ကျောက်ဖြူ အများပြည်သူပိုင် မြေကွက်များ ဗိုလ်ချုပ်ကြီးများ နာမည်ခံပြီး ဖေါ်ထုတ်ရောင်းစား

ကျောက်ဖြူ အများပြည်သူပိုင် မြေကွက်များ ဗိုလ်ချုပ်ကြီးများ နာမည်ခံပြီး ဖေါ်ထုတ်ရောင်းစား
by -
မောင်ရမ္မာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ပြည်သူများအသုံး ပြုသော မြေကွက်များ အပါအဝင် ပင်လယ် ကမ်းခြေရှိ နေရာကောင်းများကို စစ်ဗိုလ်ချုပ်ကြီးများ အမည်ခံ ဖေါ်ထုတ်ပြီး ရောင်းစားနေသည်ဟု သတင်း ရရှိသည်။

Kyauk-Pru-Air-Port

ဒေသခံ လူကြီးတစ်ဦးက ယခုကဲ့သို့ ပြောသည်။

ကျောက်ဖြူ လေယာဉ်ကွင်း ပတ်ပတ်လည်ရှိ မြေနေရာများအားလုံး စစ်ဗိုလ်ချုပ်များ လက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

" အခု ပင်လယ် ကမ်းခြေ တလျှောက် ယခင်က ဂေါက်ကွင်း၊ ကစားကွင်း၊ ပြည်သူတွေ အပန်းဖြေ အနားယူ နေတဲ့နေရာတွေကို ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်ကြီး လှမင်းက သူ့နာမည် ခံပြီးတော့ မြန်မာရွှေသရဖူ ကုမ္ပဏီ ( Myanmar Golden Crown ) ကုမ္ပဏီကို စပေါင် ဆာပေးပြီး လုပ်ကိုင်ခွင့် ပေးထားပါတယ်။ ကျောက်ဖြူမြို့နယ်မှာ လပ ၃၉ (လယ်ယာမြေပိုင်ဆိုင်မှု ဥပဒေ ၃၉) မရှိဘဲ ဘိုးစဉ်ဘောင်ဆက် ပြည်သူတွေ လုပ်ကိုင်စားသောက် နေကြတဲ့ မြေကွက်တွေ၊ ပြည်သူတွေ စုပေါင်း ပိုင်ဆိုင်ထားတဲ့ မြေကွက်လပ်တွေကို ဗိုလ်ချုပ်ကြီးတွေက လပ ၃၉ ဖေါက်ပြီးတော့ ပြန်လို့ ရောင်းစားနေပါတယ်။"

ယခုလက်ရှိ ဗိုလ်ချုပ်ကြီး လှမင်း နာမည်ခံထားသော မြေနေရာတွင် ဇူလိုင်လ ၁၅ ရက်နေ့က စပြီး MGC ခေါ် မြန်မာ ့ရွှေသရဖူ ကုမ္ပဏီက ပင်လယ်နှင့်ကားလမ်းကြားမှာ တည်ရှိသော မြေသားများကို တူးဖေါ်ပြီး မြေကွက် ဖေါ်ထုတ်ရေးအတွက် လုပ်ဆောင်နေပြီ ဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ မြေများကို တူးဖေါ် ယူနေသောကြာင့် ကားလမ်းများ ပြိုကျနို်င်သလို လေယဉ်ကွင်းပါပျက်စီးသွား နှိင် ကြောင်း အဆိုပါ ဒေသခံက ယခုကဲ့သို့ပြောသည်။

" ပင်လယ်ရေအောက်က မြေတွေ၊ သဲတွေကို ယူတာကတော့ သိပ်အရေးမကြီးပါဘူး။ အခု ပင်လယ်နားနီးတဲ့ ကုန်းပေါ်က မြေကြီးတွေကို ယူပစ်ရင် ရေအောက်က ဂလိုဏ်ဆွဲပြီးတော့ ကားလမ်းတွေ ပြိုကျသွားနိုင်တယ်။ ကားလမ်း ပြိုရင် လေယဉ်ပျံကွင်းဖက်ကိုပါ ပြိုကျသွားနိုင်တယ်။ ဘာဖြစ်လို့လဲ အခုလုပ်နေတဲ့နေရာက လေယဉ်ကွင်းရဲ့ ထိပ်တည့်တည့်နေရာ ဖြစ်ပါတယ်။"

ယခုအခါ ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေတလျှောက်ရှိ ပြည်သူများ ပိုင်ဆိုင်သော မြေကွက် လပ်များမှာ စစ်တပ် အရာရှိများလက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူက ယခုကဲ့သို့ ဆက် ပြောသည်။

" ကျောက်ဖြူမှာ ပင်လယ်ကမ်းတလျှောက်မှာရှိတဲဲ့ အများပြည်သူပိုင် မြေကွက် တခုမှ မရှိတော့ဘူး။အကုန် လုံးကို အာဏာရှိတဲ့သူတွေက သူတို့မိသားစုတွေနဲ့ နာမည် ဖေါက်ပြီး ယူသွားကြတယ်။ ကျွန်တော်ရမ်းဗြဲ ကျွန်းမှာ ဆိုလို့ရှိရင် ရမ်းဗြဲ၊ ဇင်ချောင်း၊ ကျောက်ဖြူ၊ မင်းပြင် အဲဒါတွေဟာ ပင်လယ် ကမ်းခြေ တွေ ဖြစ်ပါတယ်။ အခု အဲဒီ ကမ်းခြေတွေမှာ နိုင်ငံခြားက ၀ယ်ဖို့ကောင်းတဲ့နေရာတွေ၊ စီးပွားရေး လုပ်ကိုင်လို့ ရမယ့် အချက်အချာနေရာတွေ အကုန်လုံးကို ဗိုလ်ချုပ် တွေက ချက်ချင်း လပ ၃၉ ( လယ်ယာမြေ ပိုင်ဆိုင်မှု ဥပဒေ ၃၉) ဖေါက်ပြီးတော့ ဗိုလ်ချုပ်တွေရဲ့ ဇနီး မိသားစုတွေ နာမည်ခံပြီး သူတို့ပိုင် လုပ်ထားလိုက်ကြပြီ ဖြစ်ပါတယ်။"

ယခုအခါ ကျောက်ဖြူမြို့နယ်တွင် နေရာကောင်းများကို စစ်ဗိုလ်များက နာမည်ခံပြီး ပြန်လည်ရောင်းစားနေကြ သဖြင့် မြေကွက်စျေးမှာလည်း တဖြည်းဖြည်း မြင့်တက်လာရာ ကျောက်ဖြူမြို့ အနီး ပတ်ဝန်းကျင်တွင် ယခုအခါ အတော်အသင့် ကြီးသော မြေကွက် တကွက်စျေးနုန်းမှာ ကျပ်ငွေ သိန်း ၅၀၀ မှ ၁၀၀၀ ထိပေါက်စျေးရှိနေ သည်ဟု သိရသည်။

Most read this week