၀န်ကြီးနှင့်တိုက်ရိုက် ခွင့်ပြုမိန့်ရခဲ့သည့် ဟောပြောပွဲ

၀န်ကြီးနှင့်တိုက်ရိုက် ခွင့်ပြုမိန့်ရခဲ့သည့် ဟောပြောပွဲ
by -
ကန္တာရဝတီတိုင်း(မ်)

ပြည်နယ် အစိုးရဝန်ကြီးထံသို့စာပေဟောပြောပွဲ အတွက် ပထမဆုံးအကြိမ် တိုက်ရိုက်ခွင့်ပြုမိန့်ရယူ နိုင်ခဲ့သော ကရင်နီပြည်နယ် လွိုင်ကော် မြို့တော် ခန်းမဆောင်တွင်နာမည်ကျော်စာရေးဆရာ/မများ ကသဘာဝပတ်ဝန်း ကျင် အသိ ပညာပေးဟောပြော မှု အခမ်းအနားကိုကျင်း ပခဲ့ကြသည်။

ပြည်နယ် အစိုးရဝန်ကြီးထံသို့ တိုက်ရိုက်ခွင့်ပြုမိန့် ရယူနိုင်ခဲ့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာ ပေး ဟောပြောမှု အခမ်းအနားကို  နာမည်ကျော်စာရေးဆရာ/မများက ကရင်နီပြည်နယ် လွိုင်ကော်မြို့၊ မြို့တော်ခန်းမဆောင်တွင် ကျင်းပခဲ့ကြသည်။
sayamajue
စာပေဟောပြောပွဲအတွက် ပထမဆုံးအကြိမ် ကရင်နီပြည်နယ် လွိုင်ကော်မြို့မှ ဒေသခံလူထုများကနာမည် ကျော်စာရေးဆရာ/မများ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး ဗဟုသုတများ လာရောက် ဟောပြောနိုင်ရန် ပြည်နယ် အစိုးရဝန်ကြီးထံသို့ ပထမဆုံးအကြိမ် တိုက်ရိုက်ခွင့်ပြုမိန့် ရယူနိုင်ခဲ့သည်။

ဟောပြောပွဲ ကျင်းပရန် ခွင့်ပြုမိန့် ရပြီးနောက် လွိုင်ကော် မြို့တော်ခန်းမဆောင်တွင် ကျင်းပနိုင်ခဲ့သော်လည်း သက်ဆိုင်ရာ မြို့နယ်၊ ပြည်နယ် အုပ်ချူပ်ရေးဌာနသို့ တဆင့်ခြင်း ဦးစွာ တင်ပြခြင်း မရှိခဲ့၍အုပ်ချူပ်ရေးမှူး များက မကျေမနပ်ဖြစ်နေကြသဖြင့် ဒေသခံများက ပြန်လည်တောင်းပန်နေကြရသည်။

အခမ်းအနား အစီအစဉ်ကျင်းပသည့် ၂၇ ရက်နေ့တွင် လွိုင်ကော်မြို့နယ် စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ စာရေးဆရာတဦးက “လူမှုရေး ၀န်ကြီးဦးကိုးရယ်ကို ခွင့်ပြုမိန့် တောင်းခဲ့တယ်။ ကျနော်တို့ကိုကူညီပေး တာကျေးဇူးတင်တယ်။ ဒါပေမယ့် ကျနော်တို့ အဆင့်ကျော်သလိုဖြစ်သွားတဲ့အတွက်မြို့နယ်အုပ်ချုပ်ရေး မှူးတို့၊ ခရိုင်အုပ်ချူပ်ရေးမှူးတို့ကို တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးပါလို့ တောင်းဆိုပါတယ်” ဟုပြောကြား သွားသည်။

ပြည်သူလူထုများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးယိုယွင်းမှုအကြောင်းနှင့် ပတ်သက်ပြီး သိရှိနားလည် စေရန် ရည်ရွယ်ပြီး လွိုင်ကော်မြို့ တက္ကသိုလ်ကျောင်းသားအဖွဲ့များ ဖြစ်ကြသော မဇ္ဇျိမနှလုံးသားအဖွဲ့က မြို့နယ် စာပေ/စာနယ်ဇင်းအဖွဲ့နှင့် ပူးပေါင်းကာ လူငယ်များပီပီ စိတ်အားထက်သန်သည့်ဆန္ဒများဖြင့် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

ဟောပြောပွဲတွင် စာရေးဆရာမဂျူး၊ စာရေးဆရာကိုတာနှင့် ကာတွန်းဆရာ အော်ပီကျယ်တို့ကသဘာဝပတ် ၀န်း ကျင် အသိပညာပေး ဗဟုသုတများ၊ ရေကာတာဆောက်လုပ်ခြင်းကြောင့် နောက်ဆက်တွဲဖြစ်ပွားမည့် သတ္တဝါများ၏ ဆိုးကျိုးခံစားမှုများ ပြောကြားခဲ့ပြီးနောက် ကရင်နီပြည်နယ်တွင် တွေ့နေရသည့်အခြေအနေ များကို ဟောပြောခဲ့ကြသည်။
theinsinvisit
ကယားပြည်နယ် သစ်တောဦးစီးဌာနမှ နည်းပညာတက္ကသိုက်တွင် ကျင်းပပြုလုပ်သည့် ၂၀၁၁ ခုနှစ်ဒုတိယ အကြိမ် မိုးရာသီ သစ်ပင်စိုက်ပွဲတော်တွင် ပြည်နယ်လွှတ်တော် ဥက္ကဌနှင့် ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီး များ သစ်ပင်စိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှု့အားပေးနေစဉ်

ကာတွန်းဆရာ အော်ပီကျယ်က “ကျနောတို့ ချစ်လှစွာသော ကျွန်းတွေကို မိုးဗြဲမှာ အစုလိုက်အပြံုလိုက်တွေ့ လိုက်ရတယ်။ ဒါပေမယ့် သက်ရှိမဟုတ်တော့ဘူး သေနေတဲ့ ကျွန်းအလောင်းကောင်ပဲဖြစ်တယ်” ဟု ပြောသည်။

စာရေးဆရာမဂျူးက “ဘီလူးချောင်းက ကြည်လင်နေသလို တချို့နေရာတွေမှာ မကြည်လင်ဘူး။မြို့ထဲမှာ သစ်ပင်မရှိပေမယ့် မြို့အထွက်နားက မိုင်းလုံးက သစ်ပင်ကြီးတွေပြန်တွေ့ရတော့ ရင်ထဲမှာအေးမြကြည်နူး သွားတယ်” ဟု ပြောသည်။                

စာရေးဆရာကိုတာက “လွန်ခဲ့တဲ့ ၄၅ နှစ်ကတွေ့ခဲ့တဲ့ ကယားမြေနဲ့ တခြားစီပါပဲ။ အခုကတောင်တွေပြိုကုန်ပြီ၊ တောတောင်တွေလည်း ကုန်နေပြီ မနေ့ကလည်း အရမ်းပူတာပဲ”

နာမည်ကျော်စာရေး ဆရာ/မများ ဟောပြောပွဲသို့ ဖွင့်ပွဲ အခမ်းအနားအမှာစကား ပြောကြားပြီးသည့် အချိန် အတောအတွင်းထိ ၀န်ကြီးများက တက်ရောက်အားပေးခဲ့ကြပြီး စိတ်ဝင်စားတက်ရောက်အားပေး ခဲ့ကြသော ဒေသခံများမှာ ခန်းမဆောင်၏ အတွင်းအပြင်တွင် လူဦးရေ တထောင်ကျော်ခန့်ရှိသည်။