လမ်း တံတား ပျက်၍ ရန်ကုန် စစ်တွေ ကား အသွား အလာ ရပ်နေဆဲ

လမ်း တံတား ပျက်၍ ရန်ကုန် စစ်တွေ ကား အသွား အလာ ရပ်နေဆဲ
by -
စံလင်း

လွန်ခဲ့သော အပတ်က မိုးကြီး ရေမြုပ်ခဲ့သဖြင့် စစ်တွေ- ရန်ကုန် လမ်းပေါ်ရှိ တံတားများ၊လမ်း များ ကျိုးကျ ပျက်စီးသွားသဖြင့် စစ်တွေနှင့် ရန်ကုန် အကြား ကားအသွားအလာမှာယခု အချိန်ထိ ရပ်နေဆဲ ဖြစ်ကြောင်း သတင်းရရှိ သည်။

စစ်တွေ-ရန်ကုန် ကားလမ်း အခြေအနေကို မေးကြည့်ရာ ကင်းစတား ကားဂိတ်မှ တာဝန်ရှိသူ တဦးက ယခုကဲ့သို့ ပြောသည်။

Rangoon-Sittwe-highway-285" လမ်းတွေက တော်တော်လေးကို ပျက်စီးသွားတဲ့အတွက် အခုအချိန်တော့ သွားလာလို့ မရ သေးဘူး။ စစ်တွေ၊ ကျောက်တော်နဲ့ မြောက်ဦးမှာ ကားဂိတ်တွေ အကုန်လုံး ပိတ်ထားရတယ်။ ကားလမ်းတွေ ပျက်နေတဲ့ အတွက် အသွားအလာ ရပ်နေတာ ၆ ရက် ရ ရက်လောက်ရှိပြီ။ အမ်းမြို့နယ် ဒလချောင်း တံတား ဖောင်းဒေးရှင်း တိုင်တွေ ကျွတ်သွားတယ်လို့ သိရပါတယ်" ဟု ပြောသည်။

ပျက်စီးသွားသော တံတားမှာ အမ်းမြို့နယ်ရှိ ဒလက်ချောင်းကို ဖြတ်ထိုးထားသော ဂစုကိုင်း တံတား ဖြစ်ပြီး အရှည်ပေ ၈၀၀နှင့် ၉၀၀ အကြားရှိကြောင်း သိရသည်။

တခြားဒေသခံ တဦးကလည်း တံတားကျိုးပျက်၍ ကားအသွားအလာ လုပ်၍ မရဘဲ ဖြစ်နေကြောင်းကို ယခုကဲ့သို့ ပြောသည်။

" တံတားကို နေပြည်တော်က ဒုဝန်ကြီး တစ်ဦး လာကြည့်သွားပါတယ်။ တံတားက သံဗီလီ ကွန်ကရက် တံတား ဖြစ်ပါတယ်။ တံတား အလယ်က ကွန်ကရက်တိုင် ရေစီးနဲ့ ပါသွားတော့ ကားတွေ အသွားအလာ လုပ်လို့ မရ ဖြစ်နေပါတယ်။ အနည််းဆုံး နောက်ထပ် တစ်လ လောက် အချိန်လိုမယ်လို့ သိရပါတယ်။ အခုု အဲဒီချောင်းမှာ ဖေရီ (ဇက်) တခုချထားမယ်လို့လည်း ကြားရပါတယ်" ဟု ပြောသည်။

မိုးကြီးမူကြောင့် မြောက်ဦးနဲ့ မြောင်းဘွေ အကြား တံတားငယ်များ လည်း ပျက်စီးသွားခဲ့ပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ကမ်းနီ လမ်းများလည်း ပျက်စီးသွားကြောင်း သိရသည်။

အမ်းမြို့နယ်တွင်လည်း မိုးအပြတ် ရွာသွန်းပြီး ရေကြီးခဲ့ကြောင်းနှင့် လူနေရပ်ကွက်များ ရေနစ်မြုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

"အမ်းမှာလည်း ရေတော်တော်ကြီး ခဲ့ပါတယ်။ မြို့သစ်ကွက် အမှတ်- ၃၊ အမှတ်-၄၊ အမှတ်-၅၊ အောက်ရွာ၊ မြောင်းချောင်း၊ လုံးကောက်ကြီး၊ ဒိုင်ကြီးကျေးရွာနဲ့ လေယာဉ်ကွင်း ရပ်ကွက်ရှိ နေအိမ်အချို့ရေမြုပ်ခဲ့ပါ တယ်။ ရေမြုပ်နေတဲ့အချိန်ကဆို တနေရာနဲ့တနေရာကို လှေနဲ့ပဲ သွားလို့ရတယ်။ ဘုန်းတော်ကြီးကျောင်း တွေ လည်း ရေမြုပ်ခဲ့တယ်။ ရေကြီးလို့ ဒုက္ခရောက်သူ အကုန်လုံးကို ကယ်ဆယ်ရေးအဖြစ်ရေ လွတ်တဲ့ စာသင်ကျောင်းတွေကို ပြောင်းရွှေ့ထားခဲ့ရတယ်" ဟု ပြောသည်။

အမ်းမြို့နယ် ဒလက်ချောင်းရေလျှံခဲ့ပြီး ရေစီးပြင်းထန်သဖြင့် တံတား အလယ် ကွန်ကရက်တိုင်မှာ ရေထဲ မျောပါသွားခဲ့ခြင်း ဖြစ်ကြောင်းသူက ပြောကြားသည်။

မိုးရေကြီးမှုကြောင့် လမ်းတံတားများ ပျက်စီးသွားသဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများရပ်ဆိိုင်းသွား သဖြင့် မြို့နယ်တိုင်းလိုလိုတွင် ကုန်စျေးနုန်းများ မြင့်တက်နေကြောင်း သိရသည်။

Most read this week