုးရနှင့် အတိုက်အခံခေါင်းဆောင်အကြား ထိတွေ့မှုများ တိုးမြှင့်လာမည့် အနေအထားလည်း ဖြစ်သည်။

မကြာမီ နေပြည်တော်တွင် ကျင်းပမည် ဆိုသော အမျိုးသား အဆင့်စီးပွားရေးအလုပ်ရုံဆွေးနွေးပွဲတခု သို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားသည်ဟုလည်း သမ္မတ ဦးသိန်းစိန်၏ အကြံပေးတဦး ဖြစ်သူဒေါက်တာနေဇင်လတ်က ပြောကြားထားသည်။

ကြံ့ဖွံ့ပါတီသည်၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ရ ရက်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၂၅ ခု တွင် ၂၅၉ ခု၊ အမျိုးသား လွှတ်တော် မဲ ဆန္ဒနယ် ၁၆၈ ခုတွင် ၁၂၉ ခုနှင့် တိုင်းဒေသကြီး၊ပြည်နယ် မဲဆန္ဒနယ် ၆၆၁ ခုတွင် ၄၉၄ ခု အသီးသီး အနိုင်ရခဲ့သည်။

Most read this week