ကားခ မြင့်၍ စစ်တွေ တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၄၀၀ ခန့် ချီတက် ဆန္ဒပြ

ကားခ မြင့်၍ စစ်တွေ တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၄၀၀ ခန့် ချီတက် ဆန္ဒပြ
by -
ထွန်းထွန်း

ကျောင်းကားခ တိုးမြှင့်လိုက်သည့် အပေါ်မကျေ နပ်သော စစ်တွေ တက္ကသိုလ် ကျောင်းသား ၄၀၀ ခန့်သည် ယနေ့တွင် ကျောင်းမှ နေပြီး မြိုထဲ အရောက် ချီတက် ဆန္ဒပြခဲ့ကြကြောင်း သတင်း ရရှိသည်။

sittwe-uni-gateယနေ့ နေ့လည် ၁ နာရီတွင် လမ်းလျှောက် ချီတက် ဆန္ဒပြပွဲကို စတင်ခဲ့ပြီး စစ်တွေတက္ကသိုလ်မှ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထိ ချီတက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

လမ်းလျှောက် ချီတက် ဆန္ဒပြရာတွင် ကိုယ်တိုင်ပါ၀င်ခဲ့သူ ကျောင်းသူတဦးက နိရဥ္စရာကို ယခုကဲ့သို့ ပြောသည်။

" ဒီနေ့ ကျွန်မတို့ ကျောင်းကနေ ၁ နာရီက စထွက်ကြပါတယ်။ ကျောင်းသား စုစုပေါင်း ၄၀၀ ကျော်ပါ တယ်။ ကျောင်းကနေ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးအထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အဓိကတော့ ကျောင်းကားခ တိုးမြှင်တဲ့ အပေါ် မကျေနပ်တဲ့ အတွက် ချီတက် ဆန္ဒပြရတာ ဖြစ်ပါတယ်" ဟု သူမက ပြောသည်။

ချီတက်ရာ လမ်းတလျှောက်တွင် ရဲနှင့် ထောက်လှမ်းရေး အာဏာပိုင်များက ၀င်ရောက် နှောင့်ယှက် တားဆီးမူများ ရှိသော်လည်း ဖမ်းဆီး အရေးယူမူများ မရှိကြောင်း သိရသည်။ နောက်ပိုင်းတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် တက္ကသိုလ် ပါမောက္ခကိုယ်တိုင် ရောက်ရှိလာပြီး ကားခကို လျှော့ကောက်ရန်ကတိပြုခဲ့ကြ သည်ဟု သိရသည်။

" ကျွန်မတို့ ရုံးကို ရောက်တဲ့ အခါ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် တက္ကသိုလ် ပါမောက္ခကိုယ်တိုင်ရောက်လာ ပြီး ကားခကို နဂိုအတိုင်းဘဲ ကောက်ဖို့ ကတိပြုခဲ့ပါတယ်" ဟု သူမက ပြောသည်။

လမ်းလျှောက်ရာတွင် နှောင့်ယှက် ဟန့်တားမူများ ရှိခဲ့သည်ဟုလည်း သူမက ဆက်ပြောသည်။

" ကျွန်မတို့ကို လမ်းလျှောက် လာစဉ်မှာ တားဆီးတာတွေ နှောင့်ယှက်တာတွေတော့ ရှိတယ်။ ၂ နာရီ ခန့်မှာ ကျွန်မတို့ အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးရှေ့ရောက်ပါတယ်။ ၃ နာရီမှာတော့ ပြည်နယ် ၀န်ကြီးချုပ်အပါ အဝင် တာဝန်ရှိတဲ့ လူကြီးတွေနဲ့ ဆွေးနွေးမှုတွေ ဖြစ်တယ်။ ကားစျေး နှုန်း ၁၀၀ ထိ ပြန်ချပေးမယ်လို့ ပြောပါတယ်။"

ယနေ့လမ်းလျှောက်ဆန္ဒပြပွဲမှာ ညနေ ၄ နာရီကျော် မှာ အောင်စွာပြီးဆုံးခဲ့သည်ဟု သိရသည်။

Most read this week